Tuesday, April 10, 2007

သူတို့အစိုးရ

မနေ့က ကျွန်တော်နဲ့မေမေနဲ့ စကားများကြသေးတယ်။ ကျွန်တော်က နိုင်ငံတစ်ခုရဲ့ အစိုးရ (အဓိကကတော့ သမ္မတပေါ့လေ)က မကောင်းဘူးလို့၊ အဲဒါကြောင့် အဲဒီနိုင်ငံကလူတွေ ဆင်းရဲနေကြတယ်၊ ဒုက္ခရောက်နေကြတယ်လို့ နိုင်ငံတစ်ခုကိုဝေဖန်ပါတယ်။ အဲဒီတော့ မေမေက ကိုယ့်လက်ငါးချောင်းတောင်မညီတာ အမျိုးမျိုးဖြစ်နေတဲ့လူတွေကို အုပ်ချုပ်ရတာမလွယ်ကြောင်း၊ သူဆိုရင် မိသားစုလေးတစ်ခုကိုတောင် နိုင်နိုင်နင်းနင်းမအုပ်ချုပ်နိုင်သေးကြောင်း ပြန်ချေပပါတယ်။ စကားများတာက အဲဒီကစတာပေါ့ဗျာ။

ကျွန်တော်တို့ State ကျောင်းတွေနေတော့ စာသင်နှစ်တစ်နှစ်စရင် ဆရာမကခေါင်းဆောင်ပြီး အတန်းခေါင်းဆောင်ရွေးရပါတယ်။ ပထမဆုံး အသင်းလေးသင်းခေါင်းဆောင်တွေ ရွေးရတယ်။ ပြီးရင် သူတို့ထက်အဆင့်မြင့်တဲ့ အတန်းခေါင်းဆောင်ကို ထပ်ရွေးတယ်။ ကျောင်းသားတွေကိုလည်း ဘယ်သူက ကျန်စစ်သား၊ ဘယ်သူက အနော်ရထာဆိုပြီး အသင်းတွေထဲ ခွဲထည့်ရတယ်။ ဒါက လူ ၄၀ လောက်ရှိတဲ့ အတန်းတစ်တန်းရဲ့ ဖွဲ့စည်းပုံပေါ့ဗျာ။ ကျန်တာတွေထားပါတော့။ ကျွန်တော်ပြောချင်တာက အတန်းခေါင်းဆောင် အကြောင်းပါ။ သူများတွေထက် ထူးပြီးရွေးချယ်ခံထားရတဲ့အတွက် သူများထက်ပိုပြီး အလုပ်လုပ်ပေးရပါတယ်။ စာလည်းပိုကြိုးစားရတယ်။ သဘောကတော့ စံပြကျောင်းသားပေါ့ဗျာ။ အတန်းခေါင်းဆောင်ဟာ အတန်းထဲမှာ ဆရာ မရှိရင်လည်း နာမည်မှတ်တာတို့၊ သင်ခန်းစာ အသစ်တွေခေါ်ပေးတာတို့လုပ်ရပါတယ်။ အတန်းထိန်းတာပေါ့လေ။ ဒါတွေကို နိုင်နိုင်နင်းနင်းလုပ်နိုင်ဖို့ သူ့ကို အတန်းခေါင်းဆောင်ရာထူးနဲ့ အလေးစားခံရအောင် ခန့်ထားတာမဟုတ်လား။ ဒါတွေသူမလုပ်နိုင်တဲ့နေ့၊ လုပ်တာတွေမအောင်မြင်တဲ့နေ့၊ ကြောင်သူတော်ကြွက်သူခိုးလို့ ထင်လာတဲ့နေ့တော့ ဒီကောင်ပြုတ်ပြီပဲ။ ဆိုပါစို့ဗျာ။ သူကျောင်းမတက်လို့ ရိုးရိုးကျောင်းသားက ဝင်ပြီးအတန်းထိန်းတယ်၊ အဆင်မပြေဘူး၊ အတန်းက ဆူညံနေတယ်ဆိုပါစို့။ အဲဒီကျောင်းသားကို ဘယ်သူမှအပြစ်မပြောဘူးဗျ။ သူ့မှာ ဒီလို အရည်အချင်းတွေမရှိလို့ အစောကြီးကတည်းက ခေါင်းဆောင်မဖြစ်တာပေါ့။ သူ့နေရာမှာ တကယ့်အတန်းခေါင်းဆောင်ဆိုလို့ကတော့ ရုံးခန်းကိုမြန်းရမှာ သေချာတယ်။ ကျွန်တော်က Augustine လို့လူသိများတဲ့ ကမာရွတ် ၂ ကထွက်တာပါ။ ကျွန်တော်တို့ကျောင်းမှာတော့ ဒီလိုစနစ်မျိုးရှိတယ်။ အရည်အချင်းရှိပြီး အောင်မြင်အောင် ခေါင်းဆောင်နိုင်လို့ကတော့ လူကြားထဲ အချီးကျူးခံရပြီပဲ။ အဲ … ရမလားလို့စောင့်ကြည့်နေတာ မရလို့ကတော့ အသစ်တစ်ယောက်တင်မြှောက်ဖို့က ဘယ်ကျောင်းအုပ်မှ ဝန်မလေးဘူး။ ဒါက ကျောင်းတစ်ကျောင်းက အခန်းတစ်ခန်းအကြောင်းပါ။ နိုင်ငံကြီးတစ်နိုင်ငံ ဆိုရင်တော့ဗျာ … ဒီထက်တာဝန်တွေ အများကြီးပိုလာပြီပေါ့။

လက်ငါးချောင်းညီတာ၊ မညီတာထက် လုပ်နိုင်မယ်လို့ ယုံကြည်လို့ လုပ်နေတယ်၊ မအောင်မြင်ရင် တကယ်လုပ်နိုင်မယ့် နောက်တစ်ယောက်ကို ရှာသင့်ပြီဗျာ။ ကျွန်တော်ပြောတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာက ဧရိယာအားဖြင့်တော့ တော်တော်ကြီးတဲ့ နိုင်ငံတစ်ခုပါ။ လူဦးရေလည်း များတယ်ဆိုပါတော့။ ဒါတွေကြောင့် အုပ်ချုပ်ရေးယန္တာရားကြီး ကောင်းကောင်းမလည်ပတ်နိုင်တာဆိုရင်တော့ မဟုတ်သေးဘူးဗျ။ တိုင်းပြည်ကို တာဝန်ယူပြီး အဆင့်မှီလာအောင် လုပ်နိုင်တဲ့ Quality ရှိကြရဲ့လားဆိုတာကိုပဲ စဉ်းစားပေးရမယ်လို့ထင်ပါတယ်။ အဲဒီလိုပြောနေတတ်ရင် မင်းလာအုပ်ချုပ်ပါလားလို့တော့ မပြောနဲ့ဗျာ။ ကျွန်တော်က အဲဒီအရည်အချင်းတွေမရှိလို့ အတန်းခေါင်းဆောင်တောင် လုပ်ခဲ့ရတာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်အတန်းခေါင်းဆောင်ဟာ အဆင့်ရှိတဲ့ ခေါင်းဆောင်ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ကောင်းကောင်းအကဲဖြတ်တတ်ပါတယ်။ ဘောလုံးပွဲကြည့်သလိုပေါ့ဗျာ။ ကိုယ်တိုင်ကတော့ ပေ ၃၀ လောက်ရောက်အောင် မနည်းကန်ရပေမယ့် တခါတလေ လွဲချော်တဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေကိုတော့ ကောင်းကောင်းဝေဖန်တတ်ကြတယ် မဟုတ်လား။ ဒီသဘောပါပဲ။ ဒီသဘောကို မေမေ့ကို တော်တော်လေးရှင်းပြပေးလိုက်ရတယ်။ ဘာရယ်တော့မဟုတ်ပေမယ့် အတန်းတစ်တန်း၊ ရပ်ကွက်တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံကို တာဝန်ယူသူတွေဟာ သူများထက် ထူးခြားပြောင်မြောက်စွာနဲ့ အများအကျိုးလုပ်နိုင်တဲ့သူတွေ ဖြစ်သင့်တယ်လို့ ရှင်းပြပေးလိုက်တာပါ။ ခေါင်းဆောင်ကြီးတစ်ယောက်ပြောဖူးတာလေးကိုလည်း သတိရမိတယ်။ နိုင်ငံသားတွေဟာ သူတို့နဲ့ထိုက်တန်တဲ့ အစိုးရကိုပဲရကြတယ်တဲ့။ ဒါဆိုရင် အဲဒီနိုင်ငံက ပြည်သူတွေမှာလည်း အနည်းနဲ့အများတော့ တာဝန်ရှိလို့ အခုလို အောက်ကျနေတာဖြစ်မယ်လို့လည်း စဉ်းစားမိပါတယ်။

4 comments:

ZawZaw said...

ဟုတ်ပါတယ်။အုပ်ချုပ်ခံလူတန်းစားဟာ
ကိုယ့်ကိုအုပ်ချုပ်မဲ့သူကိုရွေးရပါ
တယ်။ကိုယ့်ကိုအခုဘယ်သူတွေအုပ်
ချုပ်နေတယ်ဆိုတာကိုမသိရင်ကိုယ့်
တာဝန်နဲ့ကိုယ်ပေါ့။တကယ်တော့နိုင်
ငံတစ်ခုဟာနိုင်ငံသားတွေအတွက်တာ
ဝန်ယူရသလို၊နိုင်ငံသားတွေကလည်း
အဲဒီနိုင်ငံအတွက်တာဝန်ရှိနေတယ်။
လုပ်ပိုင်ခွင့်တွေပိုပေးလဲလုပ်ရဲတဲ့
သူရှိမှ၊နိုင်ငံရေးလုပ်တဲ့သူနဲ့၊
နိုင်ငံရေးလုပ်စားသူကိုခွဲခြားသိ
ဖို့ပြည်သူတွေမှာပထမဆုံးတာဝန်ရှိ
တယ်လေ။ကိုယ့်ကိုလင့်ပေးထားလို့
ကျေးဇူးပါ။ကိုယ်လဲလင့်လိုက်ပါမယ်
ဒါနဲ့လင့်ပြီးသားလို့တောင်ထင်တယ်။
အလုပ်များလို့မှန်မှန်မရောက်တတ်ဘူး။

Anonymous said...

sout yannn mite tal thu nge chin..
minn yaee tae' minn yae' blog ta ku lone mar de akaung ka tor tor kg
tal...nge guan u par tal kwar minn
thu nge chin phit ya tar...carry on
and do me proud man....

YeeMon said...

လေးစားတယ် အန်ကယ်ပွတ်။ဟုတ်တယ်။တိုင်းပြည်
မှာနေတဲ့ ပြည်သူတွေမှာ အစိုးရကောင်းတစ်ရပ်ကို
ရွေးချယ်နိုင်ခွင့်ရှိသလို မကောင်းတဲ့အစိုးရကိုလည်း ပယ်ချပိုင်ခွင့်ရှိတယ်။အဓိက ကတော့ နိုင်ငံတစ်ခုရဲ့  နိုင်ငံရေးအပြောင်းအလဲဟာ တိုင်းသူပြည်သားတွေရဲ့  တာဝန်သိမှုနဲ့ ဆိုင်တယ်။ပြည်သူတွေမှာ ပယ်ချရဲတဲ့ သတ္တိရှိရမယ်။တိုင်းပြည်အတွက် အကျိုးမရှိတဲ့ အစိုးရမျိုး ကို ပြည်သူတွေလက်ခံနေမယ်ဆိုရင် ဒါဟာ ပြည်သူတွေ ဟာ မြင့်မားလှတဲ့ လူမျိုးဂုဏ်ကို နှိမ့်ချလိုက်တာနဲ့  တူနေမယ်။အမြင်မြင့်မှ အနေတင့်မယ်။သိပ်ကောင်းတယ်။ နောက်လည်း ဒါမျိုးတွေ ဖတ်ချင်သေးတယ်။

Anonymous said...

hey, i like your posts, especially this one.
now i find out why you're smart -by reading your posts, i think you're smart:P - and why your writing style is so very good.
you want to know how i found out?? well, you're from st. augustine, and it explains everything :D
if you are wondering if i myself am a student from St. Augustine, yes, I AM! or shall i say, i WAS (i think u're much younger than me)?? but sadly, i'm not as smart as you are coz i don't even know how to type in burmese :-(