Friday, April 6, 2007

What they write !

သန်းနဲ့ချီပြီးရှိနေတဲ့ Blog တွေထဲမှာ မြန်မာ Blog လေးတွေလည်း အနည်းဆုံးတော့ သောင်းဂဏန်းလောက် ရောက်နေလောက်ပါပြီ။ တချို့ Blog တွေကတော့ မြန်မာ Blogger တွေအကြားမှာ စံနမူနာယူစရာ၊ နေ့စဉ်ဖတ်စရာ Blog တွေအဖြစ် နေရာရနေကြပြီဖြစ်ပါတယ်။ တကယ်လည်း ပြောင်ပြောင်မြောက်မြောက် ရေးနိုင်ကြသလို သူများကိုလည်း ဖေးဖေးမမကူညီတတ်ကြပါတယ်။ ဒီ Post လေးမှာတော့ အဲဒီလို မြန်မာ Blogger တွေရဲ့ Banner မှာ၊ ဒါမှမဟုတ် Nick နဲ့ Profile တွေမှာရေးထားတဲ့ Slogan လေးတွေကို နာမည်နဲ့ ယှဉ်တွဲဖေါ်ပြပေးလိုက်ပါတယ်။ ကျွန်တော် Blog စရေးကတည်းက နမူနာယူရတဲ့
ကိုမောင်လှ Blog ကပဲ စလိုက်ရအောင်လား ...

မောင်လှ = အစွဲအလမ်းကြီးတဲ့ မန္တလေးသား
နိုင်းနိုင်းစနေ = ငါဟာ ဟိုး........အဝေးက ကြယ်ကြွေလေး တစ်ပွင့်ရဲ့ မျက်ရည်တစ်စက်ပါ.......
သံလွင်အိပ်မက် = သံလွင်ကို အိပ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကိုကြားလိမ့်မယ်
မေဓါဝီ = တွေးမိတွေးရာ ... ရေးမိရေးရာ
သန့်စင်အောင် = Avoidance of Double Taxation!
မျိုးကျော်ထွန်း = Memories of Random Thoughts
Phoxin = First to go, Last to know
ကလိုစေးထူး = ဟိုး ... ရှေ့မှာ ပန်းတိုင်ရှိတယ်၊ လာ ... သွားကြစို့
သီဟကျော်ဇော = My Prospect
Emotional Corner = ခံစားမိသမျှ
အရူးလွယ်အိတ် = လေနှင့်အတွင် လွင့်နေသော၊ စည်းများအပြင်ရောက်နေသော၊ အတောင်ပံ မရှိသည့်ငှက်တစ်ကောင် (သို့မဟုတ်) အရူးတစ်ယောက်
ပန်းပွင့်လေး = My Diary
ကျော်မင်းထွန်း = ငါ့ကိုအိမ်ပြန်ဖို့ တောင်ပံတစ်စုံပဲပေးပါ
မီးသော်ကြီး(ရေသည်မမ) = ရေသည်မမရဲ့ စိတ္တဇအတွေး
ဘိုးစိန် = အင်တာနက်ရပ်ဝန်း သတင်း အနုပညာ သိပ္ပံ အစုံအလင်
ညီလင်းဆက် = Myanmar Blog, Nothing But My Unforgettable Memorials
Opera = ဆုံဆည်းရာမှ ကြိုဆိုပါတယ်
အာလူး = Cool links, funny texts and jokes

ဖတ်ရတာရင်းနှီးအောင် Nick တွေအရှေ့မှာ (ကို)၊ (မ)၊ စသည်ဖြင့်တွေ မထည့်ပေးလိုက်ပါဘူး။ မလေးစားလို့ မဟုတ်ဘူးနော်။ :P

2 comments:

နိုင်းနိုင်းစနေ said...

ဟား....ဟား...ရှိသေးတယ်လေ ..နောက်တစ်ယောက်
သူ့နာမည် ဘာလို့ မထည့်တာလဲ...
ဘာတဲ့..... ဘယ်ကြားထဲက အိုအေစစ်ဆိုလား... မစ်စတာ ပွတ်ဆိုလား...ဟီး
၉၉ ဟာကို အတည်ယူလို့ မရဘူး...စိတ်ခံစားချက်ပေါ်မှုတည်ပြီး
ခဏခဏ ပြောင်းနေလိမ့်မယ်...ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ :)

Myo Kyaw Htun said...

Thanks bro :)