ခြားနားခြင်း
မနက် ၆ နာရီခွဲမှာ Alarm မြည်လာတာနဲ့ မထချင်ဘဲ လူးလဲထလာပြီး ရေချိုးခန်းဝင်၊ မျက်နှာသစ်လုပ်ပြီး အိပ်ခန်းထဲပြန်လာတဲ့အထိ ဒီကောင်က အိပ်နေတုန်းပဲ။
“ ဟေ့ကောင် … ထတော့။ ၈ နာရီအရောက်သွားရမှာ။ မင်းကလည်း နေ့တိုင်းနှိုးနေရတာပဲ ”
ဒါပေမယ့် ဒီကောင်က ပေတေပြီး ဆက်အိပ်နေတယ်။ ဒီကောင်ဆိုတာ ကျွန်တော့်စိတ်ပါပဲ။ ကျွန်တော်ကသာ အလုပ်တွေ ဆက်လုပ်နေတယ်။ စိတ်က အိပ်ချင်ပြီး အိပ်နေတုန်းလေ။
“ မင်းသွားနှင့်ကွာ။ ခဏနေမှ ငါလိုက်လာမယ် ”
“ ပြီးရောကွာ … ”
ကျွန်တော်လည်း စကားမရှည်ချင်တာနဲ့ ရေချိုး၊ အဝတ်လဲပြီး ရုံးထွက်လာခဲ့တယ်။ ရုံးရောက်တော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်ဖြုန်းနေရတယ်။ ဟိုကောင်လာမှ အလုပ်လုပ်တာ ကောင်းတယ်လေ။ ၉ နာရီသာသာမှ ထုံးစံအတိုင်း ဖရိုဖရဲနဲ့ ဘာဂါတစ်လုံးကိုင်ပြီး ဝင်လာတယ်။
“ ကဲ … အလုပ်စရအောင်ကွာ။ မင်းကလည်း နောက်ကျလိုက်တာ ”
သူ့ပြောတာမဟုတ်သလိုနဲ့။ ဘာဂါထဲက ဆလတ်ရွက်ကို ရွေးပြီးကိုက်နေသေးတယ်။ ပြီးတော့ ပြောလိုက်သေးတယ်။
“ နေဦးကွာ … ညက ဘောပွဲအဖြေလေးကြည့်လိုက်ဦးမယ်။ ငါးမိနစ်ပဲစောင့် ”
ဒါနဲ့ အလုပ်မစရသေးပြန်ဘူး။ မန်နေဂျာက ကြည့်လှပြီ။ ခဏနေတော့မှ အလုပ်စတယ်။ လုပ်နေကြ အလုပ်တွေပေမယ့် စိတ်နဲ့လူနဲ့ကပ်မှ လုပ်လို့ကောင်းတယ်လေ။ နှစ်ရာရီလောက်ကြာတော့ ဖောက်လာပြန်ရော။
“ မင်းခဏလုပ်နေကွာ။ ငါချစ်သူဆီကို စာရေးမလို့။ မန်နေဂျာ မမြင်ပါဘူးကွာ။ မပူပါနဲ့ ”
ဒီကောင် ပြောနေရင်း Gmail ကိုဖွင့်နေတယ်။ ကျွန်တော်လည်း ဟိုစာရွက်ရှာသလိုလို၊ ဒီဖိုင်ဖွင့်သလိုလိုနဲ့ ကာထားပေးရတယ်။ ကျွန်တော်ကလည်း ချစ်သူဆီ စာရေးဖို့ရှိနေတာကို။
“ ဟေ့ကောင်ရေ - ချစ်သူ Online မှာ ရှိတယ်ကွ။ အဟဲ … မင်းအလုပ်ဆက်လုပ်နေကွာ။ မင်းဘာပြောချင်လဲ။ ငါပြောထားပေးမယ် ”
“ အေးကွာ … သတိရကြောင်းပေါ့ ”
ကျွန်တော်လည်း ချစ်သူဆိုတာနဲ့ အလိုတူဖြစ်ပြီး မော်နီတာကိုပဲ ကြည့်နေဖြစ်တယ်။ ဘယ်လောက်ကြာသွားတယ်တော့ မသိဘူး။ နောက်က မန်နေဂျာက “ Chatting ဝင်နေတယ်ပေါ့ ” လို့ လာအော်မှပဲ သတိဝင်တော့တယ်။ ခါးထောက်ပြီးကြည့်နေတဲ့ မန်နေဂျာ မိန်းမဝဝကြီးကို စကားပြန်မလို့ စဉ်းစားနေတုန်းမှာပဲ အဲဒီကောင်က ခေါင်းသွားခေါက်ပြီး
“ ချစ်သူနဲ့တော့ စကားပြောချင်တဲ့ လူတွေချည်းပဲ။ ကိုယ်ချင်းစာဦး ”
လို့ နားရွက်နားကပ်ပြီး အော်တယ်လေ။ တော်သေးတယ်။ မကြားလို့။
“ ဟေ့ကောင် - လာကွာ။ အလုပ်ကူလုပ်တော့။ မဆိုင်တာတွေ နားမှလုပ်တော့ ”
ဒီလိုပြောမှ ဒီကောင်လည်း မှုန်ကုပ်ကုပ်နဲ့ အလုပ်ဝင်လုပ်ပေးတယ်။ ထမင်းစားနားတော့ ကျွန်တော်က အနီးအနားက တရုတ်ဆိုင်မှာ စားမလို့လုပ်နေတုန်း သူက
“ ဟင်းတွေက ဒါတွေပဲ ထပ်နေတယ်။ မင်းဒီမှာစား၊ ငါ CityHall ဘက်သွားပြီး ဗမာစာ စားလိုက်ဦးမယ်။ တစ်နာရီဆို မီပါတယ်။ ပြန်လာမယ် ”
လို့ ပြောပြောဆိုဆိုနဲ့ ထထွက်သွားပြန်တယ်။ ခဏနေတော့ ဖုံးလာတယ်။ သူ့သူငယ်ချင်းတွေနဲ့ လက္ဘ်ရည်ဆိုင်ထိုင်နေလို့ နာရီဝက်လောက်ကြာမှ လိုက်ခဲ့မယ်တဲ့။ ဒါနဲ့ ရုံးပေါ်ပြန်တက်ပြီး အလုပ်စားပွဲမှာ ထိုင်နေလိုက်တယ်။ စိတ်မပါဘဲ လုပ်ရင်မှားမယ်လေ။ ဒီကောင်ပြန်လာတော့ လက်ထဲမှာ လက္ဘ်သုတ်အထုပ်လေးနဲ့။ ကျွန်တော်လည်း စိတ်ဆိုးပြေသွားတယ်။ စိတ်နဲ့ ကိုယ်နဲ့ကပ်ပြီး အလုပ်လုပ်လိုက်တော့ အလုပ်တော့တွင်သားပဲ။ ညနေ ရုံးဆင်းတော့ လမ်းလျှောက်ရင်း ဒီကောင်နဲ့ စကားပြောဖြစ်တယ်။
“ ဟေ့ကောင် … မင်းကတော့ တယ်လွတ်လပ်ပါလားကွာ။ ငါသာ ရုံးသွားလိုက်၊ အိမ်ပြန်လိုက်နဲ့ အချိန်ကုန်နေတာ ”
“ အေး … မင်းက လိုက်လျောညီထွေမှ မနေတတ်ဘဲ။ အပူတွေ ခေါင်းအုံးအိပ်တာကိုကွ။ ငါ့လို ပျော်ပျော်နေစမ်းပါ။ အလုပ်ချိန်လေး လုပ်လိုက်၊ အခြေအနေကြည့်ပြီး အနားယူလိုက်ပေါ့ကွာ။ အခုလည်း ငါဘီယာသွားသောက်မလို့ ”
“ အမ် … မဖြစ်ဘူးလေ။ မနက်ဖြန် ရုံးတက်ရမှာ။ မသောက်နဲ့တော့ကွာ။ ငါပါရောပြီး နံနေမယ် ”
“ မသောက်ပါဘူးကွာ။ မင်းကို စမ်းလိုက်တာ။ တကယ်တော့ အလုပ်ချိန်ပြင်ပဟာ မင်းကိုယ်ပိုင်ဘဝပဲ။ သောက်လည်းရတယ်။ က နေလည်းရတယ်။ အခုမင်းက မင်းဘဝတစ်ခုလုံး အလုပ်လို့ တွေးနေတာကိုကွ။ အလုပ်ချိန်မှ မဟုတ်ဘဲ။ သောက်တော့ ဘာဖြစ်လဲ။ မနက်ဖြန် အချိန်မီ ရုံးရောက်ရင် မပြီးဘူးလား ”
“ ဟိုဒင်းလေ .. အဲ … ဟုတ်သားပဲနော် ”
“ မဝေးစမ်းပါနဲ့ကွာ။ အလုပ်ရှိလို့ စောစောအိပ်တယ်တို့၊ ဝမ်းနှုတ်ဆေး စားလို့မရဘူးတို့ ဆိုတာ ဘဝကို ပိုက်ဆံနဲ့လဲနေတဲ့လူတွေကွ။ လူပဲကွာ … လူနဲ့တူအောင်နေရမယ်။ လူဖြစ်တဲ့အတွက် နောက်ကျတာရှိမယ်။ စောတာရှိမယ်။ အိပ်ပျော်သွားတာလည်းရှိမယ်။ အိပ်မက်လည်း ရှိမယ်။ စက်ရုပ်တွေ အိပ်မက်မက်တယ်ကြားဖူးလား ”
“ ဘယ်ရှိမလဲကွ။ စက်ပါဆိုမှ ”
“ ဒါပေါ့ကွ။ ငါတို့က စက်မဟုတ်ဘူး။ မင်း မနက် ၈ နာရီဆို ရုံးရောက်အောင်သွားတယ်။ ညနေ ၅ နာရီတိတိ မင်းပြန်ထွက်လာသလား ”
“ ၅ နာရီခွဲလောက်ပေါ့။ တခါတလေ ၆ နာရီနီးနီးပေါ့ ”
“ ဒါဆို ဒဏ်ရိုက်လေ။ မင်း အလုပ်ချိန်ကို မတိကျဘူး။ ၅ နာရီပြန်ပါဆိုတာကို ၅ နာရီကျော်အောင်နေတယ်။ ဒါအပြစ်ပဲ ”
“ ဟာ.. မင်းလုပ်တာနဲ့ ငါတောင်ကြောင်တောင်တောင်ဖြစ်လာပြီ။ မတူဘူးလေး။ မနက်နဲ့ ညနေ။ အသွားနဲ့ အပြန် ”
“ တူတာရှိတယ်လေကွာ။ မင်းကလူ။ မနက်ရော ညနေရော မင်းဟာ လူပဲ။ မနက်မှာ စက်ဖြစ်ပြီး ညနေမှ လူသားဆန်လို့မရဘူး။ မင်းနဲ့တော့ ခက်ပါတယ်ကွာ ”
“ ဒီတော့ ငါဘာလုပ်ရမှာတုန်း။ နောက်ကျမှ သွားရမှာလား ”
“ ခက်ပြီ။ တမင်တကာတော့ နောက်မကျနဲ့လေကွာ။ နောက်ကျသွားလဲ မင်းစိတ်မပျက်နဲ့လို့ပြောတာ။ အလုပ်မပြီးလဲ Worry မများနဲ့။ စောင့်နေကြလိမ့်မယ်။ နားလည်လား။ ပိုက်ဆံဖြတ်လည်း ဖြတ်ပေါ့ကွာ။ မင်းက လူဖြစ်လို့ လူလိုနေခွင့်ရဖို့ အဓိကပဲ မဟုတ်လား။ ပိုက်ဆံအဓိကဆို ဘိန်းရောင်းပေါ့ကွ။ တောထဲမှာနေလေ။ ပိုက်ဆံတွေ အပုံလိုက်စုထား။ နေမလား ”
“ မနေပါဘူး။ မင်းပြောတာလည်း ဟုတ်သလိုလိုပဲ ”
ပြောရင်းဆိုရင်း ကျွန်တော် အိပ်ယာထဲကို ခြေအိတ်မချွတ်သေးဘဲ ဝင်လှဲလိုက်တယ်။ ဒီကောင်က ရုံးဝတ်စုံကိုချွတ်ပြီး လူငယ်တွေပုံစံ T & Jeans ဝတ်နေတယ်။
“ မင်းဘယ်သွားဦးမလို့လဲ။ ငါနဲ့စကားပြောဦးလေကွာ ”
“ အပြင်ပြန်ထွက်လိုက်ဦးမယ်။ ငါပြောထားတာတွေ မင်းတွေးထားလေ။ အိပ်နှင့်တော့။ ငါပြန်လာမယ်။ မင်းရန်ကုန်ဆက်ဖို့ ဖုံးကဒ်ဝယ်လာမယ် ”
“ အေးကွာ ”
ဒီကောင် တံခါးစောင့်ပိတ်ပြီး ထွက်သွားတယ်။ သူ့ကို အခန်းပြတင်းကနေ လှမ်းကြည့်နေမိတယ်။ လွတ်လပ်တက်ကြွတဲ့ လူငယ်တစ်ယောက်ပဲလို့။ ဒီလိုနဲ့ ကိုယ်ကအိပ်ယာထဲနေပြီး စိတ်က လျှောက်လည်နေတဲ့ညတွေ၊ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ အိပ်ခဲ့ရတဲ့ညတွေ များလာခဲ့တယ်။ ဒီကောင်ပြောသွားတာတွေ တွေးရင်းနဲ့ပဲ … အိပ်မက်ထဲမှာ … ကျွန်တော်အလုပ်နောက်ကျခဲ့တယ်လေ။
33 comments:
Very Nice Post.
ခွဲခြားရေးထားတာလေး အရမ်းကြိုက်တယ် မောင်ပွတ်ရေ ။ ဒါနဲ့ ဘလောဂ့်တိုင်း (၃) ကိုလည်း စောင့်မျှော်လျက်ပဲး)
ဟေ့ကောင် မွတ်ပေါင် ကောင်းလိုက်တဲ့ ပို့ကွာ။ မျှော်ရ ကျိုူး နပ်တယ်။
ကောင်းလှောင့်တေး ပွတ်ကလေးရေ ဂွတ်သကွာ
မောင်ပွတ် နှစ်ကိုယ်ခွဲဇာတ်လမ်းလေး မိုက်တယ်။ ခြားနားခြင်း ၂ လာဦးမယ်ဆို ထပ်မျှော်နေမယ်။
အရမ်းကောင်းတဲ့ပို့စ်လေးပါပဲ။
အတွေးတွေစိတ်ကူးတွေအမြဲလေးစားနေတယ်နော်အစ်ကို ။
ကိုပွတ် မိုက်တယ် ...
ဒီကောင် က နည်းနည်း ဂျစ်ကန်ကန်နဲ့ ...
Mr.Pooh ရေ။ ခင်ဗျားရဲ့ ဒီအတွေးနဲ့ ဒီအရေးတွေကြောင့် ခင်ဗျားပို့စ်တွေကို ခိုက်တယ်ဗျာ။
တယ်မိုက်ပါလား မောင်ပွတ်
မောင်ပွတ်ရေ..
သူတို့တွေက မိုက်တယ်တဲ့.. ဒါဆိုရိုက်ရင်ကောင်းမယ်ထင်တယ်.. =)
ဟိုနေ့ကတည်းက ဖတ်လိုက်ပေမဲ့.. ဒီနေ့မှပဲ ကောမန့်ပွတ်ဖြစ်တယ်..
တကယ်ကောင်းတဲ့ ပို့စ်ပဲ.. ဒါကြောင့် မြန်မာအိုအေစစ် ဖြစ်နေတာ..
blog times 3 ကိုလဲ စောင့်မျှော်လျှက်..
waiting for 3
အရေးအသားကတော့ပြောစရာမလိုအောင်ကောင်းပါတယ်..
တစ်ခုတော့တစ်ခုပဲဗျာ..ပြောချင်တာလေးနည်းနည်းရှိလာတယ်..အားလုံးကကြိုက်တယ်ကောင်းပါတယ်..ဆိုတော့လဲ..
Sorry..Mr. Pooh…ကျွန်တော်အပေါ်ကရေးတာညံ့တော့ မရှင်းမရှင်းဖြစ်သွားတယ်..
တင်ပြထားပုံကလွန်ဆွဲနေတဲ့ပုံလေးလို့ ထင်ပါတယ်…နှစ်ကိုယ်ခွဲမဟုတ်ပဲ..စီနီယာလုပ်ဖော်ကိုင်ဖက်တစ်ယောက်ပုံစံမျိုး နဲ့ ခြားနားခြင်းပြုနေတဲ့ပုံလေးဖက်ကသွားခံစားမိလို့ ပါ..
အတိုချုပ်ဆိုရင်တော့..ခြားနားခြင်းရဲ့ ဟိုဘက်ကို မသွားသင့်သလို..ခြားနားခြင်းရဲ့ ဒီဘက်မှာလဲတရားလွန်မနေသင့်ဘူးလို့ သုံးသပ်မိ တဲ့ အချက်ကလေးပါရင်ပိုပြည့်စုံသွားမလားလို့ ပါ..
မိုက်တယ်ဗျာ ကိုပွတ် များများရေးပေး
မောင်ပွတ်ရေ ... ငါစလုံးမျာနေတုန်းက ရေးဖြစ်ခဲ့တဲ့ ပို့စ်လေး မင်းအတွက် တင်ပေးထားတယ်။ လာဖတ်ဦးကွ ...။
သံဃာတော်များအား အားဖြည့်အနေဖြင့် မေတ္တာသုတ်ကို ရွတ်ဖတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
အောက်တွင် မေတ္တသုတ်ကို အသင့်ရှိနေသော အရှင်မဏိဇောတ ပူဇော်ရေးသားသည့် ပရိတ်ကြီး ၁၁သုတ် အသံထွက်ရွတ်ဖတ်နည်း စာအုပ်မှ ရွတ်ဖတ်လိုသူများ အလွယ်တကူရွတ်ဖတ်နိုင်စေရန် ပြန်လည်၍ ကူးယူဖော်ပြလိုက်ပါသည်။
ဒီနေ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ်ဆိုးအောက် ကျရောက်နေသော၊ ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးကို ခံစားနေရသော မြန်မာနိုင်ငံသား ပြည်သူလူထုတရပ်လုံးအတွက် ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်စေရေးကို ရည်စူးလျှက် ဗုဒ္ဓဘာသာ သံဃာတော်အရှင်မြတ်များမှ စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကို တနိုင်ငံလုံးအ၀ှမ်း စတင်လိုက်ပြီဖြစ်ပါသည်။ ကျနော်တို့ မြန်မာနိုင်ငံသားအပေါင်းမှလည်း မိမိတို့တတ်နိုင်သမျှ စိတ်ဆန္ဒအင်အား၊ ကိုယ်ကာယအင်အားတို့ဖြင့် သံဃာတော်အရှင်သူမြတ်များနှင့်အတူ ပူးပေါင်းပါဝင်သင့်ပါသည်။ သံဃာတော်အရှင်မြတ်များအား အားဖြည့်သည့်အနေဖြင့် ကျနော်ကိုယ်တိုင်လည်းပဲ ဒီနေ့မှစတင်ပြီး အချိန်အားရခိုက်များတွင် ကြမ်းကြုတ်ရိုင်းစိုင်းနေသောသူများကို ယဉ်ကျေးပျော့ပျောင်းလာပါစေရန် မေတ္တာစိတ်ထား၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူသွားခဲ့သည့် တရားတော်များကို ရွတ်ဖတ်နေမည်ဖြစ်ပါသည်။
*****မေတ္တသုတ်*****
၁။ ယဿာနုဘာဝတော ယက္ခာ၊ (ယတ်သာနုဘာဝတော ယက်ခါ)
.....နေ၀ ဒေဿန္တိ ဘီသနံ။ (နေ၀ ဒတ်သင်တိ ဘီသနံ။)
.....ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ (ယင်ညှိ စေ၀ါနုယုန်ဇန်တော။)
.....ရတ္တိန္ဒိဝ မတန္ဒိတော။ (ရတ်တိန်ဒိဝ မ တန်ဒိတော။)
၂။ သုခံ သုပတိ သုတ္တော စ၊ (သုခံ သုပတိ သုတ်တော စ၊)
.....ပါပံ ကိဉ္စိ န ပဿတိ။ (ပါပံ ကိန်စိ န ပတ်သတိ။)
.....ဧ၀မာဒိ ဂုဏူပေတံ၊ (အေ၀မာဒိ ဂုဏူပေတံ။)
.....ပရိတံ္တ တံ ဘဏာမ ဟေ။ (ပရတ်တံ တံ ဘဏာမ ဟေ။)
၃။ ကရဏီယာ မတ္တကုသလေန၊ (ကရဏီယာ မတ်ထကုသလေန၊)
.....ယန္တသနံ္တပဒံ အဘိသမေစ္စ။ (ယန်တ သန်တံ ပဒံ အဘိသမစ်စ။)
.....သက္ကော ဥဇူ စ သုဟုဇူ စ၊ (သက်ကော ဥဇူ စ သုဟုဇူ စ၊)
.....သုဝစော စဿ မုဒု အနတိမာနီ၊ (သု ၀စော စတ်သ မုဒု အနတိမာနီ။)
(အန-တိမာနီဟု မရွတ်ပါနှင့်၊ အနတိမာနီဟု တဆက်တည်း ရွတ်ပါ။)
၎။ သန္တုဿကော စ သုဘရော စ၊ (သန်တုတ်သကော စ သုဘရော စ၊)
.....အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ (အပ်ပကိတ်စော စ သန်လဟုက၀ုတ်တိ)
.....သန္တိန္ဒြိယော စ နိပကော စ၊ (သန်တိန်ဒရိယော စ နိပကော စ)
.....အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။ (အပ်ပဂတ်ဘော ကုလေသွ န နုဂိတ်ဓော)
(အပ္ပ-ဂတ်ဘော ဟုမရွတ်ပါနှင့်၊ အပ်ပဂတ်ဘောဟု ရွတ်ပါ။)
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ (န စ ခုတ်ဒ မာစရေ ကိန်စိ)
.....ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။ (ယေန ၀ိညူ ပရေ ဥပ-၀ဒေယုံ)
.....သုခိနောဝ ခေမိနော ဟောန္တု၊ (သုခိနောဝ ခေမိနော ဟွန်တု)
.....သဗ္ဗသတ္တာ ဘ၀န္တု သူခိသတ္တာ။ (သတ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ)
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ (ယေ ကေစိ ပါဏဘူတတ်ထိ)
.....တသာ ၀ါ ထာဝရ၀ န၀သေသာ။ (တသာ ၀ါ ထာဝရာဝ န၀သေသာ)
.....ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ (ဒီဃာ ၀ါ ယေ၀ မဟန်တာ)
.....မဇ္စျိမာ ရဿကာ အဏုကထူလာ။ (မစ်ဈိမာ ရတ်သကာ အဏုကထူလာ)
၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ (ဒိတ်ထာ ၀ါ ယေ၀ အဒိတ်ထာ)
.....ယေ၀ ဒူရေ ၀သန္တိအ၀ိဒူရေ။ (ယေ၀ ဒူရေ ၀သန်တိ အ၀ိဒူရေ)
.....ဘူတာ၀ သမၻေ၀သီ၀၊ (ဘူတာ-၀ သမ္ဘေ၀သီ-၀)
.....သဗၺသတၱာ ဘ၀ႏၱဳ သုခိတတၱာ။ (သတ္ဗ-သတ္တာ ဘ၀န္တု သုခိတတ္တာ)
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ (န-ပရော ပရံ နိကုပ်ဗေထ)
.....နာတိမညေထ ကတ္ထစိ န ကဉ္စိ။ (နာတိမင်ညေထ ကတ်ထစိ န-ကင်စိ)
.....ဗျာရောသနာ ပဋ္ဋိဃသည၊ (ဗျာရောသနာ ပတိယ သင်ည)
.....နာညမညဿ ဒုက္ခ မိစ္ဆေယျ။ (နင်ညမင်ညတ်သ ဒုတ်ခ မိတ်ဆေယ)
၉။ မာတာ ယထာ နိယံပုတ္တ၊ (မာတာ ယထာ နိယံပုတ်တ)
.....မာယုသာ ဧကပုတ္တ မနုရက္ခေ။ (မာယုသာ အေက-ပုတ်တ မနုရတ်ခေ)
.....ဧ၀မ္ပိ သဗ္ဗဘူတေသု၊ (အေ၀မ်ပိ သတ်ဗဘူတေသု)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အ-ပရိမာဏံ)
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ (မစ်တင်စ သတ်ဗလောက-သမိ)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အပရိမာဏံ)
.....ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ (အုတ်ဓံ အဓော စ တိရိယင်စ)
.....အသမ္ဗာဓံ အဝေရ မသပတ္တံ။ (အ-သတ်ဗာဓံ အဝေရ မ-သပတ်တံ)
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ (တိတ်ထံ စရံ နိသန်နော ၀)
.....သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။ (သယာနော ယာဝတတ်သ ၀ိတ-မိတ်ဓော)
.....ဧတံ သတိံအဓိဋ္ဌေယျ၊ (အေတံ သတိန် အဓိတ်ထေယ)
.....ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။ (ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု)
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ (ဒိတ်ထိန်စ အနုပက်ဂမ်မ)
.....သီလ၀ါ ဒဿနေန သမ္ပန္နော။ (သီလ၀ါ ဒတ်သနေန သမ်ပန်နော)
.....ကာမေသု ၀ိနယ ဂေဓံ၊ (ကာမေသု ၀ိနယ ဂေဓံ)
.....နဟိ ဇာတု ဂၢဗ ၻေသယ် ပုန ရေတိ။ (န-ဟိဇာတုတ် ဂတ်ဘ သေယ ပုန ရေတိ)
မေတ္တသုတ္တံ နိဋ္ဌိတံ။
မောင်ပွတ်ရေ ကဗျာလာဖတ်ဆိုလို့လာဖတ်တယ် ဒါပေမယ့် ရှာမတွေ့ဘူးကွဲ့ ကဲ ဘယ်လိုလုပ်ရမတုံး
ပို့စ်အကုန်တော့စုံနေပြီ ဘယ်တစ်ခုပြောမှန်းမသိတာ
ကောင်းလိုက်တဲ့စာဗျာ။
ဒီအချိန်မှာ ဖတ်ရတော့ ကွက်တိပဲ။
ဂျာနယ်ကို လှမ်းပို့ပေးရမား။
ကွန်မန့် 20 တဲ့။ တကယ်တန်ပါတယ်။ 20 မက ရေးကြမှာပါ ဖတ်ဖြစ်ကြမယ်ဆိုရင်...။ ခြားနားခြင်း ကို နှစ်သက်စွာ ခံစားသွားပါတယ်။ ခြားနားခြင်း 2 ကို စောင့်မျှော်နေသလို 21 ခုမြောက် ကွန်မန့်ကို ရေးသွားပါတယ်။ ကိုမောင်ရင် ပြောသလို ဟိုဘက်အစွန်းထိ လွန်နေကြတဲ့သူတွေလည်း ရှိတယ်။ ဘာပဲပြောပြော အရေးအသားတစ်ခုကိုတော့ ကြိုက်သွားပြီ။ အေးချမ်းစွာနေလိုတဲ့အချိန်မှာ အေးချမ်းစွာပဲ စောင့်မျှော်နေပါ့မယ် ... ဘလော့ဂ်တိုင်းမ် 3 ကိုပေါ့။
..ဒီနေ့ ပဲ ဝင်မိ..ဖတ်မိ..ဒီ တပုဒ်...သောက်ရမ်း ကြိုက်...
ဖြစ်ရပ်ခြင်း တူတော့...ထပ်တူ ခံစားလို့ရ..
...ဆက်ဖတ်မယ်ဗျို့ ...ဆက်ရေးဗျာ..
y7Uv7a Your blog is great. Articles is interesting!
WRxQPX Wonderful blog.
Magnific!
Please write anything else!
actually, that's brilliant. Thank you. I'm going to pass that on to a couple of people.
Wonderful blog.
Thanks to author.
Wonderful blog.
actually, that's brilliant. Thank you. I'm going to pass that on to a couple of people.
c0bZju Hello all!
Nice Article.
Post a Comment