Saturday, April 28, 2007

တောင်းပန်ပါရစေ

အိုအေစစ်ကို လမ်းကြုံ၍ဖြစ်ဖြစ်၊ တကူးတကဖြစ်ဖြစ် လာရောက်လည်ပတ်ကြကုန်သော Blog Reader များခင်ဗျား - ကျွန်တော် Mr.Pooh (မ ၉၉ ခေါ်သလို မောင်ပွတ် ဆိုလည်းရပါတယ်ဗျာ) ဟာ ရုံးအလုပ်များ၊ Computer ရှေ့တွင်လုပ်မရသော ကိုယ်ရေးကိုယ်တာများ၊ မီးအလွန်ပျက်ခြင်းများကြောင့် Post အသစ်တင်ခြင်းမှ အတော်အတန်ကင်းဝေးနေခဲ့ပြီး နောက်ထပ်လည်း ရက်အတန်ကြာ ကင်းဝေးနေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့် စာတိုပေစများကို ဖတ်ရှုလိုပါက ခတ္တမျှ သည်းခံစောင့်ဆိုင်းပေးကြပါရန် တောင်းပန်လိုက်ရပါတယ်။ ပြန်ရေးဖြစ်တာနဲ့ တကယ့်စာကောင်းစာခန့်များ၊ သေလုမျောပါးရယ်ရသော ဟာသများ၊ ဘာပြောချင်မှန်းမသိသော ဆောင်းပါးများ၊ ထောင်စော်နံသော စကားများ၊ အရိုက်ခံရနိုင်သော ဝေဖန်မှုများ၊ ကာရံနရီမပါသော ကဗျာများဖြင့် အရင်လို ဆက်လက်ဒုက္ခပေးသွားမှာ ဖြစ်ကြောင်းပါခင်ဗျား....

6 comments:

ZawZaw said...

good good thot thot

ZawZaw said...
This comment has been removed by the author.
Anonymous said...

အင်းအင်း..သူကစောင့်ဆိုတော့လည်းစောင့်ရတာပေါ့

နိုင်းနိုင်းစနေ said...

ဟေးးးးး မောင်ပွတ်လို့ တကယ်တွင်သွားအုန်းမယ်နော်..
မီးမှန်မှန်လာပါစေ...
ဘလော့မှန်မှန်တင်နိုင်ပါစေ...
ခြစ်သူနဲ့ ရန်ဖြစ်နိုင်ပါစေ...း)
ကိုယ်ရေးကိုယ်တာ နည်းပါစေ...

YeeMon said...

အန်ကယ်ကြီးရေ..
NLD suppoter ဆိုတာ အခုမှသိရတယ်။မေမေနဲ့ မိတ်ဆက်ပေးချင် လိုက် တာ။မေမေက NLD ကပါ။အန်ကယ်က ဘယ်မြို့  နယ်ကလဲ။မြန်မာပြည်မှာပဲလား။အခုလို ခင်မင်ရတာ
ဝမ်းသာပါတယ်။

pandora said...

ပြန်လာလည်သွားပါတယ်။ ကိုပူးရေ။