Saturday, March 31, 2007

ဖြစ်နိုင်ရင်ပေါ့လေ

မကျေနပ်တာလေးတစ်ခု ပြောချင်လို့ပါဗျာ။ သူငယ်ချင်းတစ်ယောက်ပေးလို့ ဒီ Link လေးကို သွားကြည့်ပါတယ်။ ကမ္ဘာ့အံ့ချီးဖွယ် (၇) ပါးကို အသစ်လုပ်မလို့ Vote တောင်းနေတဲ့ Site ပါ။ သူက ဇကာတင်နေရာ (၂၁)ခု ပေးထားပါတယ်။ တကယ့်ကို အံ့သြစရာကောင်းတဲ့ နေရာတွေ၊ ရုပ်တုကြီးတွေ ပါ ပါတယ်။ ဥပမာ - တရုတ်ပြည်က မဟာတံတိုင်း၊ မက္ကဆီကိုက Chichen Itza ပိရမစ်၊ ဘရာဇီး ကော်ဗိုဗာဒိုတောင်ပေါ်က ၃၈ မီတာမြင့်တဲ့ ယေရှုသခင် ရုပ်တု စသည်ဖြင့်ပေါ့ဗျာ။ ဒါမျိုးတွေကတော့ ထားပါတော့လေ။ ပါကို ပါရမှာတွေပါ။ ကျွန်တော်မကျေနပ်တာက USA ကို ပြင်သစ်က လက်ဆောင်ပေးထားတဲ့ လေဘာတီရုပ်တို့၊ ဆစ်ဒနီက Opera House တို့က ဘာလို့ ပါလာရတာတုန်း။ ဒါတွေက နည်းပညာတိုးတက်တဲ့ ခေတ်ရောက်မှ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေပါ။ ဘာလို့အံ့ချီးဖွယ်ဖြစ်ရမှာလဲဗျ။ အဆောက်အဦးကောင်းတာကို ရွေးမယ်ဆိုရင် ဒူဘိုင်းက မိုးမျှော်တိုက်တွေ ဘယ်သွားထားမလဲ။ ရုပ်တုလက်ရာမြောက်တာ ပေးချင်ရင် ဂျပန်က ကမာကူရ ရပ်တော်မူ ရုပ်ပွါးတော်ကြီးကိုလည်း ထည့်သင့်တာပေါ့ဗျာ။ မဟုတ်ဘူးလား။ အဲဒီနေရာတွေအစား ကျွန်တော်ကတော့ ရွှေတိဂုံဘုရား၊ ပုဂံနယ်မြေ၊ ကျိုက်ထီးရိုးဘုရားနဲ့ ရခိုင်မြောက်ဦးဒေသတွေကို စဉ်းစားပေးစေချင်တယ်ဗျာ။ နှိုင်းယှဉ်ကြည့်ဗျာ။ ဘယ်နေရာဒေသတွေက ရှေးဟောင်းကျပြီး အံ့သြစရာကောင်းသလဲ။

ကျွန်တော်က လေဘာတီရုပ်ရဲ့ ဗိသုကာကိုမသိလို့လည်းမဟုတ်ဘူး၊ Opera House ရဲ့ လက်ရာမြောက်မှုကို မခံစားနိုင်လို့လည်းမဟုတ်ပါဘူး။ ခေါင်းစဉ်နဲ့မကိုက်ညီလို့ ပြောတာပါ။ ရေးထားတော့ 7 Wonders တဲ့။ ကျိုက်ထီးရိုးဘုရားလောက်ပဲ လေဘာတီရုပ်က အံ့သြစရာကောင်းဦးမလား။ ခင်ဗျားတို့လည်းသိပြီးသားပါ။ ကျွန်တော့်စိတ်ထင်ပြောရရင်တော့ သူတို့နဲ့ချိတ်ဆက်ပြီး Global Tour လုပ်လို့ရတဲ့ နိုင်ငံကြီးတွေကိုတွေကိုပဲ ဦးစားပေးလိုက်တယ်ထင်တယ်ဗျ။ မြန်မာပြည်ကမဟုတ်တဲ့ တခြားဒေသကလူတွေလည်း မကျေမနပ်ဖြစ်လို့ Email တွေပို့ပြီးကန့်ကွက်ကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တော့ မပါလိုက်ရ မရှိလေအောင် ပို့ပြီးပါပြီ။ webmaster@n7w.com ကိုပါ။ ကဲ ... ခံစားချက်ချင်းတူရင်တော့ Mail လေးပို့ပြီး ပါဝင်လိုက်ပါဦးလားဗျာ။ ၀၇၊ ၀၇၊ ၀၇ ရက်နေ့မှာ ပေါ်တူဂီနီုင်ငံမှာ အပြီးသတ်ကြေငြာမယ်လို့သိရပါတယ်ခင်ဗျား ...


2 comments:

The Northern Light said...

မင်္ဂလာပါ Mr. Pooh ရေ
ခုတော့ပစ်လေးမြင်လိုက်လို့ ကော့မင့်တင်လိုက်ပါဗျာ..
ကိုPooh သဘောမကျတယ့် အဆောက်အဦးနှစ်ထဲက လေဘာတီရုပ်ထုကတော့ သိပ်အထူးခြားကြီးမဟုတ်ဖူးလို့တော့ ပြောလို့ရပါတယ်ဗျာ…
ဆစ်ဒနီအော်ပရာကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူ့ဟာက အဆောက်အဦးတည်ဆောက်မှူနည်းပညာရပ်ဝန်းကို အကိုင်လှုပ်နိုင်ဆုံးအဆောက်အဦးတစ်ခုပါပဲ။ သူ့ကိုဆောက်လုပ်ရမှာ သူမတူတယ့် နည်းပညာစိန်ခေါ်မှူတွေ ကုန်ကျစရိတ်တွေကလဲ အံ့သြစရာကောင်းလောက်အောင်ကြီးမြင့်ခဲ့တာရယ်
နည်းပညာအသစ်သစ်တွေကို တီထွင်ထည့်သွင်းနိုင်ခဲ့တာတွေကြောင့်ပါပဲ.
သူ့လောက်ဆောက်လုပ်စဉ်က ပြသနာတွေ အကြီးအကျယ်တက်ခဲ့ကြရတာဟာ ရှားပါးလွန်းလှပါတယ်။
ကွန်ပြူတာ အကူအညီနဲ့စတင်ဆောက်လုပ်ခဲ့ ဆောက်လုပ်ရေးနည်းပညာကို ကွန်ပြူတာပညာရပ်ကို အထူးသဖြင့် CAD ကိုပထမဆုံး သေသေချာချာအသုံးပြုနိုင်ခဲ့တယ့်
စတယ့်စတယ့် အရမ်းကိုထူးခြားတယ့် ၀ိသေသတွေဟာ ပါဝင်လို့ပါ။
ဒီနေ့ခေတ်ကာလ ကနေကြည့်ရင်တောင်မှ တော်တော်လေးကို အံ့သြဖို့ကောင်းဆဲပါ။
အောက်ခြေကနေစပြီး အလှဆုံးနဲ့ ပြသနာကောင် အများဆုံးဖြစ်တယ့် အထပ်ထပ်နဲ့အမိုးအထိ တစ်ခုမကျန် ဟာ အဆောက်အအဦးတည်ဆောက်မှူနည်းပညာအတွက် အံ့မခန်းပါပဲ ကို Pooh ၇ယ်…
ဒီအဆောက်အဦးဟာ ကျွန်တော်တို့လို အာခီတက်တွေအတွက် လှပမှုဆိုတာထက် ဗိသုကာလက်ရာမြောက်မှူထက် တည်ဆောက်ချိန်ကဖြစ်ခဲ့တယ့် ဇတ်လမ်းတွေ လူသိရှင်ကြားကော လူမသိလိုက်တယ့် ဇတ်လမ်းတွေကောက စိတ်ဝင်စားဖို့ကောင်းလွန်းလှပ်ါတယ်။ ကျွန်တော်လဲ အဲ့တာနဲ့ပတ်သက်ပြီး ပို့စ်တစ်ခုတင်မယ်ဆိုပြီး မတင်ဖြစ်သေးတာခုထိပဲ ရေးပြီးတော့ စိတ်တိုင်းမကျတာနဲ့ပါ။ ခုကို Pooh ပို့စ်ကိုမြင်တော့မှပဲ ကျွန်တော်ပြန်တင်ဖို့ စိတ်ကူးပြန်ရလိုက်တယ်။ သြဂတ်စတင်းထွက်ဖြစ်တယ့်ကိုPooh ဟာ ကျွန်တော့်စီနီယာတစ်ယောက်မို့ လေးစားလျက်ပါဗျာ.

Anonymous said...

I just read this Post and put my comment now.
Yeah! I totally agree with the above "the northern light" point of view. When the Sydney Opera construct, the technology is not good (compare to nowadys). But, we can feel like this is very attractive even though this was long time ago already, the design is still creative. And also the point of view for Architect and Civil Engineer and M&E engineer and all professtionals, they will really use the brain and time and effort for this. As I am a civil engineer, I can feel how that is challenging to build at that time.I can also feel how Architect use his time to get this design, I can feel how M&E engineers do all lighting & accessories. Thats is why it has been FAMOUS in the world.........