Wednesday, March 28, 2007

(သူနှင့်ကျွန်ုပ်ဧ။်) ဇာတ်ကောင်များ

ခင်ဗျားတို့ကလည်း ချစ်သလိုလို၊ သူများနောက်ပါသွားမှာ စိုးရိမ်သလိုလို၊ သူတို့ကလည်း “ နင်က ငါ့အချစ်ဆုံးသူငယ်ချင်းပဲ ” လို့ခဏခဏပြောနေတဲ့ မိန်းကလေးသူငယ်ချင်းလေးတွေများ ခင်ဗျားတို့မှာ ရှိဖူးလားတော့မသိဘူး။ သူတို့ရည်းစားရသွားရင်တော့ ဒီကဗျာမျိုးလေးတွေက အသုံးတည့်တတ်တယ်ဗျ။

(သူနှင့်ကျွန်ုပ်ဧ။်) ဇာတ်ကောင်များ

ဆန္ဒတွေကို ထိန်းသိမ်းရင်း
လှပနေတဲ့ မင်းကမ္ဘာကို
မညစ်နွမ်းစေဖို့
ငါစောင့်စည်းခဲ့ပါရဲ့
ဒါဆို ငါဟာ
ကောက်ရိုးပုံစောင့်တဲ့
ခွေးတစ်ကောင်လား?

လိုအပ်တာတွေဖြည့်ဆည်းပေးရင်း
မပြည့်စုံနိုင်တဲ့ မင်းဆန္ဒကို
ပြည့်ဝလာစေဖို့
ငါကူညီခဲ့ပါရဲ့
ဒါဆို ငါဟာ
နာမည်ကြီးပြီး
ထမင်းငတ်တဲ့သူလား?

အားလုံးကိုအလျှော့ပေးရင်း
မင်းသိပ်ချစ်တဲ့ မင်းချစ်သူကို
မင်းကျေနပ်စေဖို့
ငါပြုံးပြခဲ့ပါရဲ့
ဒါဆိုငါဟာ
နှစ်သိမ့်ဆုရတဲ့
အကောင်းဆုံးအရှုံးသမားလား?

မင်းကျေနပ်ပြီဆိုမှ
ငါစဉ်းစားကြည့်မိတော့
ငါဟာ…
ပုံမှန်သွားနေတဲ့ နာရီအိုတစ်လုံးလား …
ကြိုးဆွဲရာကတဲ့ အရုပ်သေးတစ်ရုပ်လား …
မီးမှတိုးတဲ့ ပိုးဖလံတစ်ကောင်လား …

ဒါမှမဟုတ်
“ အချစ် ” ဟာ
အနစ်နာခံ စွန့်လွှတ်ခြင်းဆိုရင်တော့
သေချာပါတယ်
ငါဟာ
မင်းကိုသိပ်ချစ်ခဲ့တဲ့
အချစ်သူရဲကောင်းကြီးပေါ့ …

1 comment:

s_potato said...

Hey fri

Only now i read ur poem. Sorry for my late.

Good to read ur words!
ur clever Like Me!

:P