Wednesday, December 5, 2007

ဆေးရောင်စုံများ

ဒီရက်ပိုင်း ရေးစရာ ခေါင်းပါးနေတာနဲ့ သူများ Blog တွေကို လိုက်လည်ပတ်နေဖြစ်ပါတယ်။ အရင်ကတည်းက ရေးအားကောင်းတဲ့ Blogger တွေကလည်း လက်ရည်မကျရေးနေဆဲပဲ ဖြစ်သလို Blog စတာသိပ်မကြာသေးတဲ့ သူငယ်ချင်းတွေကလည်း တကယ့်စာရေးဆရာကြီးတွေလို ထိထိမိမိရေးတတ်ကြတာ သတိထားမိပါတယ်။ ခက်တာက သူတို့လိုမျိုး ကျွန်တော့်မှာ ရေးစရာမရှိတာပဲ။ ဖွဲ့ဖွဲနွဲ့နွဲ့ကလည်း မရေးတတ်၊ ရေးရမယ့်အဖြစ်အပျက် ကိုယ်တွေ့တွေကလည်း မရှိဖြစ်နေတုန်း ကိုစိုးထက်၊ ကိုမောင်လှနဲ့ ကိုဘလာဂေါက်တို့ Blog တွေ ရောက်မှ ကျွန်တော်လည်း Post တစ်ခုတင်ဖို့ အကြံရသွားတယ်။ အခြားတော့ မဟုတ်ဘူး။ သူတို့လိုပဲ ဓါတ်ပုံလေးတွေ တင်မလားလို့။ ကျွန်တော်လည်း ဒီမှာ ပျင်းပျင်းရှိတဲ့ အချိန်လေးတွေ ကင်မရာတစ်လုံးနဲ့ လက်တည့်စမ်းဖြစ်နေတော့ သူတို့လို Pro တွေမဟုတ်ပေမယ့်လည်း လူကြည့်ကောင်းအောင် တင်လို့ရလောက်တဲ့ ပုံလေးတွေရှိနေပါတယ်။ ကဲ - ရောက်လာမိမှတော့ မထူးပါဘူးလို့သာ ခံယူပြီး ကျွန်တော့်ရဲ့ လက်ရာလေးတွေကို ဒုက္ခခံပေးပါဦးဗျာ။

၂၃ နှစ်လုံးလုံး အောက်ကနေ မော့ကြည့်နေခဲ့ရတဲ့ တိမ်တောင်တွေကို အပေါ်စီးက မြင်ရတုန်း ရိုက်ယူခဲ့တယ်


အရောင်တမျိုးဆန်းတဲ့ တရုတ်စကားပန်းပါ


ပန်းခင်းကြီးထဲက တစ်ပွင့်ပါပဲ


ဗမာပြည်မှာလည်း မြင်ရတဲ့ စက္ကူပန်း


ကဗျာဆန်မလားလို့ ရိုက်လာခဲ့တယ်


စင်ကာပူ Ang Mo Kio က ပန်းခြံတစ်ခု အဝင်ဝကို ပန်းခြံထဲက ပြန်ရိုက်ထားတာပါ။

( မဂျစ်လိုပဲ ဆားချက်တဲ့ အနေနဲ့ ) ဒါလေးတွေပြီးရင် နောက်လာမယ့် Post တွေမှာ အဆောက်အဦးတွေနဲ့ အခြားလူသားတွေ ဖန်ဆင်းတဲ့ လက်ရာမြောက် အလှအပလေးတွေရဲ့ ဓါတ်ပုံလေးတွေ တင်ပေးပါဦးမယ်။ ဒါတွေက မောင်ပွတ်လို့ခေါ်တဲ့ Mr.Pooh ကိုယ်တိုင်ရိုက်ယူထားတဲ့ပုံတွေဖြစ်လို့ ခွင့်တောင်းပြီး အသုံးပြုလိုသူများ စိတ်တိုင်းကြ တသက်လုံးသုံးနိုင်ပြီး ခွင့်မတောင်းဘဲ ကူးယူသွားသူများကတော့ အပိုင်ယူထားနိုင်ပါတယ်ဗျာ။

8 comments:

NayPhoneLatt said...

ကြိုဆိုပါတယ် ... ဓါတ်ပုံဆရာကြီးရေ ...
ဝဲကမ်းပါတယ် ...း-)

ZawZaw said...

ကောင်းတယ်ကွ၊ များများတင်ထား၊ ငါတောင်အများကြီး တင်ချင်နေတာ အခြေအနေ မပေးသေးလို့ ဟေ့။

BarNyar said...

ဟဲ့မောင်ပွတ် ဟိုပုံလေ ဟိုပုံ မတင်တော့ဘူးလား။ ကောင်မလေးတွေ ငါ့ဆီက လိုက်လိုက်တောင်းနေတဲ့ မောင်ပွတ်ရဲ့ပုံ။ :P

ကလိုစေးထူး said...

ကိုပွတ်…အဲဒါ ဘယ်နေရာလဲ ဘယ်ကို သွားတုန်းကလဲ ဆိုတာလဲ ပြောပြအုံးလေ။ ပုံတွေကလှပြီး ဘယ်နေရာမှန်း မသိဖြစ်နေတယ်။ :)

နှင်းပွင့်ဖြူ said...

မသိပါဘူး... ရုတ်တရက် ကြည့်လိုက်တော့
ဂူးဂယ်လ် ထဲက ဆွဲချထားတဲ့ ပုံတွေမှတ်နေတာ
ဟတ်ဟတ်..
လှတယ်ဗျ

su wai said...

အကိုရေ…စာမရေးဖြစ်လဲ ဓါတ်ပုံလေးတွေ တင်ပေးရင် ကျေနပ်ပါတယ်။ ဓါတ်ပုံရိုက်ပြီး သူများတွေခံစားလို့ရအောင် တင်ပေးတယ်ဆိုတာလဲ အနုပညာကို ပုံစံတစ်မျိုးနဲ့ ဖော်ပြတာပါပဲ။ တခါတလေကျရင် ဓါတ်ပုံလေးတွေကနေတဆင့် ပြောတဲ့စကားတွေက စကားလုံးတွေနဲ့ ပြောပြတာထက် ပိုပြီး ထိရောက်တတ်ပါတယ်။ ဆုဝေ အိုအေစစ်လေးကို မကြာခဏ ရောက်ဖြစ်ပေမယ့် ဆီပုံးမရှိတော့ ရောက်ကြောင်းကို အသိမပေးဖြစ်တာပါ။ ကော်မန့်ပေးဖို့ကျတော့လဲ ကွန်နက်ရှင် သဘောကောင်းမှ ဖြစ်တာဆိုတော့….။ ဒီဘလော့ဂ်လေးကို သတိတရနဲ့ လာလည်တယ်ဆိုတာ ကွန်နက်ရှင်ကောင်းတုန်း စိတ်တိုင်းကျ ရေးထားတဲ့ အခုကော်မန့်လေးကနေ အသိပေးတယ်နော်…။

MCT said...

ဦးမောင်ပွတ်ရေ
အရမ်းလှတာပဲ ပုံလေးတွေက
ကဗျာဆန်မလားလို့ ဆိုတဲ့
ပုံလေး တအားကြိုက်တာပဲ။
ကျေးဇူးပါနော်။
ပုံလေးတွေအတွက်။

Anonymous said...

Ang Mo Kio က ပန်းခြံဆိုတာ လိပ်စာအတိအကျလေး ပေးပါ ။ ကြိုက်လို့း)