Thursday, April 19, 2007

P.S (1)

ကျွန်တော်တို့တွေ မိတ်ဆွေအပေါင်းအသင်းတွေဆီကို စာရေးတဲ့အခါ တခါတလေ အောက်ဆုံးမှာ P.S ဆိုပြီး စာကြွင်းလေးတွေ ရေးတတ်ကြပါတယ်။ မှာစရာရှိတာ ကျန်နေရင်ဖြစ်ဖြစ်၊ စချင်နောက်ချင်ရင်ဖြစ်ဖြစ်၊ “မောင့်ကိုချစ်တယ်နော်” လို့ ရေးချင်ရင်ဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော့်မှာ အဲဒီ P.S နဲ့ပတ်သတ်ပြီး စုထားတဲ့ စာအုပ်လေးတစ်အုပ်ရှိတယ်။ အမေက သားသမီးတွေဆီကို ရေးတဲ့ P.S လေးတွေပါ။ ရေးထားတာတော့အများကြီးပေါ့။ ကောင်းနိုးရာရာလေးတွေကို ပထမပိုင်းအနေနဲ့ တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့လည်း သားသမီးတွေပဲ မဟုတ်လားဗျာ ...

(၁) P.S
တကယ်လို့များ သူတို့ကားမောင်းစဉ်လေးမှာ ငေးကြည့်နေမယ့်သူ တစ်ယောက်မှမရှိဘူးဆိုရင် မာစီးဒီးကားကို ဘယ်နှစ်ယောက်ကများ ဝယ်စီးပါတော့မလဲ ?
မင်းကိုချစ်တဲ့ ... မေမေ

(၂) P.S
သိပ္ပံပညာမှာရော၊ ဖန်တီးမှုအနုပညာတွေမှာပါ ခမ်းနားကြီးကျယ်သော ပြီးမြောက်အောင်မြင်မှုတွေဟာ ပါဝင်သူ တစ်ဦးချင်းစီရဲ့ ပြုလုပ်ဆောင်ရွက်မှုတွေကြောင့်သာ ပြီးမြောက်ခဲ့တာပါ။ ဘယ်ပန်းခြံမှာမှ ကော်မတီအဖွဲ့အစည်းတစ်ခုခုကို ရည်ညွှန်းပြီး ထုလုပ်ထားတဲ့ ပန်းပုလက်ရာဆိုတာမျိုးမရှိပါဘူး။
မင်းကိုချစ်တဲ့ ... မေမေ

(၃) P.S
ထိုင်နေရင်းနဲ့ အောင်မြင်မှုရသွားခဲ့တဲ့ တစ်ခုတည်းသော သာဓကလေးကတော့ ကြက်မပဲရှိပါတယ်သား။
မင်းကိုချစ်တဲ့ ... မေမေ

(၄) P.S
သတင်းစာတစ်စောင်က Research လုပ်ဖူးတယ်။ ဘယ်သူတွေဟာ အပျော်ဆုံးလူတွေလဲ ဆိုတာကိုပေါ့။ နှစ်သက်စရာ အဖြေလေးခုရခဲ့တယ်လေ။
- တစ်ခုခုကို သေချာကောင်းအောင်လုပ်ပြီးတော့ လေလေးချွန်နေတတ်တဲ့ လက်မှုပညာရှင် ဒါမှမဟုတ် အနုပညာရှင်တစ်ယောက်။
- သဲရဲတိုက်လေးတည်နေတဲ့ ကလေးငယ်တစ်ယောက်
- ကိုယ့်ရင်သွေးငယ်ကို ရေချိုးပေးနေတဲ့ မိခင်တစ်ယောက်
- ခက်ခဲတဲ့ ခွဲစိတ်မှုတစ်ခုပြုလုပ်ပြီး အသက်တစ်ချောင်းကို ကယ်လိုက်တဲ့ ဆရာဝန်တစ်ယောက်
သားသတိပြုမိမှာကတော့ ငွေ၊အာဏာနဲ့ ပိုင်ဆိုင်မှုတို့ဟာ ဒီအဖြေတွေထဲမှာ တစိုးတစိမှ တွေ့မှာမဟုတ်ဘူး ဆိုတာကိုပါ။
မင်းကိုချစ်တဲ့ ... မေမေ

(၅) P.S
St.Louis ကိုသွားတဲ့လမ်းမှာ မေမေအကြိုက်ဆုံး ဘန်ဘာစတစ်ကာစာတမ်းလေးကတော့
“ သင်ဟာတကယ်လို့ မှားယွင်းတဲ့လမ်းကြောင်းကို ဦးတည်မိပြီဆိုရင် ဘုရားသခင်က ဂငယ်ကွေ့ပြန်ကွေ့ဖို့ ခွင့်ပြုပါတယ်” တဲ့။
မင်းကိုချစ်တဲ့ ... မေမေ

မကြာခင်မှာ အပိုင်း ၂ - ၃ တို့ကို ရေးပေးပါဦးမယ်။

2 comments:

နိုင်းနိုင်းစနေ said...

P.S ကျေးဇူးအထူးတင်ပါတယ်...
ဆက်ရေးပေးပါ... :)

A Blog Amateur said...

ဒီလိုမျိုးလေးတွေကို ဖတ်ရတာ အကျိုးရှိပါတယ်။ အပျင်းလည်းပြေ၊ အကျိုးလည်းရှိစေတဲ့ နောက်အပိုင်းလေးတွေ စောင့်ဖတ်ကြရအောင်ပါ။ ဒါမျိုးလေးတွေ များများတင်ပေးပါနော်။

p.s.
p.s. ဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကို ရှာကြည့်လို့တွေ့တာလေးပါ ထည့်ပေးလိုက်ပါတယ်။

p.s. = Postscript, a message at the end of a letter or other piece of writing. "Post-" = after; "script" = writing.

Post Scriptum in the ancient Roman tongue, which is why it's two letters, even though our English word postscript has become one word.