Monday, January 7, 2008

Blogger တို့ရဲ့ ၂၀၀၇

မကြာခင်ကပဲ ဖြတ်ကျော်ကုန်ဆုံးသွားခဲ့တဲ့ ၂၀၀၇ ကို ကျွန်တော်ကတော့ Myanmar Blog Year လို့ မြင်မိပါတယ်။ ရှေးဦးမဆွကတည်းက အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ Blog ရေးနေကြသူတွေရှိနေကြပေမယ့် ဒီ ၂၀၀၇ မှာ ထူးထူးခြားခြားကိုပဲ များပြားပေါ်ထွက်လာတာကို သတိထားမိပါတယ်။ Weekly Eleven ဂျာနယ်ရဲ့ ခန့်မှန်းချက်အရ ဗမာ Blog ၂၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ Blog ၂၀၀၀ ကျော်ဆိုပေမယ့် Blogger ကတော့ ၂၀၀၀ ကျော် မဖြစ်နိုင်ဘဲ အချို့က Blog လေးငါးခု ပိုင်ဆိုင်ကြပါတယ်။

Blog တွေဟာ လွယ်ကူစွာဖန်တီးနိုင်ခြင်း၊ ကုန်ကျစရိတ်မရှိခြင်း၊ စိတ်တိုင်းကျ လွတ်လပ်စွာ ရေးသားနိုင်ခြင်း၊ နည်းပညာအခြေခံများစွာ မလိုအပ်ခြင်းတို့ကြောင့် အရေးများလာကြတာဖြစ်ပြီး ဗမာလိုရေးလို့ ရလာတာကလည်း အဓိက အကြောင်းအရင်းပဲဖြစ်ပါတယ်။ အခုလက်ရှိ Update ဖြစ်နေတဲ့ Blog အများစုဟာ ၂၀၀၇ နှစ်ဆန်းမှာ စတင်ခဲ့ကြတာကို တွေ့ရပါတယ်။ ဘယ်သူဟာ ပထမဆုံး ဗမာ Blogger ဖြစ်တယ်ဆိုတာ မသိပေမယ့် အခြားပတ်ဝန်းကျင်တွေလိုပဲ အရင်ရေးသူက Senior သဘောမျိုးဖြစ်ပြီး နောက်ရေးလာတဲ့ မျက်နှာသစ် Blogger တွေကို နည်းပညာကအစ ကူညီကြလို့လည်း အခုလို မြန်မြန်ဆန်ဆန် ပြန့်ပွားလာတာ ဖြစ်နိုင်ပါတယ်။ Comment လို၊ Cbox လိုမျိုး အချင်းချင်း ဆက်သွယ်မှာကြားနိုင်တဲ့ Features လေးတွေကလည်း Blog တွေရဲ့ သဘာဝကို စိုပြည်စေပါတယ်။ အချို့ Blog တွေကတော့ သုံးလေးလရေးကြည့်ပြီး အချိန်မပေးနိုင်တော့ဘဲ နားသွားကြတာတွေရှိသလို အချို့ကလည်း အခုချိန်မှာ Blogger ရယ်လို့ ပြောလိုက်ရင် မျက်လုံးထဲ သူ့ကိုပဲ မြင်လောက်အောင် လူသိများ အောင်မြင်နေပြီဖြစ်ပါတယ်။ တစုံတရာသော ငွေကြေးမျှော်လင့်ချက်မရှိဘဲ ကျွန်တော်တို့ရဲ့ ခံစားချက်၊ အတွေ့အကြုံနဲ့ သတင်းတွေ ဖလှယ်နေတဲ့ ဒီ Blog တွေဟာ တကယ်ပဲ အပြစ်ကင်းလွန်းလှပါတယ်။

အခြား Online Community တွေဖြစ်တဲ့ Chat နဲ့ Forum တွေလိုပဲ ကျွန်တော်တို့ Blogger တွေဟာလည်း Online မှာသာမက အပြင်မှာ စုံတွေ့ရင်းနှီးခဲ့ကြပါတယ်။ Blog Post တွေကို စုစည်းပုံနှိပ်ထုတ်ဝေမယ့် စာအုပ်ကလေးတစ်အုပ် လုပ်ကြရင်ကောင်းမယ်ဆိုတဲ့ Idea နဲ့ အတူ ဗမာ Blogger တွေဟာ ရန်ကုန်မြို့မှာ ၂၀၀၇ ဧပရယ်လ ၁၈ ရက်မှာ စတင်စုံတွေ့ကြပါတယ်။ မန္တလေးနဲ့ ပြည်ပနိုင်ငံတွေမှာလည်း ရှိကောင်းရှိနိုင်ပေမယ့် အဲဒီအချိန်တုန်းကတော့ မကြားခဲ့မိသေးပါဘူး။ အဲဒီစာအုပ်ကိစ္စက အစပြုပြီး Blogger တွေဟာ စာရေးရုံသာမက၊ လူမှုရေးနဲ့ ဘာသာရေးတွေကို လက်တွဲလုပ်ဆောင်လာကြပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာတော့ MBS လို့ခေါ်တဲ့ မြန်မာ Blogger အသင်းကြီးကိုပွဲထုတ်ပြီး ခမ်းနားတဲ့ Seminar တစ်ခုကို ရန်ကုန်မြို့ MICT Park (info-tech) မှာ World Blog Day အထိမ်းအမှတ်နဲ့ ကျင်းပနိုင်ခဲ့ပြီး အောင်မြင်မှုတွေ အထူးပဲ ရရှိခဲ့ပါတယ်။ အောင်မြင်မှုဆိုတာ ငွေကြေးအမြတ်အစွန်းမဟုတ်ဘဲ လူထုအကြား Blog တွေပြန့်နှံ့လာမှု၊ Blogger အချင်းချင်း ရိုင်းပင်းကူညီတတ်လာမှု စတာတွေပဲဖြစ်ပါတယ်။ အဲဒီ seminar မတိုင်ခင်က ရှိတဲ့ Blog အရေအတွက်နဲ့ seminar အပြီးအရေအတွက်ဟာ နီးနီးစပ်စပ်တောင် တူညီနေနိုင်ပါတယ်။ ဒီလူတွေအားလုံးပါဝင်တဲ့ MBS ဆိုတဲ့အဖွဲ့ရယ်လို့ ဖြစ်လာအောင်လည်း ကြိုးပမ်းနေကြပြီဖြစ်ပါတယ်။ ရုပ်မြင်သံကြား၊ ပြည်တွင်းပြည်ပ ရေဒီယိုတွေနဲ့ စာနယ်ဇင်းမီဒီယာ အမျိုးမျိုးကလည်း Blog တွေအကြောင်း အသားပေးဖေါ်ပြလာတာ၊ အင်တာဗျူး လုပ်လာတာမျိုးတွေ ရှိလာပါတယ်။ နောက်ထပ် Blog တွေကို လူသိစေတဲ့ အချက်ကတော့ စက်တင်ဘာလမှာပဲ ဖြစ်ပွားခဲ့တဲ့ သံဃာများဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးသတင်းတွေဟာ Blog တွေကနေ တဆင့်ဖြတ်သန်း စီးဆင်းသွားကြလို့ပဲဖြစ်ပါတယ်။

တကယ်တော့ Blog တွေဟာ ရနံ့စုံတဲ့ ပန်းခင်းတစ်ခုနဲ့တူပါတယ်။ အားလုံးကို စာဖတ်သူတွေ ကြိုက်ချင်မှတော့ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာလည်း သူ့ကြိုးစားမှုနဲ့ ကိုယ်ပိုင်အသွေးအရောင် ရှိပါတယ်။ သူ့စာဖတ်ချင်တဲ့လူက သူ့ Blog ကိုသွားရပါမယ်။ မကြိုက်ရင် မသွားရုံသာမက ဝေဖန်လို့လည်း ရပါတယ်။ နိုင်ငံရေးစကားနဲ့ဆို ဒီမိုကရေစီ ဆန်ပါတယ်။ လွတ်လပ်စွာ ရေးသားပါ။ ဝေဖန်ပါ။ ဒါကြောင့်လည်း Blog တွေကို လူတွေ တစိုက်မတ်မတ် ဖတ်လာ၊ ရေးလာကြတာပါ။ ကျွန်တော်ကတော့ ၂၀၀၇ မှာ လှပခဲ့တဲ့ Blog ပန်းခင်းကြီးဟာ နောက်နောင်နှစ်များမှာလည်း ဒါထက်မလျော့တဲ့ စည်းလုံးမှုတွေနဲ့ လှပနေဦးမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ဗျာ။

6 comments:

NayPhoneLatt said...

Congratulation ပါ မောင်ပွတ်ရေ ...
အောင်မြင်အောင်လုပ်ရတာထက် ... အောင်မြင်မှုကို ထိန်းသိမ်းရတာက ပိုခက်တယ်တဲ့ ။
ရခဲ့ဖူးတဲ့အောင်မြင်မှုကို မပျောက်ပျက်သွားစေဖို့ကြိုးစားရင်း ... MBS ဆိုတဲ့ နာမည်ကို ၂၀၀၈ ရဲ့ စာမျက်နှာတွေမှာပါ လှလှပပကြီး ရေးထွင်း ကြစို့ကွာ ...

Anonymous said...

ဟုတ်တယ်.. ဗျို့...
လက်တွဲညီညီ.. ရှေ့သို့ချီစို့...
tzm

နိုင်းနိုင်းစနေ said...

“အုခ်ျ ”... အဲတာ အားကစားသမားတွေ အားတက်အောင်
ဂီသွင်းတာလေ..
ဘလော့ဂါတွေလဲ အားတက်အောင် ဂီတွင်းလိုက်တယ်..
အားလုံး “အုခ်ျ”

ကျေးဇူး မောင်ပွတ်း)

su wai said...

အကိုရေ … Blog တွေက ရနံ့စုံတဲ့ ပန်းခင်းတစ်ခုနဲ့ တူတယ်ဆိုတော့ ဘလော့ဂါတစ်ယောက်ချင်းစီက ပန်းပွင့်လေးတွေပေါ့နော် … တစ်ယောက်တစ်မျိုး မွှေးရနံ့လေးတွေ ကိုယ်စီနဲ့ … ။ ဒီပန်းခင်းကြီး နောက်နောင် နှစ်ပေါင်းများစွာအထိ အဖျက်ရန်ကင်းပြီး လှပဝေဆာနေဖို့အတွက်ကတော့ အားလုံး စည်းလုံးညီညွတ်ကြမှ ဖြစ်မှာနော် … ။

Anonymous said...

ပွတ်စ်ရေ--ဘယ်ဘလော့က-အစောဆု့းလဲသိချင်ရင်-ပွတ်စ်ရဲ့ဘလော့မှာပိုစ်တစ်ခုလောက်ရေးပြီးဘလော့ဂါတွေကိုကွန်မင့်မှာရေးခဲ့ဖို့တောင်းဆိုပါလား--အကြံပေးတာပါ--

Khin said...

congratulations