Thursday, July 12, 2007

ဝါဆို (သို့) Comment များရဲ့မွေးနေ့


ဒီမိုရေ -

နင့်မွေးနေ့ကို သတိတရရှိကြတဲ့ သူငယ်ချင်းတွေထဲမှာ ငါက အယောက်တစ်သိန်းမြောက် သူငယ်ချင်းဖြစ်မယ် ထင်ရဲ့။ နင့်မွေးနေ့မှာ အခုလို Post တစ်ခု သတိတရရေးခွင့်ရတာကိုလည်း ဝမ်းသာပါတယ်။ OA6 ရဲ့ အမာခံဧည့်သည်ဖြစ်သလို ရင်းနှီးတဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ ဒီမိုရဲ့မွေးနေ့ဟာ ဟိုးအရင်မွေးနေ့တွေထက် ပိုမိုပျော်ရွှင်စရာ ကောင်းမယ်လို့ထင်ပါတယ်။ အပြင်က သူငယ်ချင်းတွေအပြင် ဒီနှစ်ထဲမှာ သိသိသာသာတိုးပွားလာတဲ့ Blogger သူငယ်ချင်းတွေကလည်း နင့်မွေးနေ့မှာ သတိတရနဲ့ လက်ဆောင် Post တွေ ပေးမယ်ဆိုတာ ငါသံသယမရှိပါဘူး။ Blog တွေစုံအောင် လည်ပတ်ပြီး Comment တွေချ၊ Cbox တွေကနေ နှုတ်ဆက်တတ်တဲ့ နင့်ကို အားလုံးက B-day Wish ပေးချင်ကြမှာပါ။ နင်ပျော်နေရဲ့လား … နင့်ရဲ့ 23rd B-day Party အကြောင်း ပြန်ပြောပြဦးနော်။

ငါ့အနေနဲ့ကတော့ အခု ၂၀၀၇ မွေးနေ့ကနေ နောက်ထပ်မွေးနေ့ပေါင်းများစွာကို ချစ်တဲ့မိသားစု၊ သူငယ်ချင်း၊ Blogger များနဲ့အတူ ထပ်မံဖြတ်သန်းဖို့ ဆုတောင်းတယ်။

6 comments:

Anonymous said...

Mr.Pooh ( or ) မောင်ပွတ် (or ) My Baby Pooh,

ခုလို ငါ့ မွေးနေ့ကို အမှတ်တရ နဲ့ ပို့စ်တစ်ခုကို မအားတဲ့ကြားက ကြိုးစားပမ်းစား တင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်.. ဘာပြောရမှန်းတောင် မသိတော့ဘူး.. I'm touched by everything you did for me..
b'day flash banner အတွက်ရော.. ပို့စ်အတွက်ရော.. အရာရာတိုင်းအတွက်.. ( အထူးသဖြင့် ငါ့နားမှာ ခင်မင်စရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက် အဖြစ်နေပေးတဲ့ ) နင့်ကို ကျေးဇူးပါ..
b'day cake ကို အကြွေးမှတ်ထားနော်.. နင်နဲ့ နောက်တော့တွေ့ မှ ကျွေးတာပေါ့..
နင်ပေးတဲ့ ဆုနဲ့ ပြည့်ရပါစေ ငါ့ရဲ့ သူငယ်ချင်းလေး.. =)
ငါနောက်ထပ် comments တွေ ဆက်ရေးနိုင်အောင် နင်က ပို့စ်တွေ အများကြီး ဆက်တင်မှ ဖြစ်မှာ..

truely yours,
ဒီမို

သန့်ဇော်မင်း said...

happy birthday demo!

i wish you the best to everything.

cheers,
tzm

Kreator said...

မီတူး .. ဟိဟိ ..

အဲလို မပြောပါဘူး
ဒီမိုတစ်ယောက် နောက် ဒီလို ပျော်ရွှင်တဲ့ မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေလို့

Unknown said...

Happy Birthday Demo !!

နိုင်းနိုင်းစနေ said...

ဟတ်ပီဘတ်ဒေး ဒီမိုး)
မွေးနေ့မှ ပျော်ရွှင်ပါစေ
လိုအင်ဆန္ဒ ပြည့်ဝပါစေ
ကျန်းမာပါစေ
ကော်မန့်များများ ရေးနိုင်ပါစေး)

Anonymous said...

ကိုtzm >>> b'day wish အတွက် ကျေးဇူးပါ.. မုန့်စားချင်ရင် g-talk ကနေ add လိုက်ပါ.. ကျွေးပါမယ်.. =)

Bro Gyi Kreator >>> ပြောမှ wish လုပ်တယ်... မုန့်ကျွေးတော့ဘူး.. ဒါပဲ.. =)

ကိုညီ >>> Thanks Bro.. =)

မနိုင်း >>> Thanks for your b'day wishes, မနိုင်း ပေးတဲ့ ဆုနဲ့ ပြည့်ရပါလို၏.. =) comments များများလာရေးလို့ စိတ်ညစ်ရဘူးနော်.. =)

မောင်ပွတ် >>> သူငယ်ချင်းလေး..အရာရာတိုင်းအတွက် ကျေးဇူး.. ညက အိမ်ပြန်တာ နောက်ကျလို့.. ဆောရီးနော်...