Tuesday, June 26, 2007

တတိယအကြိမ် အစည်းအဝေး

ကိုဇင်ကိုလတ်နဲ့ ဘလော့ဂ်ဖော် ဘလော့ဂ်ဖက် သူငယ်ချင်းများ ခင်ဗျား … ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစည်းအဝေးလေးက မြင့်မားတဲ့ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ အချင်းချင်း စချင်နောက်ချင်နေကြတာနဲ့ပဲ ဒုတိယပိုင်းကို ဦးစားပေး ဖေါ်ပြသလို ဖြစ်သွားတယ်ဗျာ။ အခု ကျွန်တော်တို့ အစည်းအဝေးရလဒ်လေးကို ကိုနေဘုန်းလတ်ဘလော့ဂ်နဲ့ အစည်းအဝေးမှတ်တမ်းလေးတွေ ကိုးကားပြီး ကျွန်တော်ပြန်တင်ပြပေးပါဦးမယ်။

အားလုံးသိတဲ့အတိုင်း ဒီအစည်းအဝေးကို တစ်ပတ်ကြိုပြီးကြေငြာပါတယ်။ အလုပ်ရှိတဲ့လူတွေနဲ့ ညှိလို့ရအောင်၊ အဆင်မပြေရင် ရက်ရွှေ့ရအောင်ပေါ့ … အဓိပ္ပါယ်ကတော့ လူမစုံ စုံအောင်လုပ်ချင်လို့ပါပဲ။ ဒါကြောင့် အခုအစည်းအဝေးကို ၁၄ ယောက်တက်ရောက်နိုင်ခဲ့ပါတယ်။ ရန်ကုန်မှာလုပ်တဲ့ အစည်းအဝေး သုံးခုလုံးကို တက်ရောက်သူတွေအဖြစ် ကျွန်တော်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ နဲ့ ကိုညီလင်းဆက်တို့ ပါဝင်ခဲ့ပြီး မျက်နှာသစ်တွေအဖြစ် ကိုဖိုးကျား၊ ကိုသန့်ဇော်မင်း၊ ကိုဖြိုး အစရှိတဲ့ Blogger တွေလည်း စုံစုံလင်လင်လာကြပါတယ်။ စာလုံးပေါင်းတွေ စစ်ပေးဖို့ပြောထားတဲ့ မမေဓါဝီလည်း ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ စာမူတွေဖတ်ပေးနေတဲ့ ၁၅ ယောက်အနက်က ရန်ကုန်အခြေစိုက် ၆ ယောက်တက်ရောက်ခဲ့ပြီး မဘာညာနဲ့ ကိုတက်စလာတို့ မလာနိုင်ကြပါဘူး။ ( အသေးစိတ်ကြည့်ရန် ကိုနေဘုန်းလတ်ဆီသို့ )


၁ နာရီစမယ်လို့ ကြေငြာထားပေမယ့် လူစုံအောင်စောင့်ရင်း ၁ နာရီ ၄၀ လောက်မှ စဖြစ်ပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေကို ကြိုတင်တိုင်ပင်လိုက်တော့ အစည်းအရုံးဖွဲ့ဖို့ ကိစ္စအပါအဝင် ဆယ်ခု ရပါတယ်။ အချိန်ကိုလေးစားသောအားဖြင့် ခပ်မြန်မြန်လေး ဆွေးနွေးလို့ရအောင် အဲဒီခေါင်းစဉ်တွေကို Print Out လုပ်ပြီး Paper-Base နဲ့ ပေါင်းပြီး ဆွေးနွေးခဲ့ပါတယ်။ စာအုပ်မှာ ပါဝင်မယ့် ခေါင်းစဉ်နဲ့ အရေအတွက်ကို ဆုံးဖြတ်နိုင်အောင်လည်း ကိုနေဘုန်းလတ်တို့က MMBlogBook2 က Post တွေကို အသေအချာ Edit လုပ်ပြီး Print Out လုပ်လာပေးပါတယ်။ ဒါ့အပြင် ကိုကဒေါင်းပို့ထားတဲ့ ဆွေးနွေးဖွယ်ရာတွေကိုလည်း Print Out လုပ်ပြီး ဆွေးနွေးပေးကြပါတယ်။ ဆွေးနွေးစရာတွေကို ကျေနပ်စရာကောင်းတဲ့ အဖြေမရမချင်း ခေါင်းစဉ်မပြောင်းဘဲ ဆွေးနွေးခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်တွေကို ကိုနေဘုန်းလတ် တိတိကျကျရေးပြီးပြီ ဖြစ်လို့ ကျွန်တော်ထပ်မရေးတော့ပါဘူး။ ကိုကဒေါင်းပို့ထားတဲ့အချက်တွေက ကျွန်တော်တို့ ဆွေးနွေးတဲ့ ခေါင်းစဉ်တွေထဲမှာ ပါနေတာတွေလည်းရှိလို့ အဲဒီမှာပဲ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် သိချင်တာရှိသေးရင်လည်း ကျွန်တော့်ဆီကို စာပို့စုံစမ်းနိုင်ပါတယ်။

ယေဘုယျအနေနဲ့တော့ ရှေ့ဆက်လုပ်ဆောင်ရမယ့်ကိစ္စတွေကို ရန်ကုန်က သူငယ်ချင်းတွေပဲ တက်နိုင်သလောက် ဆက်လက်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေကိုလည်း အခုလို လူစုလူဝေးနဲ့ မဟုတ်တော့ဘဲ သက်ဆိုင်ရာ Sub-Group လေးတွေကပဲ တာဝန်ယူဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဥပမာ - မျက်နှာဖုံးကိစ္စကို ကိုဖြိုးနဲ့ ကိုစစ်အိမ်တို့က ကိုချမ်းမြစိုးကို ဆက်သွယ်လုပ်ဆောင်မှာ ဖြစ်ပြီး ကျန်တဲ့ သူငယ်ချင်းတွေက Force ပေးမှာ မဟုတ်ပါဘူး။ ဒီလိုပဲ စာလုံးပေါင်းနဲ့ Data အမှားအမှန်ကိစ္စကိုလည်း ကိုညီလင်းဆက်၊ ကိုစစ်အိမ်နဲ့ မမေဓါဝီတို့ပဲ ဆက်လက်လုပ်ဆောင်ကြတော့မှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ပြီးပြည့်စုံသွားတဲ့ အလုပ် % တွေကို သက်ဆိုင်ရာ Blog တွေနဲ့ Forum မှာ အချိန်နဲ့ အမျှ တင်ပြပေးသွားမှာဖြစ်လို့ ပြည်ပကသူငယ်ချင်းတွေနဲ့ တာဝန်တိတိကျကျမယူထားတဲ့ သူငယ်ချင်းတွေအနေနဲ့လည်း အခြေအနေတွေကို သိရှိခွင့်ရနေမှာ ဖြစ်ပါတယ်။ မိမိစဉ်းစားမိတဲ့ အကြံဥာဏ်တွေကိုလည်း အချိန်မရွေးပေးနိုင်ပါတယ်။

နောက်တစ်ကြိမ်အစည်းအဝေးကတော့ အနီးဆုံးအနေနဲ့ အစည်းအရုံးဖွဲ့ဖို့ Service + မှာ ကျင်းပဖို့ရှိနေပါတယ်။ စာအုပ်အတွက်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ် … အခုလို လူစုံတက်စုံကို စာအုပ်ပုံနှိပ်ပြီးမှ Promotion နဲ့ Seminar ကိစ္စ ထပ်မံ ချိန်းဆိုဖြစ်လောက်ပါတယ်။ သက်ဆိုင်ရာ Group လေးတွေကတော့ သူတို့အချင်းချင်း လိုအပ်သလို တွေ့ဆုံသွားပါလိမ့်မယ်။

အစည်းအဝေးလေးဖြစ်မြောက်ဖို့ တက်တက်ကြွကြွ ဝိုင်းဝန်းကူညီကြသူများ၊ တက်ရောက်ဆွေးနွေးပေးသူများ၊ အဝေးမှ ယုံကြည်စွာ လွှဲအပ်ခဲ့ကြသူများ အားလုံးကို Blogger များအားလုံးကိုယ်စား ကျွန်တော်ကပဲ အထူးကျေးဇူးတင်ကြောင်း ပြောပါရစေဗျာ။

6 comments:

Unknown said...

ကမောင်ပွတ်ကတော့လုပ်ပြီ။ ကျွန်တော်မျိုးနာမည်ကြီးနဲ့ကို ချတော့တာပဲ။ ကျွန်တော်ကိုယ်တိုင် ရန်ကုန်မှာရော စင်္ကာပူမှာပါ Meetingတွေ လုပ်ခဲ့တဲ့အတွက် Meetingတစ်ခုစီ တစ်ခုစီကနေ ရခဲ့တဲ့ အကျိုးအမြတ်တွေ ကောင်းကောင်းသိပါတယ်ဗျာ။ အဲဒီMeetingတွေကြောင့်ပဲ ဒီအခြေအနေထိ ရောက်လာတာဆိုရင်လည်း မှားမယ် မထင်ပါဘူး။ မနေ့တုန်းကတော့ နေဘုန်းလတ်ကိုနောက်ရင်း အဲဒါကို ရေးလိုက်တာပါ။ ကျွန်တော်မျိုးစိတ်ထဲမှာ ဘာမှ မထားပါဘူး။ အားလုံးတစ်လှေတည်းစီး တစ်ခရီးတည်းသွား တစ်ပုလင်းတည်း တူတူသောက်ပြီး၊ တစ်ဆိုင်လုံးစာ ပါးစပ်နဲ့ တူတူစွပ်ခဲ့ကြသူတွေပဲဗျာ။ ဘာပဲဖြစ်ဖြစ်အခုလို ထပ်ရေးပေးတော့လည်း ပြည့်ပြည့်စုံစုံသိရတာပေါ့။

ကိုဖြိုး said...

မောင်ပွတ်ဆိုတာ ဘယ်သူလဲကွ

နိုင်းနိုင်းစနေ said...

စိုးဇေယျ အ၀ဆုံးပဲ ဟီးဟီး..
မိုးလှိုင်ညက ချောင်မှာ ကုတ်နေတယ်..
မောင်ပွတ်ဆိုတာ ဆံပင်နီကြောင်ကြားနဲ့လားဟေ့...
ဒီဖက်လေးလုံးနဲ့ အစင်းကျားက အာလူးကြော်တစ်ချောင်းနဲ့
ရေတစ်ခွက် ပိုင်ရှင်ဖြစ်မယ်..
ကိုဖြိုး ဘယ်ထောင့်မှာ ၀င်ခွေနေတုန်း...

MELODYMAUNG said...

မောင်ပွတ်ရေ အတည်သတင်းရော ဟာသသတင်းရော ဖတ်ရတာကျေးဇူးတင်ပါတယ်

Ka Daung Nyin Thar said...

ကိုဇင်ကိုလတ်ကြီး ဘာများ ဖွလိုက်လို့တုန်း။ ဆရာပွတ်.. ချသာချဗျာ..

ကိုဖြိုး said...

အမလေး ၉၉ ရယ် ခွေရအောင် ကျွန်တော်က မြွေမှ မဟုတ်တာ ..