Friday, June 15, 2007

ဒီလိုဆိုရင်ကြိုက်ကြမလား

အောက်ကပုံလေးကတော့ အချိန်အားလေး နည်းနည်းရလို့ Blog Book အတွက် လက်တည့်စမ်းထားတဲ့ မျက်နှာဖုံးပုံလေးပါ။ ကိုညီလင်းဆက်က နောက်ကျောဖုံးနဲ့ အနှောင့်ပိတ်လိုတယ်ပြောလို့ ဆွဲတုန်းကတော့ အဲဒီအတွက် ဆွဲတာပါပဲ။ လုပ်ရင်း လုပ်ရင်းနဲ့ မျက်နှာဖုံး ဖြစ်သွားတာပါ။ အဲဒီလို ထူးချွန်ပါတယ်။ အောက်မှာ မျက်နှာဖုံး ရှင်းလင်းချက်လေး ဆက်ရေးထားပါတယ်။ အဲဒါလေးတော့ ဖတ်သွားပါဦးနော်။ ပုံကို Click လုပ်ပြီး Actual View နဲ့ကြည့်ရင် ပိုအဆင်ပြေပါတယ်။



ပထမဆုံး ပြောချင်တာက ကျွန်တော့် ဒီဇိုင်းပုံကနေ ဘာမှ အတည်မယူပါနဲ့။ ကျွန်တော်က Just Sample ဆွဲပေးတာပါ။ အပြာ နောက်ခံနေရာမှာ အခြားရောင်ဖြစ်ဖြစ်၊ ပုံဖြစ်ဖြစ်ထည့်လည်းရပါတယ်။

ညာဘက် အပေါ်ထောင့်က “ မြန်မာ Blogger များ၏ စုပေါင်းစီစဉ်မှု (၁) ” ဆိုတဲ့ နေရာမှာလည်း စိတ်ကြိုက်စာသား ပြောင်းလို့ရပါတယ်။ ကျွန်တော့် ပုံစံအတွက် အဲဒီနေရာမှာ ရေးရင် သင့်တော်မယ်ထင်လို့ပါ။

အလယ်က အဝိုင်းလေး ၂ ခုချိတ်ထားတာကတော့ စုစည်းတဲ့သဘော၊ ပူးပေါင်းလုပ်ဆောင်တဲ့ သဘောပေါ့ဗျာ။ Link ရှိတယ်ပေါ့။ အရောင်ကတော့ ကျွန်တော်တို့ အသုံးများတဲ့ Blogspot Logo ကယူလိုက်တာပါ။ သူ့နေရာမှာ ကျွန်တော်တို့ ဗမာ Blogger တွေကို ကိုယ်စားပြုမယ့် Logo တစ်ခုလောက်ဆို ပိုကောင်းမယ် ထင်ပါတယ်။

သူ့အောက်မှာတော့ စာအုပ်နာမည်ထည့်ပါတယ်။ အောက်ဆုံးကတော့ Blog ရေးလို့ရတဲ့၊ ဗမာတွေသုံးတဲ့ Website တွေ၊ Supplier တွေရဲ့ Logo တွေ တန်းစီထည့်ပါမယ်။ အခုတော့ နမူနာ ၂ မျိုးပဲ ထည့်ပေးလိုက်ပါတယ်။

စာမျက်နှာ တစ်ခုလုံးရဲ့ အနောက်မှာ Blogger တွေရဲ့ Web Link တွေကို မှိန်မှိန်လေးခံ ပေးထားပါသေးတယ်။ ဒါကတော့ Screen Shot တွေထည့်မယ့်အစား ထည့်ကြည့်ထားတာပါ။

ဘယ်ဘက်က ဒေါင်လိုက်ရေးထားတဲ့ လိပ်စာကတော့ Online မှာ ဗမာတွေ ဝင်ဆန့်လာတဲ့ သဘောနဲ့ အင်္ဂလိပ်လိုပဲ အမြဲရေးရတဲ့ Domain Name ကို ဗမာလို ရေးထားတာပါ။

ကျွန်တော့် Sample လေးက ဘယ်နေရာ၊ ဘယ် Font ၊ ဘယ်အရောင်၊ ဘယ်ပုံကို မဆိုပြောင်းလဲပြင်ဆင်ပြီး သုံးမယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ အချိန်ယူနေရတဲ့ ကိစ္စတစ်ခု ပြီးသွားမှာ ဖြစ်လို့ပါ။ တခြားလက်တည့်စမ်းနေဆဲ တစ်ပုံကျန်ပါသေးတယ်။ အာရုံမနောက်ဘူးဆိုရင်ဖြင့် မကြာခင် ထပ်တင်ပေးပါဦးမယ်။ စာမရေးဖြစ်တာနဲ့ ပုံထိုင်ဆွဲနေမိတယ်ဗျာ ...

4 comments:

Yan said...

ကိုမောင်ပွတ်ရေ..
ဒီဇိုင်းကို ကောင်းကောင်းလေးအချောသတ်ပေးပြီး ပြန်တင်ပေးနိုင်မလား.
ကျွန်တော်ခု ဒီဇိုင်းလေးတွေကို လိုက်စုနေလို့ပါ. ကျွန်တော့်ဘလော့ဂ်ပေါ်မှာ လောလောဆယ် ကိုညီလင်းဆက်၊ ကိုချမ်းမြစိုး၊ ကိုဖြိုးတို့ရဲ့ ဒီဇိုင်းလေးတွေ တင်ထားပြီးပါပြီ. ကိုမောင်ပွတ်ရဲ့ ဒီဇိုင်းက ready ပဲဆိုရင် ဆွဲသွားမလို့ သဘောထားလာမေးတာပါ. အမြန်ဆုံးအကြောင်းပြန်ပေးပါခင်ဗျာ…

ရန်အောင်

MELODYMAUNG said...

ဘယ်ဘက်က ဒေါင်လိုက်ရေးထားတဲ့ လိပ်စာကတော့ Online မှာ ဗမာတွေ ဝင်ဆန့်လာတဲ့ သဘောနဲ့ အင်္ဂလိပ်လိုပဲ အမြဲရေးရတဲ့ Domain Name ကို ဗမာလို ရေးထားတာပါ..ဆိုပြီး အဲဒါလုံးဝ မိုက်တယ်ကွာ
ဒီဇိုင်းလဲ မဆိုးပါဘူးဟာ

ညီညီ(သံလွင်) said...

မောင်ပွတ်ရေ.. ဒီဇိုင်းလေးက မိုက်တယ်ကွ.. အောက်ကနေ လင့်ခ်တွေကို ရေးရေးလေးပေးထားတာ ကြိုက်တယ်။ ကွင်းလေး နှစ်ခုကတော့ နည်းနည်းလက်ရာကြမ်းနေသလားလို့ .. အိုင်ဒီယာလေးကောင်းတယ်..

ကိုဖြိုး said...

မိုက်မိုက်မိုက် ကြိုက်ကြိုက်ကြိုက် ... လုပ်လိုက်ကြ လုပ်လိုက်ကြဟေ့ ...