Sunday, June 3, 2007

ဘေလာ့ဂ္ဂါမ်ား တတိယအကြိမ်စည်းဝေးကြခြင်း

လသာ ၁၉ လမ်း၊ အိုကေဘီယာဆိုင် အပေါ်ထပ်။

ကျွန်တော်တံခါးကို တွန်းဖွင့်ပြီးဝင်လိုက်တော့ ဟောင်ကောင်အက်ရှင်ကားတွေထဲကလို ဆေးလိပ်မီးခိုးများ၊ ရယ်သံများက ဆီးကြိုနေသည်။ မီးခိုးများထဲ ပြူးပြီးသားမျက်လုံးများနှင့် ပြူးပြဲရှာလိုက်တော့ … တွေ့ပါပြီ။ ကျွန်တော်တို့၏ ဘလော့ဂ်ဂါများ။ မျက်နှာတစ်ဝက်လောက်က နဖူးဖြင့်ပြည့်နေသော (ကို)နေဘုန်းလတ်၊ မျက်လုံးများပိတ်အောင် ရယ်နေသော (ကို)စိုးဇေယျ၊ မျက်လုံးမှေးများကို မနည်းဖွင့်ထားသော (ကို)ဘလာဂေါက် … အဲ … ကျောပေးထားတာ ဘယ်သူပါလိမ့်။ အော်… ဘယ်သူများလဲလို့ … ယပ်တောင် ၂ ချောင်း ခေါင်းမှာကပ်ထားသလို ကားသောနားရွက်များပိုင်ရှင် (ကို) တက် တက် တက် တက်စလာကြီးပဲ။ ကျွန်တော့်ကိုတွေ့တော့ သွားကြဲကြီးများပေါ်အောင် မလှမပပြုံးရင်း နှုတ်ဆက်ပါတယ်။ ဘီယာတစ်ဂျားနဲ့ ၈ ပက်တစ်ပြား ထက်ပိုင်းကျိုးနေပြီဖြစ်တဲ့ဝိုင်းကို မနည်းမီအောင်လိုက်ရတယ်။ အဲဒီမှာ နည်းနည်းစပြီး စိုပြည်လာတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး စိတ်ထားကောင်းကြပါတယ်။ ကိုရန်အောင်ပိုက်ဆံ ၆ သောင်းကုန်မှာစိုးလို့ သတ်သတ်လွတ် အမြည်းတွေပဲစားကြပါတယ်။ ( ၃ သောင်းခွဲပဲ ကုန်တယ်ကိုရန်ရေ)

ပြောရဦးမယ်ဗျို့။ ဘယ်သူရှိမလဲ ... မျက်မှန်ကြီးနဲ့ တက်စလာပေါ့။ တိုက်ဂါးက ဘီယာမယ်လေး အိမ်သာထဲဝင်သွားတာကို အတင်းလိုက်ဝင်တယ်လေ။ မူးလို့တော့မဟုတ်ဘူးဗျို့။ မူးခြင်ထောင်ထောင်ပြီး ဝင်သွားတာများ နားရွက်ကားကားကြီးတွေကို နီလို့။ သူက အကြံသမားဗျ။ စထိုင်ဟေ့ ဆိုကတည်းက အိမ်သာကို မျက်နှာမူပြီး ထိုင်တာ။ သူလည်း အိမ်သာထဲလိုက်ဝင်ရော ဟိုက အပြေးတပိုင်းနဲ့ ပြေးထွက်လာရတာပေါ့။ ကိုတက်ကြီးလည်း ချက်ချင်းပြန်ထွက်လာတယ်။ သူ့အကြံဦးသွားတယ်ဆိုပြီး ကိုနေဘုန်းလတ်က လိုက်ဝင်သေးတာ။ ဘာမှမတွေ့လို့ ပုပ်သိုးပြီးပြန်ထွက်လာတယ်။ အဲဒီ မျက်မှန်နှစ်ယောက်ကတော့ မလွယ်ကြောင်းပဲ။ (ခင်ဗျားတို့ ကျွန်တော်နဲ့ နောက်ဆိုလိုက်သောက်ဦးမလား)

ကျွန်တော်တို့ အဖွဲ့စုစုစည်းစည်းနဲ့ စည်ကားနေတုန်း ဘောင်းဘီလက်ရှည်ကြီး ဒူးခေါင်းနားအထိပင့်ပြီး မိုးရွာကြီးထဲ ဟိုဆိုင်ဝင် ဒီဆိုင်ထွက် လိုက်ရှာနေတဲ့ ရောင်ရင်းတစ်ယောက်လည်း ရှိသေးတယ်။ သူ့မှာ သောက်ချင်လွန်းလို့မှ အာတွေစေးလို့။ အစက ကျော်ကျော်မှာ သောက်မယ်ဆိုပြီး ဆိုင်ပြောင်းသွားတော့ သူ့ကိုလှမ်းမပြောမိလို့လေ။ ၁၉ လမ်းနဲ့ ၂၉ လမ်းများမှားလားဆိုပြီး ၂၉ လမ်းသွားရှာ၊ ဟုတ်သေးပါဘူး ပန်းဆိုးတန်းက “ကျော်” လားဆိုပြီးလည်း သွားရှာသေးရဲ့။ မတွေ့တော့တင်းပြီးပြန်သွားတာ။ ဖုံးဆက်တာမြန်လို့ ရောက်လာတာ။ သူကတော့ ကျွန်တော်တို့ရဲ့ စာမျက်နှာတွေပေါ်က ပုန်းရှောင်နေသူ ကိုညီလင်းဆက်ပါပဲဗျာ။ သူ့ကိုလည်း မှီအောင်မြန်မြန်လိုက်ခိုင်းရတယ်။ Level မညီရင် စကားပြောလို့ မကောင်းဘူးလေ။ မှီတယ်ဗျို့။ အဲဒီအချိန်မှာ ကိုဂေါက်တို့ကတော့ တော်တော်ကောင်းနေပြီလေ။ ထုံးစံအတိုင်း ... ဘဲလေးတွေကောင်းလာရင် ကောင်မလေး အကြောင်းတွေပေါ့ဗျာ။ (ဟဲ..ဟဲ ... သိချင်ရင် မေးလ်ပို့ပြီးမေးပါ ... ကိုနေဘုန်းလတ်က .. ဘယ်သူ့ကို ... ကိုညီလင်းဆက်က ... ထားဝယ်က ကောင်မလေးဆိုလား ... ဘာဘာညာညာပေါ့လေ) ကိုဂေါက်တော့ သူ့ကိုယောက္ခမ နိုင်တဲ့အကြောင်းတွေ ရင်ဖွင့်ပါလေရော။ ကိုစိုးဇေယျကတော့ ခေါင်းတောင်မမော့တော့ဘူးဗျ။ ကျွန်တော်တို့ရဲ့ ခွက်တိုက်ဆုတောင်းစကားကတော့ ကျွန်တော်တက်ထားတဲ့အထဲက “ဆော်ကြည် အကြွေးကျေ တော်တော်နဲ့မသေ အလုပ်မလုပ်ပဲ ချမ်းသာပါစေ ” ဆိုတာပဲပေါ့ဗျာ။ ကိုညီလင်းဆက်က တွေးတွေးဆဆနဲ့ ပြောသေးတယ် - အလုပ်မလုပ်ပဲ ချမ်းသာရင် ကောင်းမယ်ဗျာ ဆိုပဲ။

အခုလို ဘီယာသောက်နေပေမယ့် စာအုပ်အတွက် ဆုံးဖြတ်ချက်တွေလည်းချလိုက်ပါတယ်။ သဘောတူ မတူကို မဲမပေးတော့ပါဘူး။ ဒါအတည်ပါပဲ။ ဗီတိုအာဏာပဲ။ ကဲ ... ဆုံးဖြတ်ချက်တွေ ကိုကြည့်ပါဦး။

(၁) စာအုပ်ကို စက္ကူပေါ်တွင်ပုံနှိပ်မည်။
(၂) စာလုံးများသည် ဗမာစာဖြစ်ရမည်။ အနက်ရောင်မှင်နှင့် ဝိုင်းအောင်ရေးထားရမည်။
(၃) စာအုပ်သည် လေးထောင့်ဖြစ်ရမည်။
(၄) စာအုပ်သည် ဂျာနယ်ကဲ့သို့မဟုတ်ဘဲ ချူပ်ထားရမည်။

ဒါကို မည်သူမှ ငြင်းခွင့်မရှိကြောင်း တစ်ခါတည်း ဆုံးဖြတ်လိုက်ပါတယ်။

မိုးလည်း ချုပ်ရော၊ ငွေလည်းကုန်၊ လူလည်းမူးနေတာနဲ့ ပြန်မယ်လုပ်ကြပါတယ်။ အဲဒီမှာ ပြဿနာက စတော့တာပါပဲ။ ကိုဘလာဂေါက်က ညောင်းလို့တဲ့ ... ဘယ်သွားမယ်ဆိုလား။ ကိုစိုးဇေယျကလည်း မပြန်သေးဘူးတဲ့။ ကိုဘလာဂေါက်ပူတာနဲ့ ကိုညီလင်းဆက်လည်း ၂၁ လမ်းကို ပြောင်းပြန်မောင်းပါလေရော။ နောက်ဆုံးတော့ ကိုဂေါက်ကို ကိုစိုးဇေယျအိမ်မှာ ချထားပြီး ကိုညီလင်းဆက်က ကျွန်တော်နဲ့ ကိုနေဘုန်းလတ်ကို ပြန်ပို့ပါတယ်။ (ကိုယ့်ဟာကိုယ်မှ မပြန်နိုင်တော့ဘဲ။ ကျွန်တော်လည်း ခြေလှမ်းမမှန်တော့ဘူး။ ကိုနေဘုန်းလတ်ကလည်း ဖုံးဆက်လိုက်ရမလား ဆိုတာချည်းပဲ) လမ်းရောက်တော့ ကိုတက်စလာက စပြန်ရော။ ရေချိန်မကိုက်သေးလို့ နည်းနည်းထပ်ချဦးမယ်တဲ့လေ။ ကိုညီလင်းဆက်က သူနဲ့လိုက်ခဲ့ - ထပ်သွားမယ်လို့ ဖိတ်ခေါ်တော့မှ လျှာသပ်ပြီးငြိမ်သွားတော့တယ်။ ကျွန်တော်တို့ နှစ်ယောက်ဆင်းသွားတော့ ကိုတက်စလာလည်း ကိုညီလင်းဆက်နဲ့ ပြန်ပါသွားတာ... ဘာတွေဖြစ်ကုန်လဲမသိတော့ကြောင်း...

(သူငယ်ချင်းအပေါင်း ပျော်စေကြောင်း ရေးထားတာပါ။ သာစေနာစေ စိတ်နဲ့ရေးထားတာမဟုတ်ဘဲ တချို့ဟာတွေက အပိုဆာဒါးတွေထည့်ထားတာပါ။ ၉၉.၉၉% ကတော့ အမှန်တွေနော်။ ကိုယ်ရေးတာဆိုတော့ ကိုယ့်အကြောင်းကို ဖွထားတာပေါ့ဗျာ။ အမှတ်တရပါ)

12 comments:

စိုးဇေယျထွန်း said...

ဟေးလူ ခင်ဗျားနဲ့ ကိုနေဘုန်းလတ ကို ကင်ပွန်းတပ်ပွဲ လေးလုပ်သေးတယ်လယ် အဲဒါ ထည့်မရေးဘူးလား

နိုင်းနိုင်းစနေ said...

မောင်ပွတ်ကတော့ ဘလော့ပေါ်ထိ ထက်ဖွတာကို...ဟား..ဟား
တက်စလာကြီးက တကယ်မူးလို့ ၀င်တာလား..မူးချင်ဟန်ဆောင်ပြီး
ဝင်တာလား မသိဘူးနော်..း) ဘိုလိုမှုတ်သေးလားစ် မောင်ပွတ်ခ်ျ

pandora said...

ကောင်းလိုက်တဲ့ Meeting Minutes..

NayPhoneLatt said...

ဘာပြန်ပြောရမှန်းတောင်မသိတော့ပါဘူး မောင်ပွတ်ရယ် ...။

Anonymous said...

ဘလော့ဂ်ဂါများ အစည်းအဝေးလား.. ဘလော့ဂ်ဂါများ သောက်ပွဲလား.. =)

Tesla said...

အော်.. ဦးသူဆော် လောကကြီးကို.. ဒီလိုမှန်းသိ နာအရင်ရေးလိုက်ပါတယ်.. ယခုရေးတဲ့အထဲတွင် ဆင်ဆာဖြတ်ထားသည့် ကိုနေဖုန်းလတ် စိုးဇိယျ မောင်ပွတ်နှင့် ဘလာမောက်တို့ အကြောင်းကို သိလိုပါက အီးမေးပို့ပြီး မေးနိုင်ပါတယ်.. ပိုပိုသာသာ ပြောရန် အသင့်ပါ.. ( အနျူညေနအ.ါာငေူ.ခသာ )

Thet Htoo@Myat Lone said...

ကိုအိုအေစစ်ရေ။ မီတင် မလာမိတာ နာသဗျာ.. ဟဲ ဟဲ နောက်တာနော်.. အနော် နေမကောင်းဘူး..

မျက်လုံး

Chan Mya Soe said...

မီတင်က မိုက်တယ်ဗျို့ ဒါမျိုးမီတင် မတက်လိုက်ရတာ နာတယ်ဗျာ :D

Thant Thura said...

Hay man,
You should call me next time,
i am not good at blogging but u know, i can drink a lot for sure. Don't miss me next time.

Anonymous said...

ဒီဘလောဂါ့မီတင်က ကောင်းလှချည်လားး)

sisain said...

မောင်ပွတ်- ကျုပ် မသိလိုက်ဘူးဗျာ - နာသကွ

Unknown said...

ဆော်ကြည် အကြွေးကျေ တော်တော်နဲ့မသေ အလုပ်မလုပ်ပဲ ချမ်းသာပါစေ။ အရမ်းကို ပျော်ဖို့ကောင်းမယ့် ပွဲလေးတစ်ပွဲဖြစ်မှန်း သိသာပါတယ်။ စင်္ကာပူကနေ မှန်းပြီးသောက် ကြည့်လိုက်တာနဲ့တောင် မူးပြီးပျော်လာပြီ။