Wednesday, April 4, 2007

အဖြေ

Blog မှာ ကဗျာလေးတွေ မတင်ဖြစ်တာကြာပါပြီ။ အခုတော့ တစ်ပုဒ်လောက်ထပ်ဖတ်ကြည့်ပေးပါဦးနော်။

အဖြေ


ရှုံးမယ်မှန်းသိရက်နဲ့
ခေါင်းမာမာနဲ့ပဲ
ကစားကွက်တွေကို
စရွေှ့ခဲ့တဲ့ငါ …

“ အရှင်မ ” ကို မျက်နှာလုပ်ဖို့
ငါ့နယ်ရုပ်တွေကို
အဝါရောင်ပန်းတွေဖြစ်အောင်ပြုစား
သူ့အစားကိုခံစေခဲ့တဲ့ငါ …

မတရားလည်းနေပါစေ
ငါ့ရထားတွေ
မြင်းနဲ့ သူရဲကောင်း
အားလုံးခေါင်းချ
သူလုပ်သမျှ ခံစေခဲ့တဲ့ငါ ..

ဒေဝတာလို ခန့်ညားပုံမျိုးနဲ့
မာနကိုတံခွန်လွှင့်ထားသူရေ …
နန်းကျဘုရင် ငါကတော့
ဘုန်းနိမ့်ခဲ့တဲ့ အတ္တတွေနဲ့
ရှုံးနိမ့်သမျှရင်မှာပိုက်ပြီး
မင်းအနားရောက်လာခဲ့တော့
အော်… နန်းရင်ပြင်မှာ
ငါ့နှလုံးသွေးတွေ
မြင်လို့တောင်မကောင်းဘူး။

3 comments:

little moon said...

Cool ! I really like this poem. I envy your talents. :)

ကိုဖြိုး said...

Mr.Pooh ရေ ဒီကဗျာလေးကို ကြိုက်လို့ ကျွန်တော့် Blog မှာတင်ခွင့်ပေးစေချင်ပါတယ် ဖြစ်နိုင်ရင် ကျွန်တော့်ဆီကို အီးမေးပို့ပေးစေချင်ပါတယ်။ kophyoe.letranger@gmail.com

Thadar (မသဒ္ဓါ ) said...

ဒီတခါကျသွားတာကတော့..မကြီးသဒ္ဓါ ဘဲဖြစ်ပါတယ်..ငါမောင်ကိုနိုင်အောင်စပ်နိုင်မယ်ထင်ပါဘူး။