Monday, February 26, 2007

Once , we're there ...

မြန်မာကွန်ပျူတာအသင်းချုပ် MCF ကဖွင့်တဲ့ Java တန်းတက်တုန်းက သင်တန်းဆင်းပွဲမှာ ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေ ပြန်ကြည့်လို့ ရအောင် တင်ထားပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပုံပါ။


ဘယ်ဘက်အစွန်ဆုံးက လင်းလင်းနောင် ပါ။ UCSM ကျောင်းသားဟောင်းပါ။ ဂျပန်လို သိပ်တော်ပြီး ဂျပန်လို ရေးရင်လည်း လက်ရေးသိပ်လှတယ်။ အခုတော့ အဲဒါတွေနဲ့ မဆိုင်တာတွေလုပ်နေပါတယ်။ သူ့ ဘေးက Shirt အနက်နဲ့ က ချမ်းမြေ့ ကိုကိုပါ။ Photoshop ကိုတဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ ပဲခူးသားလေးလေ။ သူက S'pore သွားဖို့ လုပ်နေပါတယ်။ နောက်တစ်ယောက်က အခု U.S.A ရောက်နေတဲ့ ကိုမိုးကျော်ဝင်းပါ။ သိပ်သဘောကောင်းပြီး အမြဲပြုံးနေတတ်ပါတယ်။ ဒီ Batch မှာအသက်အကြီးဆုံးထင်ပါတယ်။ ကိုမိုးကျော်ဘေးက Anil လို့ ခေါ်တဲ့ အောင်နိုင်ချိုပါ။ သူ့ နောက်မှာ ဝေဖြိုး ရှိပေမယ့် ဇော်မင်းထက် နဲ့ ကွယ်နေပါတယ်။ ဝေဖြိုးကတော့ အဲဒီတုန်းက Java ကို တော်တော် နိုင်နိုင်နင်းနင်း ရေးနိုင်တဲ့ ရှားရှားပါးပါးကျောင်းသားစာရင်းမှာပါ ပါတယ်။ Asa (သို့ ) တရုတ် လို့ ခေါ်တဲ့ ဇော်မင်းထက် ကတော့ ဒီအဖွဲ့ မှာ ပထမဆုံး အလုပ်ရတဲ့လူဖြစ်မယ်။ ဒါပေမယ့် IT နဲ့ မဆိုင်တဲ့ Construction က အ၀ယ်တော်ပါ။ သူ့ ဘေးက မိုးကုတ်သား Napali ပါ။ ဒီသင်တန်းဆင်းပွဲ မတိုင်ခင်လုပ်တဲ့ King & Queen ရွေးပွဲမှာ King ဘွဲ့ ရထားပါတယ်။ သူ့ ဘေးကတော့ Queen ဘွဲ့ ရသွာတဲ့ ဖြူဖြူအောင်ပါ။ သူကတော့ MCF မှာ သင်တန်းတွေ မကုန်မချင်းတက်နေပါတယ်။ Incubation မှာလည်း Booth ယူထားပါတယ်။ သူ့ ဘေးက မအေးသင်ဇာမြင့်ပါ။ သိပ်သဘောထားပြည့်ဝပြီး လူကြီးဆန်တဲ့ ဒီအစ်မကြီးက အခု UCSY မှာ ဆရာမလုပ်နေပါတယ်။ နောက်တစ်ယောက်က Java သိပ်ကျွမ်းတဲ့ ဇာလီထွန်းပါ။ သူ့ ကိုအလုပ်ခန့် လိုက်တဲ့ SysMegic ကတော့တကယ့်ကို လူရွေးမှန်သွားတာပါပဲ။ သူ့ ဘေးကတော့ မအေးခိုင်ဖြိုး နဲ့ ဖြိုးသန္တာ တို့ ကတော့ ခပ်အေးအေးနေတတ်လို့ သူတို့ အကြောင်းကိုတော့ သိပ်မသိပါဘူး။ နောက်တစ်ယောက်က MCF က မသန္တာပါ။ သူ့ ဘေးက အခု Winner မှာလုပ်နေတဲ့ မျိုးမျိုးချိန်ပါ။ နောက်တစ်ယောက်ကတော့ သူနဲ့ အတွဲများတဲ့ မသက်မာလွင်သန်းပါ။

ရှေ့တန်း ဘယ်ဘက်အစွန်က အေးချမ်းပါ။ အခု Navistar မှာပါ။ ထိုင်ခုံနဲ့ က ဆရာဦးမင်းမြတ်စိုးပါ။ MCF မှာ စာသင်သလို Navistar Myanmar Website Development Company ကိုလည်း Technical Executive အနေနဲ့ ဦးစီးနေတဲ့ ဆရာဖြစ်ပါတယ်။ ဆရာ့ဘေးက တုတ်တုတ် လို့ ခေါ်တဲ့ သီဒါနွဲ့ ပါ။ အရင် Ygn Chat ကလူတွေကတော့ Rikhu လို့ သိကြမှာပါ။ Doomed Server ပိုင်ရှင် Iceland သား Alli နဲ့ အိမ်ထောင်ကျပြီး UK မှာနေပါတယ်။ သူ့ ဘေးကတော့ နော်ဝင်းဝင်းလတ် နဲ့ Solveware Solution မှာအလုပ်ဝင်နေတဲ့ ရင်မျိုးသန့် ပါ။

ဒီပုံမှာ မပါတဲ့ Same Batch တစ်ယောက် နှစ်ယောက် တော့ကျန်ပါသေးတယ်။ မေလွင် တို့ လိုပေါ့။ ဒီအတန်းက အများစုက IT မှာပဲ အခြေချနိုင်နေတာကတော့ ၀မ်းသာစရာပါ။ တချို့ ကလည်း အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ကြတော့ပါဘူး။ ဒီသူငယ်ချင်းတွေရဲ့ ဖုံး၊ Email နဲ့ လိပ်စာသိချင်ရင်တော့ comment မှာ ပို့ ပေးရမယ့် Email လေးသာရေးထားခဲ့ပါ။

နောက်ဆုံးပြောရမှာကတော့ ဒီဓါတ်ပုံကို ရိုက်ပေးတဲ့ မဖြူဖြူဇင်ပါ။ ကျွန်တော် MICT စရောက်တဲ့အချိန်ကစပြီး ခုထိ အမြဲတမ်းကူညီ အကြံပေးနေတဲ့ အစ်မပါ။ ကျွန်တော်ရယ်၊ ချမ်းမြေ့ရယ်၊ တုတ်တုတ်ရယ် ကို မဖြူ က သိပ်ခင်ပါတယ်။ ကျွန်တော့်အတွက်တော့ အခုလို IT နဲ့ ထိတွေ့ နေနိုင်တာ ဆရာ နဲ့  မဖြူတို့ ရဲ့ ကျေးဇူးတွေပါ။

4 comments:

roffe said...

Just say hello from almost the North Pole.....

Unknown said...

i miss you all, friends. When i am in Yangon, i will come and see you all.

Unknown said...

i miss you all, friends. When i am in Yangon, i will come and see you all.

Unknown said...

we were together on those days because we had been together before. so i m sure we will be together in future.