Monday, July 9, 2007

MBA သတင်းနှင့် ဆုံးဖြတ်ချက်

မနေ့က Service + မှာ လုပ်ခဲ့တဲ့ အစည်းအဝေးလေးက အဓိကအားဖြင့်တော့ MBA လို့ခေါ်တဲ့ မြန်မာ ဘလော့ဂ်ဂါများ အစည်းအရုံးဖွဲ့စည်းဖို့နဲ့ လိုအပ်ချက်လေးတွေကို ညှိနှိုင်းဖို့ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်အတွက် စာမူကြမ်းများကို Rating ပေးပြီးခဲ့ပြီဖြစ်လို့ ပါဝင်မယ့် Category အလိုက် ထည့်သွင်းမယ့် စာမူတွေကိုလည်း အပြီးသတ်ရွေးချယ်ခဲ့ကြပါတယ်။ လောလောဆယ် စာမူပေါင်း ၈၀ ကျော် ရွေးချယ်ထားပြီး လိုအပ်နေဆဲ စာမူများကိုလည်း ထပ်မံဖြည့်တင်းဦးမယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ကိုနေဘုန်းလတ်ဆီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျွန်တော်ကတော့ MBA ဖွဲ့စည်းဖို့အကြောင်းလေးကို တတ်နိုင်သလောက် ပြန်လည်တင်ပြပေးပါမယ်။ မနေ့က အစည်းအဝေးလာတဲ့ Blogger တွေက လက်ရှိအချိန်မှာတော့ MBA ကို Online မှာပဲ ဖွဲ့စည်းဖို့ ဆုံးဖြတ်ကြပါတယ်။ ပထမအဆင့်အနေနဲ့ Dynamic Feature တွေ အစုံအလင်ပါတဲ့ Web Portal တစ်ခုကို ကိုယ်ပိုင် Domain + Hosting နဲ့ တင်ချင်ပါတယ်။

ဒီ Portal မှာ Member တွေကို Fee တစ်ခုကောက်ခံပြီး အသင်းဝင်အဖြစ် လက်ခံပါမယ်။ ကိုယ်ပိုင် Blog ရှိတဲ့ ဘယ် Blogger မဆို ပါဝင်နိုင်ပြီး Forum, Chat နဲ့ Comment တွေလို Member တွေသာ သုံးခွင့်ရတဲ့ Function တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Member တွေရဲ့ Blog Logo တွေကိုလည်း တနေရာမှာ ဖေါ်ပြပေးထားပါမယ်။ အဓိကအနေနဲ့ကတော့ Member Blog တွေက RSS Feed တွေကိုယူပြီး Portal မှာ နေ့စဉ် Update လုပ်တဲ့ Blog တွေရဲ့ နောက်ဆုံးတင်တဲ့ Post တွေကို ခေါင်းစဉ်၊ စာမြည်း၊ Label နဲ့တကွ တင်ပြပေးမှာဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူအနေနဲ့ ဗမာ Blog အားလုံးကို လိုက်လံကြည့်ရှုစရာမလိုတော့ဘဲ ဒီ Portal ကနေတဆင့် စိတ်ဝင်စားရာ Blog ကို သွားနိုင်ပါတယ်။ ကိုယ့် Post သာ တကယ်ကောင်းမယ်ဆိုရင် အရင်ရနေကျ Hit ထက် များစွာပိုရနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ Portal အနေနဲ့ကတော့ နေ့စဉ် Hit ၁၀၀၀ လောက်ရမယ်လို့ မျှော်မှန်းထားပါတယ်။

နောက်တစ်ခုကတော့ ကြော်ငြာပဲဖြစ်ပါတယ်။ MBA Portal မှာ Blogger တွေဟာ ကိုယ့် Blog ကို အခကြေးငွေ အနည်းငယ်နဲ့ ပြန်ကြော်ငြာနိုင်ပါတယ်။ ထို့အတူ အခြားသော Portal များနဲ့လည်း Banner Exchange သဘောမျိုး အပြန်အလှန် ကူညီကြော်ငြာနိုင်လာမယ်လို့ မျှော်လင့်ပါတယ်။ အခြားသော စီးပွါးရေးကြော်ငြာများကိုလည်း အသင်းရံပုံငွေအတွက် လက်ခံသွားချင်ပါတယ်။

အရေးအကြီးဆုံး နောက်တစ်ချက်က လာလည်တဲ့ Visitor တစ်ယောက်ကို ကျွန်တော်တို့ Portal ပေါ်မှာ အချိန်ဘယ်လောက်ကြာကြာ ဆွဲထားနိုင်မလဲ ဆိုတာပါပဲ။ RSS Feed တွေလာဖတ်ပြီး ကြိုက်ရာ Blog ကိုချက်ချင်းသွားမယ်ဆိုရင် ကျွန်တော်တို့ Portal ဟာ Directory ပုံစံမျိုးပေါက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Portal မှာလည်း Blogger တွေရဲ့ ကိုယ်ပိုင် BLOG တွေမှာ ဖေါ်ပြထားခြင်း မရှိသေးတဲ့ သီးသန့် POST တွေကို အလျဉ်းသင့်သလို ဖေါ်ပြပေးသွားမှာဖြစ်ပြီး အစည်းအဝေးသတင်းလို၊ စာအုပ်ကိစ္စသတင်းလို၊ အကူအညီလိုနေရင်လည်း လိုတဲ့အကြောင်းလို သတင်းတွေကိုလည်း အချိန်နဲ့အမျှ တင်ပြပေးနိုင်အောင် လုပ်ယူရမှာဖြစ်ပါတယ်။ ဒါမှသာ လာလည်တဲ့လူတစ်ယောက်ကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ ပျော်စရာ GAME များ၊ TEMPLATE အလှပြိုင်ပွဲများ စတဲ့ FUN ISSUE လေးတွေကိုလည်း စီစဉ်တင်ဆက်သွားမှာပါ။

ဒီ PORTAL ကို တတ်ကျွမ်းနားလည်ပြီး စိတ်ချရတဲ့ PROFESSIONAL SERVICE တစ်ခုကို ငွေကြေးတစုံတရာအသုံးပြုပြီး ရေးဆွဲစေမယ်လို့လည်း သဘောတူခဲ့ကြပါတယ်။ အသင့်တော်ဆုံး CMS တစ်ခုကို အခြားသော MODULE လေးတွေ ( FREE ရတာမဟုတ်ဘဲ တကယ်အသုံးတဲ့မယ့် MODULE )ကို ချိတ်ဆက်ပြီး ဖေါ်ပြမှာပါ။ ရေးဆွဲပြီးရင်တော့ ကျွန်တော်တို့ MBA က လက်လွှဲရယူထားမှာပါ။ စံတော်ချိန်မတူတဲ့ နိုင်ငံတွေက BLOGGER တချို့ကို ADMIN RIGHT ပေးထားမှာဖြစ်ပြီး နောက်ထပ် BLOGGER အချို့က SITE ORGANIZER များအဖြစ် ပါဝင်ကြမှာဖြစ်ပါတယ်။ စံတော်ချိန်မတူတဲ့ ဒေသက BLOGGER တွေကို ခွဲဝေတာဝန်ပေးခြင်းကတော့ နေ့ညမပျက် စောင့်ကြည့်နိုင်အောင်ဖြစ်ပါတယ်။ ဥပမာ - ရန်ကုန်က ADMIN အိပ်ချိန်မှာ အမေရိကန်က ADMIN က ဆက်လက်စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကုန်ကျစရိတ်က US$ 400~450 လောက်ခန့်မှန်းပါတယ်။

လက်ရှိအခြေအနေမှာ PORTAL SITE တစ်ခုကို စတင်ဖန်တီးထားပြီး အားလုံးရဲ့စုရပ်အဖြစ် စတင်ပုံဖေါ်ထားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ONLINE COMMUNITY ကနေ တဆင့်တက်ပြီး အားလုံးပါဝင်လို့ရပြီး အကျိုးရှိမယ့်စုပေါင်းလုပ်ဆောင်တာလေးတွေ လုပ်နိုင်အောင် စီစဉ်သွားမှာပါ။ နောက်တစ်ခုက လောလောဆယ် ကျွန်တော်တို့သုံးနေတဲ့ BLOGGER FORUM ကိုလည်း ဒီ PORTAL နဲ့ပူးပေါင်းဖို့၊ ဒါမှမဟုတ်ရင် တနည်းနည်းနဲ့ ချိတ်ဆက်ဖို့ ညှိနှိုင်းချင်ပါတယ်။ ဒီလိုဆိုရင် BLOGGER အချင်းချင်း တနေရာတည်းမှာ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ နောက်ထပ် FORUM အသစ်တစ်ခုကို စင်ပြိုင်သဘောမျိုး လုံးဝဖန်တီးမှာ မဟုတ်ပါဘူး။ နောက်ပြီး သံလွင်အိပ်မက်လို BLOGGER တွေ ဦးစီးနေတဲ့ E-ZINE လေးတွေကိုလည်း ဒီ PORTAL ပေါ်မှာပဲ ဖတ်ရှုနိုင်အောင် တိုင်ပင်သွားမှာဖြစ်ပါတယ်။

ဒါတွေကတော့ မနေ့ကအစည်းအဝေးရဲ့ ရလဒ်တချို့ပါပဲ။ PORTAL ကို ဘယ် SERVICE ကို အပ်မလဲ၊ MEMBER တွေရဲ့ ခံစားခွင့်၊ ADMIN နဲ့ ORGANIZER တွေရဲ့တာဝန်ကဘာလဲ၊ ရံပုံငွေ ရရှိရေးစတဲ့ အရေးပါတဲ့ ဆွေးနွေးစရာတွေကို ထပ်မံဆွေးနွေးသွားကြဦးမှာပါ။ ပြည်ပက သူငယ်ချင်းများနဲ့ အစည်းအဝေးမလာဖြစ်သူများရဲ့ အမြင်လေးတွေကိုလည်း သိချင်ပါသေးတယ်။ အခုရလဒ်တွေကို ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုတက်စလာ၊ ကိုစိုးဇေယျ၊ ကိုဘလာဂေါက်၊ မဘာညာ၊ မမယ်လိုဒီမောင်နဲ့ ကျွန်တော်တို့ အဓိကဆွေးနွေးသွားတာဖြစ်ပါတယ်ခင်ဗျာ။

5 comments:

Thet Htoo@Myat Lone said...

ကိုပွတ်ရေ ကျွန်တော် သိပ်နေမကောင်းလို့ မလာလိုက်နိုင်ဘူးဗျာ။ ဆွေးနွေးထားတာတွေ ကောင်းတယ်ဗျာ။

Yan said...

ကိုမောင်ပွတ်ရေ.
ကျွန်တော်ဒီသတင်းကို စောင့်ဖတ်နေတာဗျ. ခဏခဏလာကြည့်ဖြစ်တယ်. ခုမှပဲတွေ့တော့တယ်.
သိပ်ကိုပြည့်စုံကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေပါပဲဗျာ. ကျွန်တော်အကြမ်းလုပ်ထားတဲ့ MBA Blog မှာ ပြန်လည်ဖော်ပြခွင့်ပြုပါ. မြန်မာဘလော့ဂါဖိုရမ်ကို portal ထဲမှာ ပါဝင်လာနိုင်အောင် ကျွန်တော်ကြိုးစားကြည့်ပေးပါမယ်.
Domain ၀ယ်ဖို့အတွက် လိုအပ်တာတွေကိုလည်း အကြမ်းဖျင်းကုန်ကျစရိတ် တွက်ပြစေချင်ပါတယ်.

ခင်မင်လေးစားလျက်

ရန်အောင်

MELODYMAUNG said...

ဒီပို့စ်ကို ဖေါ်ပြတဲ့ မောင်ပွတ်ရေ Good Job and well done ပါ။
တခုထပ်ဖြည့် ရင်ကောင်းမလားလို့ (just reminding naw)
“ကိုယ့် Post သာ တကယ်ကောင်းမယ်ဆိုရင် အရင်ရနေကျ Hit ထက် များစွာပိုရနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်သလို နိုင်ငံရေးကိတ်စ ညစ်ညမ်းစာသား ပါဝင်မှုကိတ်စတွေကိုလဲ ADMIN မျာကအနည်းအကျဉ်း ပြင်ဆင်ဖေါ်ပြတာကလွဲလို့ ကောင်းကျိုးဆိုးကျိုးသည် ဘလော့ ပိုင်ရှင်၏ အပေါ်တွင် လွတ်လပ်စွာအကျိုးသက်ရောက်စေမည်ဖြစ်သည်”
ဆိုတဲ့ အကြောင်းအရာ တခုဖေါ်ပြဖို့ ကျန်နေသေးသလားလို့

ကိုဖြိုး said...

ပြောဘူးကွာ ဘာဖြစ်လဲ

Thelay said...

MBA = Married but available