Thursday, March 22, 2007

၅၀၀၀ years ago ...

အစ်မတစ်ယောက် Forward လုပ်ပေးထားတဲ့ Email ထဲက ဟာသအဟောင်းလေးတစ်ခု သတိရလို့ တင်ပေးထားလိုက်ပါတယ်။

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ “ ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ” တဲ့။

အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက “ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ” ဆိုပြီး ဂုဏ်ဖေါ်ကြတယ်။

မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၅၀၀၀ သာရောက်ရော ... ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ် သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။

မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။

မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။

2 comments:

ZawZaw said...

that post is great ! I like it.

ခွန်မြလှိုင် said...

တခြားဆက်သွယ်ရေးနည်းစနစ်တွေက ဆက်သွယ်ရေးစက်ရှိသူတွေပဲသိလို့ရတာကိုး။ မြန်မာတွေရဲ့ ကြိုးမဲ့ဆက်သွယ်ရေးက ကြားသမျှ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် အကုန်သိရတဲ့ ဆက်သွယ်ရေးလေ.. ဘယ်လောက်ကောင်းလဲလို့… စည်တီးတယ်.. မောင်းထုတယ်… အုန်းမောင်းခေါက်တယ်.. သံပုံးတီးတယ်… ဘာသံဆိုရင် ဘာအတွက်လို့ လူတိုင်းကောင်းကောင်းသိနေတာပဲကိုနော်… တို့မြန်မာကွ ဂုဏ်ယူလိုက်ပါနော်