Monday, June 4, 2007

P.S (3)

ရပ်နားထားတာကြာပြီဖြစ်တဲ့ PS စာကြောင်းလေးတွေ ထုတ်နှုတ်ဖေါ်ပြချက်ကို ပြန်ဆက်လိုက်ရအောင်လား။ ဒါက အပိုင်း (၃) ရောက်သွားပြီနော်။

(၁၃)P.S
သားဖေဖေ ပြောဖူးတယ်။ ငွေကြေးဖောင်းပွမှုဟာ အရာရာကိုတော့ မပျက်စီးစေပါဘူးတဲ့။ ဆယ်ပြားစေ့ကို ဝက်အူလှည့်အပြားလို သုံးလို့ရနိုင်သေးတာပဲတဲ့လေ။
မင်းကိုချစ်တဲ့ … မေမေ

(၁၄)P.S
သူငယ်ချင်းဆိုတာ မင်းရဲ့အကြောင်းအားလုံးကို သိပြီးတဲ့နောက် ဘယ်လိုဖြစ်ဖြစ် မင်းကိုဆက်နှစ်သက်နေသေးတဲ့ သူတစ်ယောက်ပဲ။
မင်းကိုချစ်တဲ့ … မေမေ

(၁၅)P.S
တကယ်လို့များ သားရဲ့အိမ်ထောင်ရေးကို စစ်ဆေးတော့မယ်ဆိုရင် တယ်လီစကုပ်မှန်ပြောင်းကြီးကို ပြောင်းပြန်သာ ပြန်ကြည့်လိုက်ပါသား။
မင်းကိုချစ်တဲ့ … မေမေ


(၁၆)P.S
ကြည့်မလှဘူးဆိုတဲ့ ပြုံးအလှပိုင်ရှင်ကိုဖြင့် မေမေ တခါမှမမြင်မိပါဘူးကွယ်။
မင်းကိုချစ်တဲ့ … မေမေ


(၁၇)P.S
ဒီတပတ်တော့ မေမေ စကားမပြောခင် အရင်စဉ်းစားဖို့ကြိုးစားတယ်။ အပြုသဘောနဲ့ ကြင်ကြင်နာနာ ပြောရင်ပြော၊ ဒါမှမဟုတ်ရင် အရှင်းမပြောဘဲသာ နေလိုက်ဖို့ပေါ့။ ဝန်ကြီးချုပ် ဝန်စတန် ချာချီကပြောဖူးတယ် … “ စကားလုံးဆိုးဆိုးတွေကို မပြောဘဲမြိုချလိုက်ရုံနဲ့ ဘယ်သူမှအစာအိမ် ထိခိုက်မှာ မဟုတ်ပါဘူး ” တဲ့လေ။
မင်းကိုချစ်တဲ့ … မေမေ


(၁၈)P.S
ဘုရားသခင်တည်းသာလျှင် မည်သူ့ကိုမဆို နှိမ့်ချသတ်မှတ်နိုင်တဲ့ နေရာမျိုးမှာ ရှိပါတယ်။
မင်းကိုချစ်တဲ့ … မေမေ


(၁၉)P.S
ပျော်ရွှင်စေရမယ်လို့ ဘယ်သူမှ အာမခံချက်ရမထားပါဘူး။ ဘဝဟာ လူတစ်ဦးချင်းအတွက် အချိန်နဲ့နေရာကိုပဲ ပေးထားတာပါ။ ပျော်ရွှင်မှုတွေနဲ့ ဖြည့်ဖို့ရာ တို့တွေပေါ်မှာပဲ မူတည်ပါတယ်။
မင်းကိုချစ်တဲ့ … မေမေ


(၂၀)P.S
သားရဲ့ကိုးကွယ်ရာဟာ ဘာလဲဆိုရင် ဘုန်းတော်ကြီး တရားမဟောတော့တဲ့ အချိန်မှာ သားဘာလုပ်နေလဲ ဆိုတာပါပဲ။
မင်းကိုချစ်တဲ့ … မေမေ





1 comment:

နိုင်းနိုင်းစနေ said...

အရမ်းကြိုက်တယ် မောင်ပွတ်.. မျှဝေတဲ့အတွက် ကျေးဇူးပါ..
“စကားလုံးဆိုးဆိုးတွေကို မပြောဘဲမြိုချလိုက်ရုံနဲ့ ဘယ်သူမှ
အစာအိမ် ထိခိုက်မှာ မဟုတ်ပါဘူး” ဒီစာသားကို အသေကြိုက်တယ်း)