Tuesday, April 17, 2007

သင်္ကြန်ရနံ့လေးများ - ၂

သင်္ကြန်ဆိုတဲ့ ပွဲတော်ကြီးကတော့ ပြီးသွားပြန်ပါပြီ။ သင်္ကြန်တွင်းတုန်းက Post အသစ်တင်ဖို့ရေးထားပေမယ့် မတင်ဖြစ်လိုက်ဘူး။ ပြည်ပရောက် ကျွန်တော့်သူငယ်ချင်းများအတွက် ရန်ကုန်သင်္ကြန်ရဲ့ Overview လေးရေးပေးလိုက်ပါတယ်။ အကြောင်းကြောင်းကြောင့် ဓါတ်ပုံတွေတော့ တင်မပေးနိုင်လိုက်ဘူးဗျာ။

၁၂ ရက်နေ့က ဈေးသင်္ကြန်ရောက်တယ်။ သွားတာကတော့ York လမ်းက ဓါတ်ပုံဆိုင်ကိုပါ။ လမ်းကြုံတာနဲ့ ဝင်သွားလိုက်တာ။ ဒီနှစ်နဲ့ပါဆိုရင် ဈေးသင်္ကြန်မစည်တာ ၂ နှစ်ရှိပြီလို့ဆိုရမယ်။ အရင်လို သီချင်းတွေဖွင့်ပြီး Shopping လာတဲ့ကောင်မလေးတွေကို ရေပက်တာထက် အရက်မူးပြီး ရန်ရှာဖို့ပဲ အာရုံစိုက်နေသလိုပါပဲ။ စိတ်ပျက်စရာတောင် ကောင်းလာတယ်။ ဒီနှစ်ပိုင်းတွေမှာ အားကောင်းလာတဲ့ Hip Hop ပုံစံ အဝတ်အစားဝတ်တာ အတော်နည်းနည်းပဲတွေ့ရပြီး Alter, Punk, Rock နဲ့ Country ပုံစံတွေကိုပဲ စွဲစွဲမြဲမြဲဝတ်လာကြတာ သတိထားမိသေးတယ်။ မိန်းကလေးတွေကတော့ ထုံးစံအတိုင်း အပြိုင်အဆိုင် တိုလာကြတယ်ထင်ပါရဲ့။ ဆံပင်တွေကတော့ မနှစ်ကလို ကျစ်ဆံမြီးသေးသေးလေးတွေအစား Hightlight ဖောက်ထားတဲ့ ဆံပင်အဖြောင့်၊အကောက်တွေပဲ အထားများနေကြတယ်။ ဘာပဲပြောပြော တံတားဟောင်းကြီးနားက Country House ဆိုင်နားမှာတော့ ရိုးရာမပျက် ရန်ပွဲများလည်း ခြိမ့်ခြိမ့်သဲသဲ ဖြစ်ပွါးခဲ့ပါသေးတယ်။

အကြိုနေ့ကတော့ အိမ်မှာ တချိန်လုံးဖဲရိုက်နေလို့ အပြင်မရောက်လိုက်ဘူး။ ညနေပိုင်းလည်း ဘီယာစတုဒီသာဆိုလို့ သူငယ်ချင်းအိမ်မှာ သွားအားပေးရသေးတယ်ဗျာ။ မကြိုက်ပေမယ့် အားနာနာနဲ့ ကုန်အောင်တော့ သောက်ပေးလိုက်ရတယ်။ :P အကျနေ့ညနေတော့ အင်းလျားဘက်ခဏရောက်တယ်။ လိုတာထက်ပိုစည်နေတဲ့ အင်းလျားကတော့ ရန်ကုန်ရဲ့အသည်းနှလုံးလိုပါပဲ။ ပြည်လမ်းမှာလည်း ထူးမဏ္ဍပ်ကပိတ်နေတော့ အဲဒီနားက တိုးလို့ကိုမရတော့ဘူးလေ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စည်းကားလွန်းတဲ့ ဆရာစံလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ် နဲ့ အင်းလျားမြိုင်ကြားထဲတွေမှာတော့ သရဲခြောက်မှာတောင်စိုးရတယ်ဗျာ။ ဘာကြောင့်လဲတော့မသိ။ လမ်းဟောင်းမှာတောင် မဏ္ဍပ်တွေ ခပ်ကြဲကြဲရယ်။ အရင် Scopion ကလူတွေ ကြီးစိုးခဲ့တဲ့ Fuji ရှေ့က မဏ္ဍပ်တွေမှာလဲ ခြောက်ကပ်လှပါတယ်။

အကြတ်နေ့မှာတော့ ကျွန်တော်အကျပ်ခံလိုက်ရတယ်ဗျာ။ ဖဲရိုက်တာ ရှိတာကုန်တဲ့အပြင် အကြွေးပါတင်ခဲ့တယ်။ အပြင်နဲ့တူဆိုလို့ ခြံစည်းရိုးအစပ်တောင် မရောက်လိုက်ဘူး။ အတက်နေ့ကတော့ တစ်နေကုန်အပြင်မှာ လျှောက်သွားတယ်။ အင်းလျားက အလကားရတဲ့ သူငယ်ချင်းမဏ္ဍပ်တွေပေါ် ခဏတက်လိုက်၊ ပြန်ဆင်းလိုက်၊ နောက်တစ်ခုတက်လိုက်နဲ့လေ။ ညနေပိုင်းတော့ စောစောထွက်လာပြီး ထူးထူးခြားခြားစည်ကားနေတဲ့ ဦးချစ်မောင်လမ်း ဘက်သွားတယ်။ အင်းလျားမှာက အုတ်ခဲမိုး၊ တုတ်မိုး၊ Chain မိုး တွေက စရွာနေပြီဗျ။ ဆက်နေရင် မလည်ရဘဲ ၅-၆ ရောက်သွားမှာစိုးလို့။ မိုးလည်းချုပ်ရော - Mr.Pooh လည်းမှောက်ရော။ :P

ဒီနှစ်တော့ အကြတ်နေ့နဲ့ အတက်နေ့တွေမှာ မိုးနည်းနည်းရွာပြီး နေကတော့ လေးရက်လုံးမပူဘူး။ တော်တော်မိုက်တယ်။ ဒါတောင် အသားတွေမဲကုန်ကြတာပါပဲ။ ပိတောက်တွေကတော့ ဒီနေ့မှ လှိုင်လှိုင်ပွင့်တယ်။ သစ္စာအရှိလွန်သွားတယ် ထင်ပါရဲ့။ သင်္ကြန်ပြီးတာနဲ့ ရန်ကုန်ကတော့ ခြောက်ကပ်ညစ်ပတ်ပြီး ကျန်ခဲ့ပြန်ပြီပေါ့လေ။ သင်္ခါရပေါ့နော့်။

ဒီနေ့မနက် ရွှေတိဂုံဘုရားရောက်သေးတယ်။ မနက် ၅ နာရီလောက်တောင် ကားရပ်လို့မရတော့ဘူး။ ကောင်လေးတွေ၊ ကောင်မလေးတွေလည်း တွေ့တယ်။ မျက်နှာလေးတွေကတော့ မဲလို့လေ။ ဘာပဲပြောပြော လာဖြစ်တာကပဲ ကုသိုလ်ပေါ့။

7 comments:

Nay Nay Naing said...

ဒီလိုလေး တစ်ပိုစ့်ထဲနဲ့  အကုန်ပါအောင် ရေးထားတာအတွက် ကျေးဇူးပဲ.. ဒါနဲ့  နှစ်သစ်ကူးပွဲ ၄ ရက်မှာ ၂ ရက်တောင်မှ သင်္ချာတွက်နေတာပါလား..

Mr.Pooh @ မောင်ပွတ် said...

ကျွမ်းကျင်အောင်လို့ပါ။

နိုင်းနိုင်းစနေ said...

မင်္ဂလာ နှစ်သစ်ပါ...လိုအင်ဆန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒပြည့်ဝပါစေ။
မုန့်ကျွေးနိုင်အောင် များများနိုင်ပါစေ..

ZawZaw said...

အိုအေစစ်ရေအင်းယားလမ်းမှာမနေ့က
တူတူရှိကြပြီးမတွေ့ဖြစ်လိုက်တာနာတာဘဲ
ပျော်ရွှင်နှစ်သစ်ဖြစ်ပါစေ။
ကိုယ်လည်းပို့အသစ်တွေတင်ထားသေးတယ်။

ZawZaw said...

toplaceoftrust တဖြစ်လဲ
ယုံကြည်မှုနဲ့အတူလွတ်လပ်စွာနေထိုင်ခြင်း
မှာလာရေးပါဦး

Anonymous said...

ကိုအိုအေစစ်ကြီးနှစ်သစ်မှာပျော်ရွှင်ပါစေဗျား...

ZawZaw said...

မနက်ဖန်နေ့လည်၁၂နာရီတိတိ
အာလာဒင်ရှေ့ကော်ဖီကင်းမှာ
မြန်မာဘလောက်ဂါတွေစာအုပ်ထုတ်ဖို့
ဆုံကြမယ်လို့သတင်းရထားတယ်
သွားရအောင်လား