Saturday, November 24, 2007

Blog Times III နှင့် အသိပေးလိုခြင်း

အကြောင်းကြောင်းကြောင့် အချိန်အတော်ကြာ Issue အသစ် မထုတ်နိုင်ခဲ့တဲ့ Blog Times ကို ဒီနေ့တော့ စာဖတ်သူလက်ထဲကို ကျွန်တော်တို့ အရောက်ပို့ပါပြီ။ ဒီတပတ်မှာလည်း ပါနေကြခေါင်းစဉ်လေးတွေ မပျက်မကွက် ပါဝင်ခဲ့ပြီး ကျွန်တော်နဲ့ ကိုဘလာဂေါက်အပြင် ကိုဇင်ကိုလတ်နဲ့ ကိုမျက်လုံးတို့က အထူးအားဖြည့် ကူညီထားပါတယ်။ ကိုစစ်အိမ်၊ ဘာညာ နဲ့ အခြားသော သူငယ်ချင်းများကလည်း ဓါတ်ပုံနဲ့ သတင်းတွေ ထောက်ပံ့ကြပါတယ်။ စောင့်ရကျိုးနပ်အောင် Issue I မှာ ၆ မျက်နှာ၊ Issue II မှာ ၈ မျက်နှာပဲ ရှိခဲ့ပေမယ့် အခုတော့ ၁၀ မျက်နှာတိတိကို ကြော်ငြာမျိုးစုံနဲ့ တွဲဘက်တင်ဆက်လိုက်ပါတယ်။ ဒီတပတ်မှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေလေးတွေကို မူတည်ပြီး ဟာသ ရေးထားတာလေးတွေလည်း ပါနေပါတယ်။ ဒါဟာ လက်ရှိကြိုးစားလုပ်ကိုင်နေသူတွေ၊ တကယ်အပင်ပန်းခံနေသူတွေကို လှောင်ပြောင်လိုခြင်း၊ သူတို့ ပင်ပန်းနေချိန်မှာ ကျွန်တော်တို့က ဟာသလုပ်လိုခြင်းမျိုးမဟုတ်ဘဲ အပန်းပြေရုံ သက်သက်ရည်ရွယ်ပါတယ်။ ထိုနည်းတူစွာ ဆီမနာနဲ့ ပတ်သတ်တဲ့ ဟာသလေးတွေဟာလည်း တကယ့်ကို ပွဲဖြစ်မြောက်အောင် ကြိုးစားခဲ့သူတွေ၊ ဟောပြောပေးခဲ့သူတွေကို နစ်နာစေလိုခြင်းမရှိဘဲ ပြန်တွေးပြီး ရယ်မောနိုင်အောင် ရေးသားခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့ အစအနောက်လွန်သွားရင်၊ ဒါမှမဟုတ် ကိုယ့်သတင်းမပါလာလို့ စိတ်ဆိုးသွားရင် ခွင့်လွှတ်ပေးကြပါလို့ အရင်လိုပဲ တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဗမာ Blogger တွေ နယ်မြေခွဲခြားခြင်းမရှိဘဲ အရင်လို ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိနေဖို့ ရောက်နေတဲ့ နေရာကနေလည်း ဆုတောင်းပါတယ်။

ကဲပါ ... ကျွန်တော်လေရှည်နေတာနဲ့ ဖတ်ရမယ့်အချိန်တွေ နောက်ကျနေပါဦးမယ်။ Connection နှေးတဲ့နေရာက သူငယ်ချင်းတွေ ယူလို့ရ၊ ဖတ်လို့ရအောင် ပုံတွေကို ကွာလတီနည်းနည်းချပြီး File Size သေးအောင် လုပ်ထားလို့ Blog Times ကိုဖတ်ရင် ဖတ်နေတဲ့ PDF Reader မှာ View Size ကို 75% ထားပြီး နည်းနည်းချုံ့ပြီး ဖတ်ပေးပါ။ အဲဒါမြင်ကွင်း အကောင်းဆုံး အနေအထားပါပဲ။ Blog Times III ကို ဒီနေရာ က ယူဖတ်လို့ ရသလို ညာဘက်ခြမ်းက ကျွန်တော့်တို့ရဲ့ သတင်းစာတိုက်ထဲမှာလည်း အသင့်ပြင်ထား ပြီးပြီဖြစ်ကြောင်းပါ။

30 comments:

Anonymous said...

ဒီမို ကလား.. ဘလော့ခ်ဂါတွေနဲ့ပေါင်းပြီး အိမ်ပြန်မရောက်တော့တာ.. အဲဒါပဲ အပေါင်းအသင်းမှားလို့ ခုတော့ သူ့အမေကတောင် ကြော်ငြာထည့်နေရပြီ.. =)=) နောက်ဆုံးသတင်းကတော့ စည်းကြပ်ဒိုင်လုပ်နေတယ်.. လို့ ကြားတယ်..

Anyway, nice to read.. Hoping to read Blog Times 4.

မျှားပြာ said...

စောင့်နေတာ ခုမှပဲ ထွက်တော့တယ် ..
ကောင်းတယ်ဗျို့  ...။

KPZ said...

Blog တစ်ခုကို ဘ၀တစ်ခုလို အလေးအနက်ထားတဲ့ မောင်ပွတ်ရေ.. နင်အပင်ပန်းခံ ဖန်တီးလိုက်တဲ့ ဒီဘလော့တိုမ်းလေးက ဘလော့ကာတွေ အားလုံးကို အရင်ကထက် ပိုပြီး ရင်းနှီးချစ်ခင်စေမယ်လို့ ယုံကြည်ပါတယ်။ စိတ်တွေရှုပ်နေတဲ့ ငါ့အတွက်တော့ စိတ်ကြည်သွားတယ်ဟာ.. တကယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာ သူများလာထောင်းတာထက် သက်သာတယ် ဆိုတာကို နင်တော်၂ သဘောပေါက်ပုံ ရတယ်နော်း)

Anonymous said...

ဟားဟား ရီလိုက်ရတာ ။ တကယ် ပညာသားပါပါပေတယ် ငါ့မောင်တို့်ရယ် အဟားးး

သိပ်ကြိုက်သွားပြီး)

ကလူသစ် said...

သတင်းစာလာယူသွားတယ်ဗျာ။ ပြီးတော့ ကျေးဇူး

pandora said...

အစုစပ် ဘဏ်ပိုင်ရှင် ကြီး လာပါပြီ။
အလုပ်တွေကတော့ တိုးတက်တာ ဖြူခါပြာခါ ဆိုသလိုပါပဲ။
တဖြည်းဖြည်းနဲ့တော့ ခွက်ခွက်လန် ဖြစ်လာမယ် မျှော်လင့်ရတာပဲ။

ပြောက်မြောက်ပါပေ့ ဘလောက်တိုင်းရေ။ ဘရာဗို။

စိုးဇေယျထွန်း said...

မောင်ပွတ်ရာ စောင့်ပါလို့ အတန်တန်ပြောတဲ့ ကြားက မစောင့်ဘူး ဘယ်လိုဖစ်ရတာလဲ အခုတော့ လွတ်ကုန်ပြီ

စိုးထက် - Soe Htet ! said...

လာဖတ်ပြီးတော့ေါးင်းလုဒ် သွားပါတယ် ... :D

နိုင်းနိုင်းစနေ said...

နာကော်မန့် ဘယ်ရောက်တွားလဲ ပွတ်စ်
လုပ်ကြံတယ်း(

Winkabar said...

ကောင်းလိုက်တာ ဖတ်လို့။ ရယ်ရတာလည်းမောနေပြီ။
ကျေးဇူးတင်တယ်နော်။

မျှော်နေပါတယ်နောက်ထွက်မယ့်အသစ်တွေကို။

sisain said...

ချီးယားဟေ့မောင်ပွတ်!!!

MyMetro said...

ဘောကန်မယ်ဆို....။ ဘယ်တော့လဲ..။ စမယ်ဆိုပြောလိုက်.. အသင့်ပဲ.. ဟိဟိ

ကလိုစေးထူး said...

နည်းပြကြီးလဲ လာပြီဗျို့။ :D လာဖတ်တာ အတော်တောင် နောက်ကျသွားတယ်။ ဂျစ်တူး အစပျိုးလိုက်တဲ့ ဘလော့ဂါတွေ ပေါင်းပြီး ရေးကြတဲ့ ၀တ္ထုတုန်းကလည်း တော်တော်ပျော်စရာကောင်းခဲ့သလို အခုလဲ ဘလော့ဂ်တိုင်းမ် သတင်းစာက ပြုံးရွှင်စရာ၊ ကြည်နူးစရာပါပဲဗျာ။ အပင်ပန်းခံပြီး အားစိုက် ဖန်တီးထားတာအတွက်လဲ လေးစားပါတယ်။
ဒါနဲ့ ဘားအံကွင်းမှာ ကန်ရင်တော့ ပြည်တွင်း အသင်းကို ၂ ဂိုးကျောတယ်ဗျာ။ :P

Anonymous said...

ရေနစ်နေတာ အမြန်လာကယ်ကြပါဗျို့
ဒီမှာ အသက်မမှီဖြစ်တော့မယ်။
လာမကယ်လို့ကတော့ အယ်ဒီတာ ကြီးတွေကို
သရဲ ဘ၀ကနေ ဂုတ်လာချိုးမှာ။
ဘာမှတ်။
နောက်တာနော်။ အတည် :P :P :P


နောက်လဲ အများကြီးဖတ်ချင်ပါတယ်။
ရေးပေးကြပါနော်။
အားပေးနေလျက်

မိုးချစ်သူ

Anonymous said...

့ကဲ..... အကူဒိုင် ဆိုတော့လည်း ကူတာပေါ့လေ။

အကူဒိုင်ရဲ့ အဓိကစည်းမျဉ်း တခုအနေနဲ့ကတော့ မဖြစ်မနေပြုလုပ်ရမယ့် ဘောလုံးပွဲအတွက် အရေးတကြီး ဆုံးဖြတ်ချက်မှန်သမျှကို အကူဒိုင်မှ ဖဲဗေဒင်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်...။

လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

Anonymous said...

ဟဟဟဟ။ ရေလည်ပြောင်မြောက်တယ် မောင်ပွတ်တို့က။ နာ့ပုံယူသုံးတာတော့ မကျေနပ်ဘူး. အက်အက်။

Anonymous said...

ကိုပွတ်ရေ ဖတ်မ၀ဘူးဗျာ များများနဲ့မြန်မြန်လေး ထုတ်ဝေကြပါ ခုတော့ဆန့်တငန့်ကြီး ၂၅ရက်နေ့မှ လာလည်မိတာ မှားပြီဗျာ သူများတွေ အကုန်ဖတ်ပြီးကြပြီ ဖြစ်နိုင်ရင် ဗလာစာအုပ်တစ်အုပ်စာလောက် ရေးကြပါ အလုပ်အကိုင်ရော အဆင်ပြေရဲ့လား ကျန်းမာချမ်းသာပြီးလုပ်ချင်တာတွေ လုပ်နိုင်ပါစေဗျာ

su wai said...

ဒီတစ်ခါ ဘလော့ဂ်တိုင်းမ်က သတင်းတွေက ပိုစုံပြီး ပိုရီရတယ်။ ဆုဝေ download လုပ်ပြီး သူငယ်ချင်းတွေဆီကိုလဲ ပို့ပေးလိုက်တယ်…။ နောက်ထပ် နောက်ထပ် ဘလော့ဂ်တိုင်းမ်တွေကိုလဲ ဖတ်ဖို့စောင့်နေပါတယ်။ အပင်ပန်းခံပြီး ကြိုးစားထားတဲ့ စေတနာကိုလဲ ချီးကျူးပါတယ်။ ဒါနဲ့ ဘလော့ဂါတွေရဲ့ ဘောလုံးပွဲ ဘယ်နေ့လဲဆိုတာသိရင် ကြော်ငြာပေးဦးနော်…အားပေးချင်လို့ :P

အောင်သူ said...

blog time လေး download ချသွားတယ်ခင်ဗျ။

နှင်းပွင့်ဖြူ said...

ဖတ်ရတာ ရီနေရတာပဲ ကိုပွတ်စ် ရ
နံပါတ် ၄ လည်း စောင့်ဖတ်နေပါတယ်

Anonymous said...

ပွတ်စ်ရေ-စာမူပို့ရင်တကော်လံဘလောက်လဟြေ့--နင်ကပေါက်ဈေးကောင်း၇င်--လျပ်တဗျတ်ကိုခေါက်ထားလိုက်တော့မယ်--

MELODYMAUNG said...

အမယ်လေး လုပ်ချလိုက်ပြန်ပြီ လုပ်ချလိုက်ပြန်ပြီ အလုပ်မလုပ်ပဲ ပြုံးဖြီးဖြီးကြီးနဲ့ ဖတ်လို့ အလုပ်ပြုတ်လို့ကတော့ ဒီဘလော့တိုင်းထဲ ပါတဲ့ အလုပ်တွေ အကုန်လုပ်ပစ်ဦးမယ် ငှက်ငှက်ငှက်
Cheers! Congratulations blog times-3
Keep it up, pls. :)

Anonymous said...

Congratulation for releasing Blog Time III!

နှင်းသဇင် said...

အရမ်းရယ်ရတာပဲ အူတွေတောင်နာတယ် နောက်ထပ် ရယ်စရာလေးတွေ ဒိထက်တင်နိုင်ပါစေ :) :) :)

ခင်မင်းဇော် said...

အင်း ..
ခင်မင်းဇော်တို့က ဘူးဗောင်းမှုတ်ပြိုင်ရမတဲ့လား..
နေမကောင်းလို့ ခွင့်ယူထားတယ်လေဟ..
(လေထိုးတံ သုံးခွင့်ပေးမယ် မဟုတ်လား ..ဟား ဟား)

Myo Kyaw Htun said...

Funny! Congratulations bro!

nyo said...

အရမ်းရီရတယ်.. bloggers တွေအတွက် အမြဲ အမှတ်တရဖြစ်နေမှာပါ..
congratulations !!!!!!!!

Ka Daung Nyin Thar said...

ဟီးဟီးဟီး
ပါးစပ်ကို စေ့လို့ မရတော့ဘူးးး

ဒါနဲ့ နာက ဂိုးသမားလား.. မော်လမြိုင်ကွင်းမှာ ဂိုးဖမ်းမယ်ကွ..

ချီးယားစ်စ်စ်စ်

Anonymous said...

သတင်းစာထုတ်မှန်း မသိလို့ဗျာ။ အခုမှ လာဝယ်ဖြစ်တယ်။ သုံးစောင် လုံး အကြွေးယူသွားတယ်နော်။ :P

A random thoughts of a Burmese man said...

ကိုဒေါင်းကြီး ဘောဖမ်းတော့မယ် ဆိုပါလား..
ဟတ် ဟတ် ဟတ်..
ငါက နောက်တန်းက ကန်ရမှာလား..
ဒါဆို ပြည်တွင်းက ကောင်တွေနဲ့ လက်ဝါးချင်းရိုက်လိုက်တော့မယ်...
ဟတ် ဟတ် ဟတ်