Monday, March 19, 2007

အတိုအစများ (အပိုင်း ၁)

တခါတလေတော့ ကဗျာမကျ-စာမက လေးတွေရေးဖြစ်တယ်ဗျာ။ တော်သေးတယ် - Blog တွေပေါ်လာလို့။ မဟုတ်ရင် စာရွက်တွေနဲ့ လက်တည့်စမ်းရတာ မှင်လည်းကုန်၊ စာအုပ်လည်းကုန်၊ ဖတ်မယ့်သူ(ဆဲမယ့်သူ)မရှိ၊ ဘယ်မှာသိမ်းရမှန်းမသိနဲ့။ တော်တော်ဒုက္ခရောက်တာ။ ခုမှအဆင်ပြေတော့တယ်။ တော်ပါတယ် Google နဲ့ Blogger က ချာတိတ်တွေ။ :P ဒီတခါတော့ ကဗျာလေး ၃ ပုဒ်လောက် ခံစားကြည့်ပါဦး။

ရလဒ်

ဒီနေ့မနက်
နေရာအနှံ့က
မင်းရနံ့တွေ
ကောက်ရခဲ့တယ်
ငါ့ကိုခပ်နှိပ်လိုက်တဲ့
အရှုံးတံဆိပ်တွေနဲ့လေ …



အတောက်ပဆုံး

အိပ်မက်တွေ ပုတ်နှိုးလို့
ငါအရုပ်ကြိုးပြတ် လဲမကျခင်
နှင်းဆီတွေညှိတဲ့ မီးအိမ်ထဲ
ငါ့သွေးတွေ သွန်းခဲ့ပါ့မယ်
ချစ်သူ … မင်းအတွက်ဆို
ကမ္ဘာကုန်ကျယ်သရွေ့လင်းပါစေ …



ဘဝ

သူတို့တွေက
ကြွေမှမွှေးတတ်တယ်
ရေမလိုဘူး … နေမလိုဘူး
ဂုဏ်တွေကင်းလည်း
ရနံ့သင်းတတ်တယ်
တကယ်ပါ “ခရေ” …
(ငါလည်း) အနားရောက်ဖူးရုံနဲ့ပဲ
ပန်းကောက်သမားဖြစ်ခဲ့ပြီ …

3 comments:

Chrisitna said...

wow,, that's touching.. but I need to do a series of work to see your font. can you change a myanmar font so that I can see it easier??? thanks

နိုင်းနိုင်းစနေ said...

ဘန်နာက စာအုပ်နဲ့ ဘောပင်လ်ပုံလေး မိုက်တယ်...အရောင်လေးလဲ မိုက်တယ်...
ဒါပေမယ့် မြန်မာလို တိုက်ရိုက်မပေါ်ဘူး ဖြစ်နေတယ်...
လေးထောင့်တုံးတွေပဲ တွေ့တယ်... eot လိုနေတယ်ထင်တယ်
ကိုမောင်လှဆိုက်မှာ လုပ်နည်းတွေရှိတယ်...http://mghla.blogspot.com/2006/10/eot.html
များများရေး.... များများ ဘလော့ဂင်းနိုင်ပါစေ
ကျေးဇူး...

Mr.Pooh @ မောင်ပွတ် said...

thanks par byar. i ll try with EOT.