Saturday, June 30, 2007

Blog Times First Issue နှင့် ရှင်းလင်းချက်

ဘလာဂေါက်နှင့် Mr.Pooh တို့ အားပြုထုတ်ဝေသော မဟုတ်မမှန်သတင်းများနှင့် အတင်းအဖျင်းများပါဝင်သော Blog Times သတင်းစာ အမှတ် ၁ ကို ဖြန့်ချီလိုက်ပြီဖြစ်သည်။ အဆိုပါ သတင်းစာတွင် သူငယ်ချင်းအပေါင်း ပျော်စေရန်၊ ရွှင်မြူးစေရန် ရည်ရွယ်၍သာ အပျော်သဘော ဖေါ်ပြထားခြင်းဖြစ်ပြီး မည်သူ့ကိုမှ နစ်နာစေရန် မရွယ်ရွယ်ကြောင်း ရှင်းပြတောင်းပန်လိုက်ပါသည်။ Personal များ ပါဝင်သွားပါကလည်း မရည်ရွယ်ပါကြောင်း အသိပေးလိုပါသည်။ ယခုသတင်းစာမှာ နမူနာသဘော ထုတ်ဝေလိုက်ခြင်းလည်း ဖြစ်ပြီး နောက်အပတ်များတွင် မည်သည့်သူငယ်ချင်းမဆို သတင်းများ၊ အကြောင်းအရာများ၊ ဓါတ်ပုံများ ပေးပို့နိုင်ပါသည်။ စာမျက်ခွက်ကိုလည်း ယခု ၄ မျက်နှာအစား အားပေးမှုကို မူတည်၍ တိုးချဲ့မည်ဖြစ်ပါသည်။ ယခုအပတ် သတင်းစာကို စာမျက်နှာ အပေါ်ဆုံးတွင် PDF Download ဖြင့် ရယူနိုင်ပါသည်။ အားပေးမှုကို အထူးကျေးဇူးတင်ပါသည်။

6 comments:

Anonymous said...

ဟားဟား မောင်ပွတ် နဲ့ မောင်ဂေါက်တို့ လက်စွမ်းကတော့ အံ့မခန်းပါပဲ ။ မော်ဒယ်ဘွန်းကလည်း အပီအပြင် ပဲအပြည့်နဲ့ပါလား ။ ခေါင်းကြီးပိုင်းကပုံမှာ နားကြီး ကားထွက်နေသလားလို့ အဟတ် အဟတ် ။

ဂျီရိပ်အောက်ခိုနေတဲ့ စပိုင်ဂျစ်တူးမှ ဆက်ပြီး အင်တိုက် အားတိုက် အားပေးပါတယ် ။ အဟားး)

နိုင်းနိုင်းစနေ said...

အဲ...အဲ... မောင်ပွတ်နဲ့ မောင်ဂေါက်...
အလှဆုံးပုံလေးကို စီဘောက်မှာ ထည့်လိုက်တာ မြင်လိုက်သလား...
ဟီး..ဟီး...တော်သေးတယ်။ မမြင်ဘူးထင်နေတာ.. ဟား..ဟား...
ရီရတယ်ဟေ့.. ဗြဲ......... အပတ်စဉ်ဖတ်ဖို့ ကြိုတင် ဘွတ်ကင်လုပ်လိုက်တယ်။
ဘလော့တိုင်ရာရောက်ပို့ပေးပါ... ပို့ဆောင်ခ ဘီယာ တစ်ဖာ :)

လူတွေကို ရီရအောင် လုပ်ပေးတဲ့ ဂေါက်ပွတ်ရေ... ကျေးဇူး အထူး...း)

Yan said...

ဆွဲချသြွးတယ် အ၀ဖတ်သွားတယ်. ဆက်ရေးပါဂျိုပ...
အနော်တော့ ရေချိုးမလို့ လုပ်တုန်း.
ဟတ်ဟတ်ဟတ်

neoLwin said...

မိုက်တယ်ဗျာ... ၄မျက်နှာထဲ ဖတ်ရတာ အားမရဘူး။ နောက်တစ်တွဲကို ရှည်ရှည်ထုတ်ပါဗျို့...

(P.S စာမျက်ခွက်ကို ကြော်ငြာကွယ်နေပါသည်။ ကျေးဇူးပြု၍ ဖယ်ရှားပေးစေလိုပါသည်။)

hnin said...

သူများတွေမှာ ဖတ်ပြီးလို့ ၀ါးလုံးကွဲအောင်ရယ်နေရတယ်။ သိုးလေး ဘာမှဖတ်လို့ရဘူး။ download လုပ်တာ ရတယ်။ ဖွင့်လိုက်ရင် wordpad မှာ ဘာစာလုံးတွေပေါ်မှန်းကို မသိဘူး။ ဘာ font ပဲ ပြောင်းပြောင်း ဘာမှ မမြင်ရဘူး။ အဲဒါ ကူညီပါဦါ်။

ပေါက်ပေါက်ဆုပ် said...

အရမ်းကောင်းတဲ့ blog time ပဲဗျို့ နောက်လဲလာအားပေးအုံးမယ်