Wednesday, January 23, 2008

မေမေ့အတွက် ၂၄ နှစ်

လွန်ခဲ့တဲ့ ၂၄ နှစ်က အခုလိုပဲ အေးမြမြ ဇန်နဝါရီလ မနက်ခင်းတစ်ခုမှာ မိခင်တစ်ယောက်ဟာ ရန်ကုန်အလုပ်သမား ဆေးရုံကြီးရဲ့ ခွဲစိတ်ခန်းအတွင်းမှာ ရှိနေခဲ့ပါတယ်။ ဘုရားစာတွေ တတွတ်တွတ်ရွတ်နေရင်းကနေပဲ မေ့ဆေးအရှိန်ကြောင့် ခွဲစိတ်ကုတင်ပေါ်မှာ ခတ္တမျှ မေ့မြောသွားခဲ့ပါတယ်။ နောက်ထပ် တစ်နာရီသာသာမှာတော့ ခွဲစိတ်ဆရာဝန်ကြီးတွေဟာ မိခင်တစ်ယောက် ဆယ်လတာမျှ ဝမ်းနဲ့လွယ်လာရတဲ့ ရင်သွေးငယ်ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးလိုက်နိုင်ပါတယ်။

တစုံတရာရဲ့ အတွင်းမှာ ကျွန်တော် အချိန်အတော်ကြာ ပိတ်လှောင်မိနေရာကနေက အေးမြပြီး အသံတွေ ဆူညံနေတဲ့ နေရာတစ်ခုကို ရောက်သွားတယ်။ ပထမဆုံး ကျွန်တော် အသေအချာကြားလိုက်တာက “သားလေး” ဆိုတဲ့ အသံတစ်ခုပါ။ ကျွန်တော့် ကျေးဇူးရှင် မိခင်လို့ မသိခင်ကတည်းက ကျွန်တော်ချစ်လာရတဲ့ မေမေ့အသံပါပဲ။ အရပ် တစ်ပေကျော်ကျော်လေးပဲ ရှိတဲ့ ကျွန်တော့်ကို အဝတ်ဖြူဖြူလေးနဲ့ ထုပ်ပိုးပြီး မေမေ့ဘေးမှာ ထားပေးတယ်။ ကျွန်တော့် တကိုယ်လုံး မျက်နှာလေးပဲ မြင်ရပေမယ့် မေမေက မျက်ရည်တွေကျပြီး ကျွန်တော့်ဘက်ကို ငဲ့စောင်းကြည့်နေတယ်။ ဒါပေမယ့် မေမေပြုံးပြီး “သားလေး” လို့ တဖွဖွခေါ်နေတာကို ကျွန်တော်မှတ်မိနေသေးတယ်။ ဝမ်းဗိုက်ကို ခွဲစိတ်ထားလို့ ကျွန်တော့်ဘက် အပြည့်လှည့်မနေပေမယ့် မျက်လုံးတွေကတော့ ကျွန်တော့်ကိုပဲ အမြဲစိုက်ကြည့်နေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်မေမေ့ကို ချစ်တာက ကျွန်တော့်ကို အမြဲတမ်း ထွေးပွေ့ထားလို့ရယ်၊ ကျွန်တော်ဗိုက်ဆာတိုင်း မိခင်နို့ရည် တိုက်ကျွေးလို့ရယ်ပါ။ အလိုမကျတာရှိလို့ အော်ငိုတိုင်း မေမေက ချီပိုးပြီး ကျေနပ်အောင် ချော့သိပ်ခဲ့ပါတယ်။ ကျွန်တော်ကြက်ညှာချောင်းဆိုးဖြစ်တော့လည်း မေမေ့မှာ နားရတယ်ကို မရှိအောင် ကျွန်တော်အသက်ရှည်ဖို့ ပင်ပန်းခဲ့ပါတယ်။ အသက် ၆ နှစ်လောက်မှာ TB ဖြစ်တော့လည်း မေမေ့မှာ အသက်မရှူနိုင်လောက်အောင် စိတ်ပူပင်ပန်းခဲ့ရသလို ငွေကြေးအကုန်အကျလည်း များခဲ့ရပြန်ပါတယ်။ ကျောင်းနေအရွယ်ရောက်ပြန်တော့ ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံး မျက်နှာမငယ်ရအောင် ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ ရွေးချယ်အပ်နှံ ပညာသင်စေခဲ့ပါတယ်။ အဲဒီအချိန်တွေအများစုမှာ ဖေဖေက ပြည်ပရောက်နေခဲ့လို့ ကျွန်တော့်အားကိုးရာ၊ အရိပ်အာဝါသဟာ မေမေပဲဖြစ်ခဲ့ပါတယ်။

ကျွန်တော်မှတ်မိသေးတယ်။ ကျွန်တော်ကျောင်းနေတဲ့ အရွယ်မတိုင်ခင်တုန်းကဆို ညနေဘက် မေမေရုံးကပြန်လာတာကို အိမ်အဝင်ဝ လှေခါးလေးကနေ ထိုင်ထိုင်စောင့်နေဘူးတယ်။ မေမေက အချဉ်ရည်နဲ့ တို့စားရတဲ့ အားလူးပြုတ်လေးတွေ၊ ငါးမုန့်ကြော်တွေ၊ ဒါမှမဟုတ် ဆေးရောင်ခြယ်ရတဲ့ စာအုပ်လေးတွေ ဝယ်ဝယ်လာတတ်လို့လေ။ ဘာမှဝယ်မလာတဲ့နေ့ဆိုရင်လည်း ကျေနပ်အောင် ချော့မော့တတ်တယ်။ ခရစ္စမတ်နေ့ဆိုရင် ခြေအိတ်သေးသေးလေးတွေထဲမှာ ချောကလက်လေးတွေ၊ အရုပ်သေးသေးလေးတွေကို ထည့်ပြီး ကျွန်တော်တို့ ခုတင်ခြေရင်းမှာ၊ ဒါမှမဟုတ် လွယ်အိတ်လေးတွေထဲမှ ထည့်ထားပေးပြီး ခရစ္စမတ်ဘိုးဘိုးကြီး ပေးသွားတာဆိုပြီး လက်ဆောင်ပေးတတ်တယ်။ တချို့စနေ၊ တနင်္ဂနွေတွေမှာ အိမ်နားက ပန်းခြံတွေ၊ အမျိုးအိမ်တွေကိုလည်း အလည်အပတ်လိုက်ပို့တတ်သေးတယ်။

ကျွန်တော်တို့မှာ ညီအစ်ကို သုံးယောက်ရှိတယ်။ သုံးယောက်လုံးကို နှစ်ခြားပြီး ဇန်နဝါရီလမှာပဲ ဗိုက်ခွဲ မွေးခဲ့ကြတာဖြစ်တယ်။ မေမေ့ဗိုက်က ချုပ်ရိုးရာ သုံးကြောင်းက အောင်ပွဲရစစ်သူကြီး ခန္ဓာကိုယ်က အမာရွတ်တွေလို သားတွေအတွက် အသက်စွန့်ရဲတယ်ဆိုတာကို သက်သေပြနေပါတယ်။ ငယ်ငယ်ကတည်းက ကျွန်တော်တို့ သုံးယောက်မွေးနေ့တွေကို ကိုကြီးမွေးနေ့ဖြစ်တဲ့ လွတ်လပ်ရေးနေ့မှာ စုပြီးလုပ်ဖြစ်တယ်။ (ညီလေးက ၅ ၇က်နေ့လေ) သားသုံးယောက်ရဲ့ သူငယ်ချင်းတွေနဲ့ အမျိုးတွေအများကြီးအတွက် အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ စတာတွေကို မပင်မပန်း ဒိုင်ခံချက်ပြုတ်ကျွေးတတ်တယ်။ ကျွန်တော်တို့ လက်ဆောင်တွေကို အားပါးတရဖေါက်ကြည့်နေချိန်မှာတော့ မေမေက ဆေးပြီးသား ပန်းကန်ခွက်ယောက်တွေကို အဝတ်ခြောက်တစ်ခုနဲ့ သုတ်ရင်း ခပ်ပြုံးပြုံးလေး ကြည့်နေတတ်တယ်။ အဲဒီအချိန်ကတည်းက မွေးနေ့ဆိုရင် အမှတ်တရဖြစ်လာခဲ့တာ၊ တစ်ခုခု အထိမ်းအမှတ်လုပ်ချင်တာဟာ အခုဆို ၂၄ နှစ်တိုင်ခဲ့ပါပြီ။

အဲဒီ ၂၄ နှစ်အတွင်းမှာ ဒီနှစ်ကတော့ မေမေနဲ့တူတူရှိခွင့်မရတဲ့ ပထမဆုံးနှစ်ပဲဖြစ်ပါတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ အနွေးထွေးဆုံး မိဘတွေရင်ခွင်ကနေ ခွဲထွက်လာခဲ့တဲ့ ကျွန်တော်အတွက် မေမေ့ကို ဆိုးဆိုးရွားရွား သတိရနေမိတယ်။ အခုချိန်ဆို ကျွန်တော့်ဖို့ရည်မှန်းပြီး အာရုဏ်ဆွမ်းကပ်ပေးနေလောက်ပြီ။ ပြီးရင် ကျွန်တော်မရှိလည်း မွေးနေ့ဆို ရောက်လာတတ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက် ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကလိုပဲ မမောမပန်း ချက်ပြုတ်နေလိမ့်ဦးမယ်။ မွေးနေ့ရှင် ကျွန်တော်ကလွဲပြီး အားလုံးတက်ရောက်တဲ့ မွေးနေ့ပွဲလေးပေါ့လေ။


ကျွန်တော့်ကို လွန်ခဲ့တဲ့ ၂၄ နှစ်က အသက်နဲ့ရင်းပြီး မွေးထုတ်ပေးခဲ့တဲ့ မေမေ့ကို အထူးပဲ သတိရကန်တော့ရင်း ဒီစာကို ရေးပါတယ်။ ဒီမှာ ဘယ်လောက်ပဲ အထီးကျန်နေနေ၊ မပြည့်စုံမှုတွေများနေနေ၊ ဒါမှမဟုတ် သိပ်ပြည့်စုံနေသည့်တိုင်အောင် မေမေပေးတဲ့ အကြံဥာဏ်၊ အားပေးစကား၊ အစားအစာတွေနဲ့ ကျွန်တော့်နေ့ရက်တွေကို ရှေ့ဆက်နေရဆဲပါပဲ။ ဘယ်လောက်ဝေးတဲ့ နေရာဒေသမှာ၊ ဘယ်လိုကြည်နူးစရာတွေ၊ သူငယ်ချင်း၊ ချစ်သူတွေရှိနေနေ (ကမ္ဘာမြေကြီးလို့ ကျွန်တော် ချစ်စနိုးခေါ်တဲ့) မေမေ့ စောင့်ရှောက်မှု အရိပ်အာဝါသလောက် နွေးထွေးလုံခြုံမှုမရှိတာ ကိုယ်တွေ့သိလာခဲ့ပါပြီ။ မွေးနေ့မှာ လိုချင်တဲ့ ဆုတစ်ခုလောက် တောင်းပါဦးဆိုရင် … ကျွန်တော့်ကို ရန်ကုန်ပြန်မယ့် လေယာဉ်ပေါ်တင်ပေးကြစမ်းပါ။

18 comments:

demo said...

ံHappy Birthday "မောင်ပွတ်.. Pooh Pooh"..
ပျော်ရွှင်စရာမွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ..
ခြူကလေးနဲ့လည်း အမှန်ဆုံးနီးနိုင်ပါစေ..

မကြာခင်တက်လာမဲ့ ပို့စ်ကိုလာဖတ်အုံး..

ဒီမို

demo said...

အမြန်ဆုံး* နီးနိုင်ပါစေ.. Sorry for typing error..

Anyway, မုန့်ကျွေးဖို့သာပြင်ထား..

မျှားပြာ said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ ကိုပွတ်စ်ရေ ..။

Michael Sync said...

Happy B'day!! Pooh

Many Happy Returns Of The Day! :)

Pinkgold said...

Happy Birthday ပါ မောင်ပွတ်ရေ
ငါ့ထက် 4 ရက်ငယ်တဲ့ မောင်ငယ်လေး အမြဲ ပျော်ရွှင်နိုင်ပါစေ
Pooh ရုပ်လေးလို လူချစ်လူခင် များပါစေ
ခြူသစ်နဲ့လည်း မြန်မြန် ပေါင်းရပါစေ
အများအကျိုးကို ဆထက်တန်ဘိုး ဘယ်ပိုးနိုင်ပါစရှင်

ကလိုစေးထူး said...

ပျော်စရာ မွေးနေ့ဖြစ်ပါစေ ကိုပွတ်...။

စိုးထက် - Soe Htet ! said...

Happiest birthday bro Pooh ! CHEERS !

PeTi said...

Happy Birthday to you! May your wishes come true... :)

Chit Lay Pyay said...

Happy Birthday Mg Pooh!

မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ အသက်ရာကျော် ရှည် ပါစေသော် ၊ မေမေ ချစ်တဲ့ သားလိမ္မာလေး ဖြစ်ပါစေ၊

နေဘုန်းလတ် said...

မင်းအတွက် ပို့စ်တင်နေလို့ ဒီမှာလာပြီး wish လုပ်တာတောင်နောက်ကျသွားတယ် ... ငါ့မွေးနေ့မှာ အစောဆုံး wish လုပ်တဲ့ ကောင်လေး ...
ပျော်ရွှင်ပါစေကွာ ...

ဘာညာ said...

၁၁ ခုမြောက် ဆုတောင်းနဲ့အတူ မောင်ပွတ် ၁၁ မီးငြိမ်းပါစေ............ =))))

နိုင်းနိုင်းစနေ said...

မှတ်မိပါသေးတယ်...
ဟို ၂၀၀၇ နှစ်စပိုင်းတုန်းက ဘလော့ဂ်မှာလာလာပြီး
ကော်မန့်ပေးတဲ့လူ၊ နာမည်ကြီး ဘလော့ဂါတွေကြားမှာ
ကျွန်မနာမည်ကို ထည့်ပြီး မဲပေးခိုင်းတဲ့လူ၊ မဲမှာ ကျွန်မနာမည်
ကို မထည့်ဖို့ ကော်မန့်ဝင်ရေးရာတော့ (ဘာစကားပြောပြော
အသံထွက်မပီတဲ့အတွက်) Mr.Pooh ကနေ မောင်ပွတ်လို့ခေါ်မိတဲ့လူ၊
အဲဒီနှစ်ရဲ့ ဒီဇင်ဘာ ကျွန်မမွေးနေ့မှာ “အစ်မမွေးနေ့ကို ဘယ်လိုလုပ်
ပေးရင် ကောင်းမလဲ” လို့ ရေးလာတဲ့ သူ့အီးမေးလ်ကို “ဘာမှ မလုပ်နဲ့
ဖြစ်နိုင်ရင် မောင်ပွတ်ကို မြင်ဖူးချင်တယ်” လို့ ပြန်ရေးခဲ့တဲ့ ကျွန်မ အီးမေးလ်ကို
မပြန်သူ ( ဟား..ဟား.. စပိုင်လို့ ထင်နေလားမသိဘူး)

အဲဒီလိုပါပဲ.. မှတ်မိပါသေးတယ်
အီးမေးလ်ထဲမှာ မြင်ဖူးချင်တယ်လို့ နောက်ခဲ့တဲ့သူ့ကို အပြင်မှာ တကယ်တွေ့ခဲ့တယ်။
ပိန်ပိန်ရှည်ရှည်နဲ့ ( ဘာညာပြောသလို လဒလူယောင်ဆောင်ထားတဲ့ ရုပ်)
စကားပြော အင်မတန်မြန်တဲ့ (တစ်ခါခါ ဘာပြောသွားမှန်းတောင် နားမလည်ဘူး)
ပွင့်လင်းပြီး ခင်မင်စရာကောင်းတဲ့ သူ့ကို စင်ကာပူမှာ ပထမဆုံးအကြိမ်
ဆုံဖြစ်ခဲ့တယ်။ လူချင်းမြင်ဖူးခဲ့ပြီး အရင်ကထက် ပိုခင်မင်ခဲ့တယ်ဆိုပါတော့...

“ကျွန်တော် သိတယ်.. ကျွန်တော် သိတယ်” နဲ့ အမြဲတမ်း အားမငယ်ဖို့၊
ပျော်ပျော်ရွှင်ရွှင်နေဖို့ အားပေးတတ်တဲ့ မောင်ပွတ်ရေ..
အားမငယ်ပါနဲ့၊ ပျော်ပျော်ရွှင်ရွှင်နေပါလို့ ပြန်အားပေးလိုက်ပါတယ်။
နောင်နောက်မွေးနေ့တိုင်းကို ချစ်သူ ခင်သူတွေနဲ့ ၀ိုင်းရံပြီး ကျင်းပနိုင်ပါစေ။
ချစ်သူနဲ့ အမြန်ဆုံးနီးစပ်နိုင်ပါစေ။
နာမည်အတိုင်း ပျော်ရွှင် “အေးချမ်း” ပါစေလို့ မွေးနေ့မှာ
ဆုတောင်းပေးလိုက်ပါတယ်။

ဂရင်းနစ် စံတော်ချိန်အရ မွေးနေ့ဆုတောင်း နောက်ကျသွားတာ
ခွင့်လွတ်ပါနော်...

ခင်မင်တဲ့
နိုင်းနိုင်းစနေ

pandora said...

မောင်ပွတ် အေးချမ်း ပျော်ရွှင်ပါစေ
ဆုတောင်း ပို့စ်လေး တင်ထားတယ်
ဘာကျွေးမှာလဲ

အိမ်း said...

မောင်ပွတ်ေ၇--အမလဲဆုတောင်ပါတယ်--မွေးနေ့ရှင်လေး--ချစ်သူများနဲ့ထာဝစဉ်ပျော်ရွင်ပါစေ--

balargout said...

အိုး မောင်ပွတ်၊ မနေ့ ကတည်းက ဘာညာ့ကို ကောမန့် အငှား ပေးခိုင်းထားပါတယ်။ ဘယ်ရောက်သွားတယ် မသိဘူး၊
ငါ့ဘလောက်မှာ မင်းအတွက်ဆုတောင်း ပေးထားတယ်။
ဘာဘဲ ဖြစ်ဖြစ် အောင်မြင်ပါစေ၊ ပျော်ရွှင်ပါစေ၊ တခါတရံမှာ ခါးသီးလဲကျော် ဖြတ်လိုက်တော့လေ -အဲလေ သီချင်းနဲ့ မှား သွားလို့၊ မင်း ၂၄ နှစ်မြောက် မွေးနေ့မှသည် နောင် နှစ် ပေါင်း ၂၄၀ တိုင် မင်းမျှာ်လင့်တဲ့ အတိုင်းအောင်မြင်ပါစေ။

Anonymous said...

မောင်ပွတ်ရေ... မွေးနေ့မှာ ပျော်ရွှင်ပါစေ...
လိုချင်တာမှန်သမျှ အမြန်ဆုံးရပါစေဗျာ..
မနေ့က.. ဘယ်လို့မှ ၀င်မရလို့ ဒီနေ့မှ ကော်မန့်ပေးရတာပါ..

tzm

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်ဘွယ်ရာမွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်ပါစေ..

သော ကြာ သူ ရ said...

ကိုပွတ် တို့က မွေးနေ့မှာ ဘာမလဲမကျွေးဘူး။
မွေးနေ့မှာပျော်ပါစေ။

ပြောရတာတစ်ရက်တောင်နောက်ကျသွားပြီ။