Saturday, December 1, 2007

စိတ်မကောင်းဖြစ်ခြင်း

ကျွန်တော့်ကို Blog တွေ ရေးဖြစ်အောင်၊ ကျွန်တော့် Blog ကို လူတွေ သိလာအောင်၊ ပျော်ရွှင်ခင်မင်စရာကောင်းတဲ့ Blog အသိုင်းအဝိုင်းထဲရောက်လာအောင် အစစအရာရာ အမြဲကူညီ တိုက်တွန်းနေတဲ့ မဘာညာရဲ့ Blog ကို (ယာယီပဲဖြစ်ဖြစ်၊ အမြဲပဲဖြစ်ဖြစ်) ပိတ်သိမ်းလိုက်တဲ့အတွက် အထူးပဲ စိတ်မကောင်းဖြစ်မိသလို ကျွန်တော်နှစ်သက်ခဲ့တဲ့ သူ့ Post တွေကိုလည်း အလွန်ပဲ နှမြောမိပါတယ်။ မကြာခင်မှာပဲ မဘာညာ Blog ပြန်ရေးမယ်လို့ မျှော်လင့်သလို ပြန်ရေးဖို့လည်း အလေးအနက် တိုက်တွန်းပါတယ်။ ဒါဟာ ကျွန်တော် တစ်ဦးတည်း ဆန္ဒသာမက ကျွန်တော်တို့ Blogger မိသားစုဝင် အားလုံးရဲ့ ဆန္ဒလည်း ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အခက်အခဲတွေ၊ ထိုးနှက်ချက်တွေ ကြုံတွေ့ချိန်မှာ ကျွန်တော်အားလုံး မဘာညာဘက်က အခိုင်အမာ ရပ်တည်နေဆဲပဲ ဆိုတာကိုလည်း အသိပေးပါရစေ။ ကျွန်တော်တို့ အတူတူ Blog ဆက်ရေးကြရအောင်နော်။

12 comments:

စိုးဇေယျထွန်း said...

လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေလောက်အော်တော့ အနှောက်အယှက် မပေးသင့်ပါဘူး။

ကျွန်တော်လဲ စိတ်မကောင်းပါဘူး။ အဲနေရာမှာ ကျွန်တော်သာ ဆိုလဲ ဒီလိုခံစားရမှာပဲ။

ဘာပဲဖြစ်ဖြစ် ဒီပြသနာက ဒီနေရာတင် ရပ်သွားမှာမဟုတ်ဘူး။ အလားတူ နောက်ထပ် ဖြစ်ပွားလာနိုင်ဖွယ်ရာ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အနေ့ အဲဒါကို တာမြစ်နိုင်ဖို့ အစီမံ တစ်ခုခုတော့ လုပ်သင့်ပါပြီ။

နောက်ပိုင်းမှာ ကျွန်တော်လဲ အိုင်ဒီယာ ရလောက် အကြံပြုပါဦးမယ်။

Anonymous said...

ဒီမိုလည်း စိတ်မကောင်းပါဘူး.. ကာယံကရှင်တော့ မသိဘူး.. ဒီမိုတော့ နှမြောလွန်းလို့.. =( ဘာပဲဖြစ်ဖြစ် မောင်ပွတ်ပြောသလိုပဲ ငါတို့တွေ နင့်အနားမှာ ရှိနေမှာပါ ဘာညာ..

ZawZaw said...

အားလုံးနဲ့ ထပ်တူ စိတ်မကောင်းဘူးဗျာ။ ကျွန်တော်ရဲ့ very close ဘလောက်ဂါတယောက် ဒီလို နောက်ဆုတ် သွားလောက်အောင် စိတ်ဓါတ် မပျော့ဘူး ထင်ပါတယ်။

ခင်မင်းဇော် said...

ဘာညာရေ..
စိတ်ဓါတ်အောက်တန်းကျတဲ့ သူတယောက်ကြောင့်တော့
ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို မစွန့်လွှတ်ပါနဲ့..
အမတို့လဲ ဘာညာ့ကို သတိရနေတယ်..
အမက ဘာညာ့ဘလော့ကို အမြဲပဲ မရောက်ခဲ့ပေမဲ့ reader ကနေ ဖတ်နေခဲ့တာပါ။
ခု လို ဘာညာ့သတင်းကြားတော့ စိတ်မကောင်းဘူး..
ပြန်လာခဲ့ပါ..
ဘာညာ့ဖက်မှာ အမတို့ ရှိနေတယ်..
အမခုလိုရေးချင်နေတာ.. ဘယ်မှာရေးရမယ် မသိလို့..
ခု မောင်ပွတ်ဘလော့ကို လာရင်းတွေ့လို့ ရေးလိုက်တာ...

နိုင်းနိုင်းစနေ said...

Never say DIE. :)
ဘာညာထက် ၉၉ ပိုခံခဲ့ရမယ် ထင်တာပဲ..
အရင်တုန်းက ဘလော့ပိတ်ဖို့ထိ စိတ်ထိခိုက်ခဲ့ဖူးတယ်
အရှုံးပေးဖို့အထိ စဉ်းစားမိခဲ့ပေမဲ့ ကိုယ့်ယုံကြည်ချက်နဲ့ စိတ်ဓာတ်ကိုမြင့်ပြီး ဆက်လျှောက်ခဲ့တာပဲ...
Cheers ဘာညာ..
ထပါ.. ဆက်လျှောက်ပါ.. တွဲခေါ်သွားမဲ့ လက်တွေ အများကြီးရှိနေပါတယ်..း)

KPZ said...

ဘာညာ... ဖတ်နေကြဘလော့တစ်ခု ပျောက်သွားတော့ ဟာတာတာကြီး၊ ရေးနေကြ Cbox တစ်ခု လျော့သွားတော့ တစ်မျိုးကြီးပဲ ဘာညာရယ်။ ပြန်လာပါနော်။

ကလိုစေးထူး said...

ကျနော်လဲ ညီမလေး ဘာညာအတွက် စိတ်မကောင်းတာနဲ့ ပို့စ်တခု ရေးဖြစ်လိုက်သေးတယ်။

pandora said...

ဘာညာ ဘလော့ဂ် ပြန်လုပ်မှာပါ။
အားလုံးအတွက် ကာကွယ်ဖို့ စဉ်းစားသူတွေ စဉ်းစားနေကြပါတယ်။

NayPhoneLatt said...

ခက်တယ်ကွာ ...
ကိုယ်တွေကလည်း သူတို့လို မိုက်ရိုင်းပြဖို့ စိတ်က မသန့်တော့ အခက်သားလား ...
သည်းခံခွင့်လွှတ်၊ မခံနိုင်တော့ရင် စီပုံးဖြုတ်၊ ကွန်မန့်ပိတ်
နောက်ဆုံး ဘလော့ဂ်ပါ ပိတ်ပစ်ရတဲ့အဖြစ်ကိုရောက်ရော။
အဲဒါကြောင့်ပြောတာ ... အချို့ပွဲတွေမှာ လူစိတ်မရှိသူတွေက အသာရတယ်ဆိုတာ ...။

Su said...

ထောက်ခံပါတယ်

thamudayanwe said...

ဘာညာ..သေချာမဖတ်ဖြစ်ခဲ့ပေမဲ့ ဘာညာ့ဘလော့လေးမှာ
ယိုးဒယားသင်္ဘောသီးသုတ် စားခဲ့ပြီးသိပ်မကြာခင် ဘာညာဘလော့လေးပိတ်လိုက်တာကြားရတော့
စိတ်မကောင်းဖြစ်မိပါတယ်..
ဘာညာ..ကိုယ့်ဖက်ကမှန်တာပဲ ပြန်လာခဲ့ပါ..
ကိုယ်မမှားဘားဆိုတာ..ဘာညာနဲ့ပတ်သက်သူတိုင်းသိကြတယ်လေ..
ပြန်လာခဲ့ပါဘာညာ..

အောင်မျိုးဟန် said...

ဘာညာ အားမလျှော့ပါနဲ့။ ကျွန်တော်တို့ လဲ ပြန်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်။