Saturday, September 27, 2008

F1 လှိုင်းလုံးထဲက ကျွန်တော်

ခုတလော စင်္ကာပူကျွန်းကို ရိုက်ခတ်နေတဲ့ ပြင်းထန်တဲ့ လှိုင်းလုံးကြီးကတော့ ဒီနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပနေတဲ့ ဖော်မြူလာဝမ်းခေါ် ကမ္ဘာ့အကြီးကျယ်ဆုံး၊ တန်ဖိုးအများဆုံး၊ လူစိတ်အဝင်စားဆုံး ပြိုင်ကားမောင်းပြိုင်ပွဲ သတင်းလှိုင်းလုံးကြီးပဲ ဖြစ်ပါတယ်။ ဘယ်သူတွေပြိုင်မယ်၊ ဘယ်ကားတွေ၊ ဘယ်အသင်းတွေပါမယ်၊ လမ်ကြောင်းတွေကဘယ်လို၊ ကုန်ကျငွေဘယ်လောက်၊ နောက်ဆုံးသတင်းနဲ့ ရလဒ်တွေ စတဲ့အကြောင်းအရာတွေပဲ သတင်းစာနဲ့ တီဗွီတွေမှာ လွှမ်းမိုးနေပါတယ်။ ကားတွေ ဘယ်သူအရင်ပန်းဝင်လဲ ပြိုင်မောင်းကြတယ်ဆိုတာကလွဲရင် ဘာမှဗဟုသုတမရှိတဲ့ ကျွန်တော်လည်း သူတို့နဲ့ ရောယောင်ပြီး ဟိုဟာသွားကြည့်၊ ဒီဟာသွားနားထောင်နဲ့ နည်းနည်းတောင် စိတ်ဝင်စားလာမိတယ်။ အောက်ကပုံလေးတွေကတော့ F1 ကားတွေကို မြို့ထဲက လူစည်ရာနေရာမှာ ပြထားတုန်း ရိုက်ထားတာတွေပါ။ ကျွန်တော့်မျက်နှာနဲ့ဆို စီးပွားရေးအတွက် အသုံးပြုနေကြမှာစိုးလို့ မမီကို အကူအညီတောင်းပြီး ဦးထုပ်လေးတွေ ဆောင်းထားလိုက်ရပါကြောင်း ...






အကူအညီပေးတဲ့ မမီ ကို အထူးကျေးဇူးတင်ပါကြောင်း

9 comments:

Unknown said...

Feel good......

MELODYMAUNG said...

ဦးထုပ်လေးတွေနဲ့မို့ စီးပွားရေးအတွက် အသုံးမပြုတော့ဘူးတဲ့ ဒါပေသိ ဦးထုပ်ကြော်ငြာရိုက်ဖို့ လှမ်းကမ်းလှမ်းခံရရင်တော့ နာ့ကို ကော်ကော်တိုက်ကမယ်တွ :P
ဘိုင်ဒဝေး ဦးထုပ်နဲ့မို့လားမသိဘူး တော်တော် ရုပ်ဖြောင့်သလိုပဲ အဟိဟိ (မမြင်ရလို့လေ)

Than Yaw Zin said...

ခုရက်ပိုင်း တော်တော်ချောလာတာဘဲ..မျက်နှာမမြင်ရလို့

thonn thonn said...

တော်သေးတာပေါ့။ ဦးထုပ်ကယ်လိုက်လို့ သရဲအခြောက်မခံရတာ။ :P

KPZ said...

ဓါတ်ပုံတွေမှာ စက်ရုပ်လိုလို ဦးထုပ်နဲ့လူ မပါရင် ပိုပြီးလှမယ် ထင်တယ်နော်.. ဟိဟိ စတာ စိတ်ဆိုးနဲ့

ညီအကိုများ said...

ရိုဘိုကော့...ရိုဘိုကော့... :D
နောက်တာ....

နားကို အူနေတာပါပဲ ဗျာ..ကိုပွတ်ရေ....
ဒီနေ့ ရောက်ခဲ့တယ်ဗျ... ပင်နီဆူးလားကို... :P

ကိုနေ

ZawZaw said...

အမယ်မယ်- မောင်ပွတ်၊ ဦးထုတ်ဆောင်းထားလဲ ဘယ်သူလဲဆိုတာ လက်တွေက သက်သေပြနေတယ်။ ဖဲတွေအရမ်းပွတ်ထားလို့ မင်းလက်တွေက သိသာပါတယ်။ မတွေ့တာတောင်ကြာပါပေါ့လား မောင်ပွတ်ရယ်။ ကော်နက်ရှင်ရယ် ရက်စက်လိုက်တာ အက် အက်

MrDBA said...

ပါဝါရီမ်းဂျား များလားလို့ :P

SuN said...

နင် အဲ့သလောက် ပေါနေတုန်းပဲလို့  ငါမထင်ခဲ့ဘူး သူငယ်ချင်း.. အေးပေါ့လေ .. ငယ်ငယ် နှပ်ချီးတွဲလောင်းထဲက အကျင့်လေးတွေ ပါတုန်းပဲကိုး...

:P