Wednesday, May 30, 2007

ခွဲနိုင်ကြပါစေ

ကမ္ဘာသုံးငွေကြေးလို့ သတ်မှတ်ထားတဲ့ အမေရိကန်ဒေါ်လာပိုက်ဆံထဲက တန်ဖိုးအများဆုံး ၁၀၀ တန် ဒေါ်လာတစ်ရွက်ကို ဘယ်လိုများ အတုအစစ်ခွဲခြားပါလိမ့်။ သူ့နည်းနဲ့သူတော့ ရှိပါတယ်။ အဲဒါလေးကို ဖေါ်ပြပေးလိုက်ပါတယ်။ အောက်က ဒေါ်လာ တစ်ရာတန်က ကျွန်တော်တူလေး ကစားနေတဲ့ တစ်ရာတန်အုပ်ထဲ တစ်ရွက်ကို Scan လုပ်ပြီးတင်ပေးထားတာပါ။ နည်းနည်းတော့နွမ်းနေပြီပေါ့ဗျာ။


(၁) အားကောင်းတဲ့မှန်ဘီလူး (နာရီပြင်တဲ့သူတွေ မျက်လုံးမှာ ကပ်ကြည့်တဲ့ဟာမျိုးတဲ့) နဲ့သေချာကြည့်ပါ။ 100 ဆိုတဲ့ စာအတွင်းမှာ USA 100 စာလုံးလေးများ အပြည့်ဖြည့်သွင်းထားပါတယ်။

(၂) ညာဘက်အောက်ထောင့်က ဘိုလို 100 ကို နှစ်ရောင်ပြေးမှင်နဲ့ ပုံနှိပ်ထားလို့ တည့်တည့်ကြည့်ရင် အစိမ်း၊ နည်းနည်းလေးစောင်းကြည့်ရင် အနက်ဆိုပဲ။

(၃) အဲဒီမှာ ခဲကြိုးတစ်ချောင်းကို ဒေါင်လိုက်မြှုပ်ထားပြီး မှန်ဘီလူးနဲ့ကြည့်ရင် USA100 ဆိုတဲ့ စာလုံးလေးတွေ အတည့်တလှည့် ဇောက်ထိုးတစ်လှည့် မြင်နိုင်ပါတယ်တဲ့။

(၄) ညာဘက်ခြမ်းက အလယ်လောက်မှာ သမ္မတပုံ ရေစာရုပ်လေးပါပါတယ်။

(၅) ခုနက မှန်ဘီလူးလေးကို မျက်လုံးက မချွတ်သေးဘဲ သေချာကြည့်ပါဦး။ သမ္မတနာမည်က K နဲ့ L ကြား အပေါ်တစောင်းကပ်လျက်မှာ THE UNITED STATES OF AMERICA ဆိုတဲ့ စာတန်း ရေးထားပါတယ်တဲ့။

(၆) စက္ကူအဖြူသား တစ်နေရာမှာ အိုင်အိုဒင်းအရည်စွတ်ထားတဲ့ တုတ်ကလေးနဲ့ ခြစ်ကြည့်ရင် အဝါရောင်အစင်းဖြစ်သွားပြီး သာမန်စက္ကူဖြူမှာတော့ အမဲစင်းဖြစ်မှာပါ။

ဒါတွေကတော့ ခေါင်းကြီးလို့ ခေါ်ကြတဲ့ ပုံစံအသစ်ဖြစ်ပြီး ခေါင်းသေးမှာတော့ ဒီအချက်တွေအားလုံးသိသာမှာ မဟုတ်ပါဘူးလို့ ဆိုထားကြောင်းပါခင်ဗျား။

P.S မချောရေ - ဒီပို့စ်လေး ခုမှရေးဖြစ်တယ်။ ကျွန်တော်တို့တင်မယ့် Helper Blog မှာလည်း ပြန်တင်ကြတာပေါ့။ ကျေးဇူးပါခင်ဗျာ။

2 comments:

A Blog Amateur said...

Thanks, Mr. Pooh

Unknown said...

i wanna to give some more facts, but i don't know how to upload.pls tell to me.