Thursday, May 24, 2007

Icon of Milano

ဥရောပဘောလုံးရာသီကား ပြည်ဖုံးကားချ တခန်းရပ်လိုက်ပြန်ပြီဖြစ်သည်။ နောက်ဆုံးကပြခဲ့သည့် ဇာတ်ဝင်ခန်းကတော့ Champion League ဟု လူသိများလှသော ဥရောပချန်ပီယံကလပ်များ၏ ဗိုလ်တကာ့ဘုရင်ရွေးပွဲပင် ဖြစ်သည်။ နောက်ဆုံး ချန်ပီယံကတော့ အေစီမီလန်ပင်ဖြစ်သည်။ အေစီမီလန် ... Milano ဟု သူတို့ခေါ်သည့် မီလန်မြို့ကြီးသားများ၏ ဂုဏ်ထူးဆောင်အသင်းကြီး ... Old Trafford မှာ ခြောက်လှန့်ခဲ့သည့် သရဲနီတွေကို ဆန်စီရိုကွင်းကြီးထဲတွင် ကျွတ်တမ်းဝင်စေခဲ့သည်။ အခုတဖန် ကြိုးကြာနီတွေကို အတောင်ကျိုးစေပြန်ပြီ ... သူတို့မှာ အင်္ဂလိပ်နိုင်ဆေးများ ရှိလေသလား ထင်စရာပင်။


ကျွန်တော် တစ်ဦးတည်းဆန္ဒမှာ အေစီကို ဗိုလ်စွဲစေချင်သည်။ လီဗာပူးကို မုန်း၍မဟုတ်။ အေစီကို ချစ်၍လည်းမဟုတ်။ ပေါ်လိုမယ်လ်ဒီနီ ဟုခေါ်သော ဆီဇာမယ်လ်ဒီနီ၏ သားကြီး၊ အနီအနက်စင်း မီလန်သားတို့၏ အသင်းခေါင်းဆောင်၊ ဂန္တဝင်နောက်တန်းကစားသမားကြီး၏ နောက်ဆုံးရာသီ၊ နောက်ဆုံးပွဲ၊ နောက်ဆုံးဖလား ... ဒီဖလား၊ ဒီဆုတံဆိပ်သည် သူနှင့်ထိုက်တန်လွန်းလှသည်။ နှစ်တစ်ရာကျော်သက်တမ်းရှိသော ဒီ အေစီမီလန်အသင်းကြီးသည် ချန်ပီယံလိဂ်တွင် ၇ ကြိမ်သာဗိုလ်စွဲဖူးသည်။ ၇ ကြိမ်တွင် ၅ ကြိမ်ကို မယ်လ်ဒီနီပါဝင်ခွင့်ရခဲ့သည်။ ဒီဖလားပေါ်တွင် သူ့နာမည် ၅ ခါရေးထိုးခဲ့ပြီ။ ဆယ်စုနှစ်များစွာ တည်တန့်နေဦးမည့် စံချိန်သစ်ဖြစ်သည်။ သူ့ကစားဖေါ် ကလဲရင့်ဆီဒေါ့ဖ်က ကလပ်အသင်း ၄ သင်းနှင့် ဒီဖလားကို ၅ ကြိမ်ရခဲ့ပြီ။ ကျွန်တော် လေးစားအားကျသော အားကစားသမားတွေထဲမှ ထိပ်ဆုံးနေရာတွင်ရှိသော မယ်လ်ဒီနီ၏ ပြိုင်ဘက်ကင်းသော Profile ကို ရှာဖွေတင်ပြပေးလိုက်ပါသည်။ (ခဏလေး စောင့်ပါ။ ရေးနေဆဲ ဖြစ်ပါသည်)

4 comments:

pandora said...

ဟေ့ရောင် မောင်ပွတ် မန်ယူပြီးရင် နာ ဒုတိယ အားပေးတာ လစ်ဗာပူကွ.. မီလန်ကို မိုင်လိုလုပ်ပြီး ရှေ့နှစ်မှ သောက်ပစ်လိုက်မယ်.. ၀ူးထွားထွား။

sisain said...

ချီးယားစ် မီလန်နို- ချီးယားစ် မောင်ပွတ်
ဒီတစ်ခါ အကြိုက်ချင်းတူတယ်ဗျ-

Unknown said...

ကိုမောင်ပွတ်ရေ ခဏစောင့်ပါ၊ ရေးနေတယ်ဆိုလို့  စောင့်နေတာ သုံးရက်လောက်ရှိပြီနော်။

ကလိုစေးထူး said...

ရှားရှားပါးပါး ဘောလုံးအကြောင်းရေးတဲ့ပို့စ်ကို အခုမှ ဖတ်ဖူးတော့တယ်ဗျို့။ ကျနော်ကတော့ ချဲလ်ဆီးအားပေးသူဆိုတော့ ချဲလ်ဆီးကို တီးသွားတဲ့ လီဗာပူကို သိပ်မကြည်တာနဲ့ အေစီမီလန်ကို အားပေးလိုက်တယ်။ :D