Tuesday, May 29, 2007

သစ္စာ

မိန်းကလေးတိုင်းကို
မချစ်တတ်ပါဘူး။

ဒါပေမယ့်လေ...
ရှင်းလက်တဲ့ မျက်ဝန်းလေးတွေ
သွေးကြောစိမ်းနဲ့ ပါးပြင်လေးတွေ
ဆိုးဆေးမဲ့တဲ့ လက်သည်းဝိုင်းတွေ
အပြစ်ကင်းတဲ့ အပြုံးလဲ့တွေ
ထည်ဝါလွန်းတဲ့ ခြေလှမ်းတွေနဲ့
ကြည်လွင်လှိုက်လှဲတဲ့ ရယ်သံတွေကို
ရင်ဆိုင်မိတဲ့အခါ...

ရင်နှင့်ရင်း၍ သစ္စာဆိုပါသည်
“သူမ” ကို
အသက်တမျှ ချစ်မိပါသည်။

( “ သူမ ” ဆိုသည်မှာ ကျွန်တော်၏ ခြူသစ်ခေါ် ချစ်သူဖြစ်ပါ၏။ ကိုညီ၏ သူမနှင့်မရောထွေးစေလိုပေ။ ဤကား စကားချပ်။ )

4 comments:

နိုင်းနိုင်းစနေ said...

မဒမ်ပွတ် ကံကောင်းတယ်..
မောင်ပွတ်လို့ ခြူတစ်လေးရတား)

Anonymous said...

ဟိုက်ရှားပါး.. ဒီကဗျာလေး တယ်ကောင်း ။ ခုလို ချစ်သူကို သိပ်ချစ်တတ်တဲ့ မောင်ပွတ်လေး ချစ်သူနဲ့ အိုအောင် မင်းအောင် ပေါင်းနိုင်ပါစေကွယ်း)

Anonymous said...

ဒီကဗျာလေး ကြိုက်တယ်
ချစ်သူကိုဖွဲ့ထားတာလေး လှတယ်

မိုးချစ်သူ

Chaos said...

အပါး
ကောင်မလေးကိုတော်တော်ချစ်ဟုတ်
ခြူသစ်ဆိုတဲ့ စာလုံးလေးကို
အပီကြွေသွားတယ်ရှင့်