Wednesday, March 28, 2007

CSS for Rounded Corner Box

ကျွန်တော့်စိတ်ထင်တော့ Blog ရေးတဲ့သူတွေရဲ့ ၃ ပုံ ၂ ပုံလောက်က ကိုယ်တိုင် Website ရေးနေတဲ့ Designer တွေ၊ Programmer တွေ၊ နောက်ပြီး အနည်းဆုံးတော့ ကိုယ့် Blog ကိုတော့ လှအောင်လုပ်ချင်တဲ့သူတွေပဲ ဖြစ်မှာပါ။ Website ရေးရင်တော့ Style Sheet တွေ၊ Style Tag တွေအကြောင်းကို လေ့လာရပါတယ်။ ကျွန်တော် Web စရေးတော့ သူများ Site တွေမှာ Rounded Corner Box လေးတွေသုံးထားတာ တွေ့ပါတယ်။ ထောင့်ကွေးလေးတွေကို Graphic လုပ်ပြီး Background Image ပုံစံမျိုးထားရေးကြပါတယ်။ Shadow လေးတွေချချင်ရင်တော့ Image တွေပိုသုံးရပါတယ်။ ဟိုတလောက ကျွန်တော့်ဆရာရှာပေးတဲ့ Site တစ်ခုမှာတော့ Rounded Corner ကို ပုံလေးတွေ လုံးဝမသုံးဘဲ ရအောင်ကွေးထားပါတယ်။ သိပြီးသား သူတွေလည်းရှိမှာပါ။ ဒီလိုမျိုးပါ။

ဒီလိုမျိုး Box လေးကို ပုံလေးတွေကို လက်ဝင်အောင်မထည့်ဘဲ လိုချင်ရင်တော့ အောက်ကပုံလေးက Code ကို ကိုယ့်ရေးမယ့် Page ရဲ့ Style Tag မှာ၊ ဒါမှမဟုတ် External Style sheet မှာထည့်ပေးပါ။

ပြီးရင် အောက်က Code လေးတွေကို ပေါ်ချင်တဲ့နေရာမှာ ချထားပေးလိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။

သိပ်တော့အသုံးဝင်ချင်မှဝင်ပါလိမ့်မယ်။ တချိန်ကတော့ ကျွန်တော့်အချိန်တွေကို တော်တော်ဖဲ့ယူခဲ့တဲ့ Background Image တွေနဲ့လုပ်ရတဲ့ ထောင့်ကွေးလေးတွေကို အခုတော့ Coding နဲ့လွယ်လွယ်ကူကူ လုပ်လို့ရသွားလို့ တင်ထားလိုက်တာပါ။

3 comments:

CMM said...

သိပ်အသုံးဝင်တာပေါ့ဗျာ။ ဒါမျိုးလေးတွေ များများတင်နိုင်ပါစေ။

CMM said...

သိပ်စိတ်ဝင်စားစရာကောင်းတဲ့
Post ဘဲဗျာ။ ဒါမျိုးလေးတွေ
များများတင်နိုင်ပါစေ။

နိုင်းနိုင်းစနေ said...

ကျွန်မလို စီပေါက်စ် (ပေါက်စီ ဟုတ်ဘူးနော်) မလုပ်တဲ့ ..မစ်စတာ ပွတ်ရေ...
ဘယ်နားသွားပြောရမလဲ မသိလို့ ..ဒီပို့စ်အောက်ဝင်ပြောလိုက်တာ ဆောရီးနော်...
ကျွန်မဘလော့ဂ်ကို ဘက်စ်မြန်မာဘလော့ဂ်ထဲ မထည့်ပါနဲ့..ဘာဒီဇိုင်း.. ဘာပုံစံမှ
မလုပ်ဘဲ အလကားဖရီးပေးထားတဲ့ တင်းပလိတ်ကိုပဲ သုံးထားတာပါ...ကျွန်မထက်
သိတဲ့ တတ်တဲ့ လူတွေမြင်ရင် ဟား..နေအုန်းမယ်...ကြောက်လွန်းလို့ပါ...
မဲရုံကို မပို့ဘဲ ..အမဲရုံကိုပဲ ပို့လိုက်ပါလို့... အိုး....မစ်စတာပွတ်ရဲ့ :)
ဘာပဲဖြစ်ဖြစ်..ကျေးဇူး..ရှဲ့ရှဲ့ပါ...