ပန်းဂေါ်ဖီ စားဖူးလား
မှတ်မိသေးတယ်။ အဲဒီနေ့က လိပ်နှစ်ကောင်နမ်းနေတာကို လက္ဘ်ရည်ဆိုင်က တီဗွီမှာ ပြတာငါကြည့်လိုက်ရတယ်။ တကယ်တော့ ငါက ဆပ်ပြာခွက်အဖုံးလေး ကွဲသွားလို့ အဖုံးချည်းပဲ သွားဝယ်တာ။ လူတစ်ယောက်ကပြောတယ်။ သိုးတွေက ထန်းသီးမုန့် သိပ်မကြိုက်ကြဘူးတဲ့။ ငါမြင်တာတော့ ဒီအဘိုးကြီး ဓါးသွေးနေတာ လေးရက်လောက် ရှိပြီ။ သိပ်တော့ မသေချာဘူး။ ဒါပေမယ့် ငါ အပ်ပေါက်ထိုးတိုင်း ဝင်တယ်။ ချစ်သူရဲ့ လင်းပတဲ့အပြုံးကို မြင်တိုင်း ငါရင်တွေ တဒိန်းဒိန်းနဲ့။ မကြာပါဘူး - နိုဝင်ဘာရောက်လာခဲ့ပြီလေ။ အစိမ်းရောင် အကျီတွေဝတ်တာ ရပ်လိုက်ပြီး လက်သည်းတွေ ခဏခဏညှပ်ဖြစ်နေလို့ ကိုယ့်ကိုကိုယ် ပြန်အံ့သြနေမိတယ်။ ခရမ်းချဉ်သီး မစားရတာတောင်ကြာပြီထင်တယ်။ ဒီနှစ်ယောက်ပြန်လာတော့ ငါ့က ကွန်ပျူတာပိတ်ပြီး ဖဲချပ်တွေကို မွှေနှောက်နေလိုက်တယ်။ ချိုင်းမွှေးတွေဟာ ဆံပင်တွေပဲဖြစ်ပြီး ခေါင်းပေါ်မှာ နေရာလွတ်မရလို့ ပြောင်းပြန်ဆင်းလာရတာဖြစ်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ သိနေပေမယ့် ထုတ်မပြောသေးတာပါလို့ ရပ်ကွက်ထဲမှာ ရေဆွဲတဲ့ ဦးလေးကြီးက ကိုရင်လေးတစ်ပါးကိုပြောတယ်။ ကော်ဇောအနီခင်းပြီး ကြိုဆိုတာ ခင်ဗျားတို့ခံဘူးလား။ မြေပြင်နဲ့ ခြေထောက်ထိတယ်တောင် မထင်ရဘူး။ စားလက်စ ထမင်းပန်းကန် ထဆေးပြီး ဆေးပေါ့လိပ်ကို ပြန်ဖွာနေလိုက်တယ်။ ငါကြည့်နေတဲ့ ငလျင်တိုင်းမြေပုံစာရွက်က ဒီအတိုင်းဆို မှန်နေပြီ။ မလောင်းရဲဘူး။ ဂေါက်သီး ခေါင်းကိုမှန်ရင် မကွဲဘူးတဲ့။ ဒါက ငါမကျွမ်းတဲ့ ခေါင်းစဉ်ပါ။ မငိုပါနဲ့ ချစ်သူရယ် - မျက်ရည်တွေ ပန်းပွင့်၊ မပွင့် ငါမဟောရဲပြန်ဘူး။ ဒီရက်ပိုင်း မှန်ကြည့်တိုင်း ငါအနောက်မှာ လူတစ်ယောက် ရပ်ရပ်နေတာတွေ့မိတယ်။ ဘာအကြွေးမှ မရှိတော့လည်း ပျင်းစရာကြီပေါ့လား။ ဒါကြောင့် ဘီယာကို ပိုက်နဲ့ မသောက်တာလေ။ လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီးကာမှ ဘောလုံးပွဲအဖြေမသိရသေးတာ သတိရပြီး ကြိုးကွင်းပြန်ဖြုတ်ပြီး လက္ဘ်ရည်ဆိုင်ထွက်လာခဲ့တယ်။ လိပ်နှစ်ကောင်အဲဒီမှာ နမ်းနေကြတယ်။ ခနနေတော့ လူယုတ်မာ နှစ်ယောက်ရောက်လာပြီး ငါနေတဲ့ ဘန်ဂလိုကြီးကို မ ပြီး နေရာရွှေ့လိုက်ပြန်တယ်။ စိတ်ကျန်းမာရေးအတွက် ဆိုလားပဲ။ ဆန်ပြုတ်ပူပူကို အေးသွားအောင် ငါအငွေ့တွေကို ရွေးဖမ်းပြီး အမှုက်ပုံးထဲ သွားထည့်လိုက်တယ်။ စာတန်းလေးက အတော်လှတယ်။ ရွာသာကြီး မြို့နယ်တဲ့။ မထသေးဘူး။ ငါအိပ်နေတုန်းပါပဲ။ လည်ပင်းမှာတော့ ကြိုးကွင်းကြီးနဲ့လေ။
28 comments:
ဟုတ်ကဲ့ စားဖူးပါတယ်။ ဘာမှန်းတော့ မသိဘူး။ :P
စားဖူးသွားပြီ အရသာစုံတယ်ဗျ အဟိ :)
ကောင်းလိုက်တဲ့ပိုစ့်လေး။ ကြိုက်တယ်ကွာ။
ခဏခဏ သွားဖြစ်ပါတယ် ... :)
=) ငါ သိပ်နားမလည်ဘူး.. ရှင်းပြပါ..
မသောက်ပဲမူးသွားပြီ။ Thankz
ဟားဟား လက်တက်လာတယ်ပေါ့။
The Lazy T Class
using System.Linq;public class LazyT {
private FuncT func;
private T result;
private bool hasValue;
public Lazy(FuncT func) {
this.func = func;
this.hasValue = false;
}
public T Value {
get {
if (!this.hasValue) {
this.result = this.func();
this.hasValue = true;
}
return this.result;
}
}
}
ကျွန်တော့်ဆီကို စာပို့ပေးပါ!!!!!
ကျွန်တော့်ဆီကို စာပို့ပေးပါ!!!!!
ပန်းဂေါ်ဖီကဒီလိုအရသာလား။
အဲဒါပဲကွ ... မော်ဒန်ဆိုတာ ...
မင်းဖာသာမင်း ရေးချင်တာရေး ... ငါလဲ တွေးချင်တာတွေ တွေးလိုက်တယ် ...
မင်္ဂလာနံနက်ခင်းပါ ... :)
အုပ်ဒယ်.. အနော်လည်း နားလည်ဘူးးးးးးးးးးးးး
နောက်တပုဒ်နဲ့ ထပ်ရှင်းပြပါဗျို့....
:))
ကိုပွတ်ရေ. .မင်္ဂလာပါဗျာ
tzm
ဟဲဟဲ ဘယ်လိုပြောရမယ်တောင်မသိဘူး၊
မောင်ပွတ်ရေ.... ကိုယ့်အတွက်တော့ မော်ဒန်ဆိုတာကြီးက ရံဖန်ရံခါ နွားပလာတာစားသလိုပါပဲကွယ်ွ
နားလည်ဘူးဗျ ..
:D
ဘာပဲဖြစ်ဖြစ်-နားလည်တယ်ပဲပြောလိုက်မယ်--ငါကွ--ခွိ--
ဒီလိုပို့စ်မျိုးမြင်တိုင်း ငါတစ်ခုခုတော့ ရေးသွားမှ ဖြစ်မယ်လို့ ငါ့နားရွက်က ငါ့ကိုတိုးတိုးကပ်ပြောတယ်။ အေးလေ သူက ငါနဲ့ အနီးဆုံးမှာ ရှိတာကိုး။ သနားစရာကောင်းတာက သူက ပန်းဂေါ်ဖီကိုတော့ အရသာမခံတတ်ဘူး။ ထန်းသီးမုန့် ကြိုက်တဲ့ သိုးတွေကိုပဲ ပစ်ပေးလိုက်တယ်။ ကော်ဇောနီခင်းပြီး ကြိုဆိုကြတာကိုလည်း သူပဲ သတင်းလာပေးတာပဲ။ သွားကြစို့ရဲ့။ လက်သည်းတွေ ဘာတွေညှပ်။ ရေချိုးဖို့ ကြည့်တော့ ဆပ်ပြာမရှိတော့ဘူး။ အဖုံးလေးကွဲသွားတာကိုး။ ဒီမောင်ပွတ်ဟာလေ.. ခရမ်းချဉ်သီးနဲ့သာ ပစ်ပေါက်လိုက်ချင်ရဲ့။
ဘာမှလာမရှင်းပြနဲ့ ဂေါ်ဖီစားယုံနဲ့ စော်ကြည်သွားမယ် ထင်လို့လား.. ဒါဆိုကိုယ့်လူ အော်ဒီကားနဲ့ မှော်ဘီသွား.. ဒေါ်ကြည်သားကို ရှာပြီး ကော်ဇောနီပေါ်လမ်းသလားနေတဲ့ကောင်တွေကို မေးလိုက်.. ဂေါ်လီလားလို့.. အော်ရီသွားတယ်ကွ.. ဒါပဲ..။ အဲနေဦး.. မင့်အတွက် ရွာသာကြီးမြို့နယ်မှကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းပုဒ် အငွေ့တွေနဲ့ရောပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်.. တော်ပြီလား။ :D
ရိုရို... မပန်နဲ့ ကိုတက်ကြီး တို့ ကောမန့်တွေကလည်း လန်ထွက်နေတာပဲဗျို့.. ပညာရှင်တွေများ ကြတော့လည်း.. စဉ်းစားတိုင်း ထွက်သကိုးးးးးးးးး
အဟား ကိုပွတ်စ် ပန်းဂေါ်ဖီက ဂလိုကြီးကိုဗျ ..
ရွာသာကြီးမှာ ဈေးပေါတယ်ထင်ပး)
omg... damn nice one... thork yannn mite... kway htet mite :D
good hta, good hta. your post is very good hta moot Paung. I like it.
ပွတ်ကလေး နင့်ဥာဏ်ကလဲ လွှတ်ပြေးသကိုးကွဲ့ ငါ့မှာ ဟတ်တတ်ပဒတ်လိုက်အောင် အူယားဖားယားစဉ်းစားမှ နင်ပြောသွားတာတွေ ရေးတေးတေးသဘောပေါက်သဟ နောက် ဒါမျိုး များများ မရေးနဲ့နော် ငါ အသက်တိုမှာစိုးလို့ :P
(ချစ်ပန်နဲ့ ကိုတက်စ်တို့ ကွန့်မန့်ကတော့ လန်ထွက် လျှံတက်နေတာပဲဗျို)
ဟိုက်.. မနက်ကမမီက မောင်ပွတ်ရဲ့ပန်းဂေါ်ဖီ ကိုဖတ်ပြီးပီလား တဲ့။ သိပ်မိုက်ဆိုပဲ။ ငါလည်းမဖတ်ရသေးတာနဲ့ လာဖတ်လိုက်တာ.. နောက်ကျမှလာဖတ်မိတဲ့အတွက် ကိုယ့်ကိုကိုယ်ကျေးဇူးတင်နေရတယ်။ မောင်ပွတ်ရဲ့ ပိုစ့်ရယ် အောက်က ကောမန့်တွေရယ် တွဲဖတ်လိုက်တော့ တော်တီးတီးတော်တော်တွေ ဖြစ်သွားတယ်။ အရေးကျဲပေမယ့် အပီချဲတဲ့ မောင်ပွတ်ကွ!!!
ဘာညာ
I read three times.. I understand in three kinds .. :P
Post a Comment