My Poem : Astrea !
အောက်က ကဗျာလေးက ကျွန်တော့်ချစ်သူကို ရေးပေးဖူးတဲ့ကဗျာတွေထဲက တစ်ပုဒ်ပါ။ ချစ်သူက ဗေဒင်ကိုသိပ်မယုံပေမယ့် Zodiac Circle က Star တွေ၊ အဲဒီ Star တွေရဲ့ ရာဇ၀င်တွေကိုတော့ သိပ်စိတ်ဝင်စားတယ်။ သူက Virgo Born ဗျ။ ကျွန်တော်က Aquarius ပါ။ သတိထားမိလားတော့မသိဘူး ... Zodiac မှာ လူရုပ်နဲ့ ဆိုလို့ Virgo နဲ့  Aquarius ပဲရှိတာ။ ကျန်တာတွေက လူမဟုတ်ဘူးလေ။ ထားပါတော့။ အဲဒီတော့ သူစိတ်ဝင်စားတဲ့ Virgo အကြောင်းတွေကို ကျွန်တော်က Online မှာရှာဖွေပေးပါတယ်။ Virgo ကိုစောင့်ရှောက်တဲ့ နတ်သမီးက Astrea တဲ့ဗျ။ သူ့ အကြောင်းက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အကြမ်းလောက်ပြောရရင် Astrea က သိပ်ချောသိပ်လှတဲ့ နတ်သမီးတဲ့။ လယ်ယာကိုင်းကျွန်းတွေ နဲ့  အပျိုစင်တွေကို အဓိကစောင့်ရှောက်တယ်တဲ့။ (လယ်တွေနဲ့  အပျို ဘယ်လိုတွဲ မိသွားလည်းဆိုတာတော့ ဇု နတ်မင်းကြီးကို မေးမှသိမယ်) နောက်ပြီး တရားမျှတမှုကို သိပ်မြတ်နိုးသတဲ့။ အသေးစိတ်ကိုတော့ နောက်မှထပ်ရေးပါဦးမယ်။ ဒီကဗျာလေးမှာ ချစ်သူကို နတ်သမီး Astrea လို့ သဘောထားပြီး ကိုယ့်ကိုကိုယ် နှိမ့်ချတဲ့ဟန်နဲ့  ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။
တမ်းချင်း
အို...နတ်ဘုရားမ ASTREA
သင်ဧ။်ကာရံမလိုသော
မျက်စောင်းတစ်ချက်တွင်
အခမ်းနားဆုံးသော ယဉ်ကျေးမှုတို့ 
ပျက်သုဉ်းကုန်ခဲ့ချေပြီ ...
သင်ဧ။်သံစဉ်မပါသော
အပြုံးတစ်ပွင့်တွင်
ရှေးအကျဆုံးသော နန်းမြို့ တော်တို့ 
လွင့်ပါးကုန်ခဲ့လေပြီ ...
သင်ဧ။်မာယာမရှိသော
ခြေတစ်လှမ်းတွင်
အထူးခြားဆုံးသော တေးအလင်္ကာတို့ 
ဆွေးမြည့်ကုန်ခဲ့ပြန်ပြီ ...
အို...နတ်ဘုရားမ ASTREA
ထိုနည်းနှင်နှင်ပင်
ညှို့ ယူတတ်သော မျက်ဝန်းတို့ ဖြင့်
ငါဧ။်စိတ်အစဉ်ကိုလည်း
ချယ်လှယ်ပါလော့ ...
ရွှန်းစိုသော နှုတ်ခမ်းတို့ ဖြင့်
ငါဧ။်ဓနဥစ္စာတို့ ကိုလည်း
သိမ်းယူပါလော့ ...
နူးညံ့သောဖ၀ါးတော်ဖြင့်
ငါဧ။်ဘ၀ကိုလည်း
(ထာဝရ) အုပ်စိုးပါလော့ ...
အို...နတ်ဘုရားမ ASTREA
ဂရုဏာအားဖြင့်
ငါဧ။်ချစ်တတ်ခဲ့သော
အဖြည့်ခံနှလုံးသား၌
သင်ဧ။်နာမတော်ကို
ရွှေဖြင့်မှတ်သွင်း
ရုပ်ကြွင်းဖြစ်ခွင့်ကိုလည်း
သနားတော်မူပါ ...
အို...နတ်ဘုရားမ ASTREA
အို...နတ်ဘုရားမ ASTREA
သင်ဧ။်ကာရံမလိုသော
မျက်စောင်းတစ်ချက်တွင်
အခမ်းနားဆုံးသော ယဉ်ကျေးမှုတို့ 
ပျက်သုဉ်းကုန်ခဲ့ချေပြီ ...
သင်ဧ။်သံစဉ်မပါသော
အပြုံးတစ်ပွင့်တွင်
ရှေးအကျဆုံးသော နန်းမြို့ တော်တို့ 
လွင့်ပါးကုန်ခဲ့လေပြီ ...
သင်ဧ။်မာယာမရှိသော
ခြေတစ်လှမ်းတွင်
အထူးခြားဆုံးသော တေးအလင်္ကာတို့ 
ဆွေးမြည့်ကုန်ခဲ့ပြန်ပြီ ...
အို...နတ်ဘုရားမ ASTREA
ထိုနည်းနှင်နှင်ပင်
ညှို့ ယူတတ်သော မျက်ဝန်းတို့ ဖြင့်
ငါဧ။်စိတ်အစဉ်ကိုလည်း
ချယ်လှယ်ပါလော့ ...
ရွှန်းစိုသော နှုတ်ခမ်းတို့ ဖြင့်
ငါဧ။်ဓနဥစ္စာတို့ ကိုလည်း
သိမ်းယူပါလော့ ...
နူးညံ့သောဖ၀ါးတော်ဖြင့်
ငါဧ။်ဘ၀ကိုလည်း
(ထာဝရ) အုပ်စိုးပါလော့ ...
အို...နတ်ဘုရားမ ASTREA
ဂရုဏာအားဖြင့်
ငါဧ။်ချစ်တတ်ခဲ့သော
အဖြည့်ခံနှလုံးသား၌
သင်ဧ။်နာမတော်ကို
ရွှေဖြင့်မှတ်သွင်း
ရုပ်ကြွင်းဖြစ်ခွင့်ကိုလည်း
သနားတော်မူပါ ...
အို...နတ်ဘုရားမ ASTREA
ကျွန်တော့်ရဲ့ Virgo Born လေးအတွက်အမှတ်တရပါ။



5 comments:
ကျွန်တော်လဲ Virgo Born ပါ၊
Virgo Born တွေရဲ့  Character အကြောင်းကို
သိသလောက်လေးထပ်ပြီးပြောပြပေးပါအုန်း
(ဥပမာ-တရားမျှတမှုကိုသိပ်မြတ်နိုးတယ်..လိုဟာမျိုးကိုပါ။)
စောင်.မျှော်လျက်…..
Thanks Ko A.M.Myint. Your request will appear on my next posts.
ကျေးဇူးပါ… အိုအေစစ်
ဆက်ရန်..ကို စောင့်ဖတ်ပါမယ်..
hey.. this poem is cool.. yr mrs.pooh is so lucky..
ချစ်သူကို နတ်သမီး Astrea လို့ သဘောထားပြီး ကိုယ့်ကိုကိုယ် နှိမ့်ချတဲ့ဟန်နဲ့  ရေးထားတဲ့ ကဗျာကို scorpion ကင်းမလက်မဲက လာဖတ်သွားတယ်ဝေးးးးးးးး
Post a Comment