Tuesday, February 13, 2007

A birthday on Feb 13 !

မွေးနေ့ ဆိုတာ လူတစ်ယောက်အတွက်တော့ လူ့ ဘ၀ရဲ့ တာဝန်တွေ၊ လုပ်ဆောင်ရမယ့်အလုပ်တွေကို စတင်လက်ခံယူ ရတဲ့ နေ့ တစ်နေ့ ပါပဲ။ အဲဒီတာဝန်တွေ ၊ အလုပ်တွေကျေပွန်တဲ့ လူတွေကို ကျန်တဲ့လူတွေက အမြဲတမ်းသတိရနေကြသလို သူ့ မွေးနေ့ ကိုလည်း မှတ်မှတ်ရရ ရှိနေတတ်ကြပါတယ်။

ဒီနေ့  ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ကတော့ ဗမာလူမျိုးတွေအတွက် ဆပ်လို့ မကုန်နိုင်တဲ့ ကျေးဇူးတွေနဲ့  နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် တကယ့်ကို အသက်ပေး စွန့် လွှတ်ခဲ့တဲ့ လွတ်လပ်ရေးဖခင် အာဇာနည်ကြီး " ဗိုလ်ချုပ်အောင်ဆန်း " ရဲ့ မွေးနေ့ ပဲဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် စံပြကျောင်းသားခေါင်းဆောင်၊ စစ်သားတွေအတွက် ပြတ်သားတဲ့စစ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားတွေ အတွက် ဘက်မလိုက်တဲ့ နိုင်ငံခေါင်းဆောင်... ဗမာ့သမိုင်းမှာ တုနှိုင်းယှဉ်စရာ လူမရှိခဲ့ပါဘူး။ နိုင်ငံသုံးငွေကြေးတွေမှာ ရှေးဗမာမင်းတို့ ရဲ့ ဘုရင့်တံဆိပ်တော် အာဏာစက် ဒေါင်းတံဆိပ် နေရာမှာအစားထိုးနိုင်တာဆိုလို့  ဗိုလ်ချုပ်ရဲ့ မဟုတ်မခံ ရှုတင်းတင်းမျက်နှာနဲ့ ပုံတွေပဲ ရှိပါသေးတယ်။ ဗိုလ်ချုပ်က မျက်နှာထားတင်းနေပေမယ့် မြင်သူတိုင်းက တို့ တိုင်းပြည်ကို ကျွန်ဘ၀ ကလွတ်အောင်ကယ်နိုင်မယ့်သူဟာ ဦးအောင်ဆန်းသာ အမှန်ဖြစ်မယ်လို့ ယုံကြည်ခဲ့ကြတယ်လို့  ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်နေ၀င်း ရေးတဲ့စာတွေမှာ မှတ်သားရပါတယ်။
ကျွန်တော်တို့ ဗိုလ်ချူပ်ဟာ သူ့ ဘ၀ရဲ့ သက်တမ်းတ၀က်လောက်၊ လူမှန်းသိတတ်တဲ့အချိန်အားလုံး ကိုတိုင်းပြည်အတွက်ပဲ ပေးဆပ်ခဲ့ပါတယ်။ ရန်ကုန်တကသိုလ်ရောက်တယ် ဆိုရင်ပဲ ဗိုလ်ချုပ် ဘ၀မှာ အပျော်အပါးတွေ တော်တော်ဆိတ်သုဉ်းသွားခဲ့ပါပြီ။ ဘာဖြစ်လို့ လဲ... ကျွန်ဖြစ်နေတဲ့ ဘ၀တူတိုင်းရင်းသားတွေကို ကယ်ဆယ်ချင်လွန်းလို့ ၊ ကိုယ့်ဘုရင်၊ ကိုယ့်ဥပဒေနဲ့ ရှင်သန်ချင်လွန်းလို့ ပါ။ ကိုယ်လွတ်ရုန်းချင်လို့ ကတော့ ဗြိတိသျှအစိုးရပေးမယ့်ငွေကြေးတွေဟာ ခုထိတောင်ကုန်ဦးမှာမဟုတ်ပါဘူး။ ဗိုလ်ချုပ်ကတော့ ငွေကြေးနဲ့ အခွင့်အရေးကို လုံးဝ လက်မခံဘဲ တိုင်းပြည်လွတ်လပ်ဖို့ ပဲ ကြံဆောင်ခဲ့ပါတယ်။ ပိုက်ဆံမရှိလို့  ဖြစ်သလို ထမင်းစားခဲ့ရတာတွေ၊ ရုပ်ရှင်ကိုရှေ့ဆုံးတန်း (ဈေးအပေါဆုံးတန်း) ကကြည့်ခဲ့ရတာတွေ၊ ရုံးတက်စရာကားမရှိလို့  လမ်းလျှောက်သွားခဲ့ရတာတွေ...ဦးပုကလေးရေးတဲ့ " ငါတို့ ဗိုလ်ချုပ် ဘာတွေလုပ် " ဆိုတဲ့ စာအုပ်မှာဖတ်ကြည့်ရင်သိနိုင်ပါတယ်။

ဗိသုကာဆန်တဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ၊ ပညာတတ်ဆန်တဲ့ အပြောအဆိုတွေ၊ သူရဲကောင်းဆန်တဲ့ စစ်ရေးတွေ၊ ယှဉ်ဖို့ ခက်တဲ့ ကိုယ်ကျိုးစွန့် မှုတွေနဲ့  ဒီခေါင်းဆောင်ကြီးရဲ့ မျှော်လင့်ချက်က လွတ်လပ်ရေးရဖို့ ပါပဲ။ လွတ်လပ်ရေးရရင်တော့ " ဒါ ငါကြိုးစားခဲ့တာ " ဆိုပြီး ဂုဏ်ဖေါ်နေမယ်လို့ တော့မထင်ပါနဲ့ ... နိုင်ငံရေးကအနားယူပြီး စာရေးဆရာလုပ်မတဲ့။ ဘယ်လောက်များ အပြစ်ကင်းလိုက်သလဲဗျာ။ လိုအပ်ရင် တိုတိုတုတ်တုတ်နဲ့  ခပ်ကြမ်းကြမ်းပြောတတ်တာ၊ မှန်တယ်ထင်ရင် အားမနာတမ်း ပြောတတ်တာတွေကြောင့် ဆရာကြီး ဒဂုန်တာရာက " အောင်ဆန်း သို့ မဟုတ် အရိုင်း " ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ အဲဒီဆောင်းပါးကိုဖတ်ပြီး ၀မ်းပန်းတနည်းနဲ့  " ငါ့ကို ဒဂုန်ကြီးက အရိုင်းတဲ့ကွာ " ဆိုပြီးပြောခဲ့ဖူးသေးတယ်။

ခုလိုအချိန်မှာ ဗိုလ်ချုပ်ရှိနေရင် ဘယ်လိုနေမလဲလို့ တွေးမိပါသေးတယ်။ မတွေးတတ်ဘူး...ဆက်မတွေးတတ်ဘူးဖြစ်နေပါတယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးမှာ တကယ့်ကိုနူးညံ့တဲ့ ခံစားတတ်တဲ့ နှလုံးသားရှိတာကိုလည်း အားလုံးသိပါတယ်။ ဇူလိုင် ၁၉ မှာ လုပ်ဖေါ်ကိုင်ဖက်တွေ ကျဆုံးသွားတာ၊ သားရေနစ်ပြီးသေဆုံးသွားတာ၊ သမီးက ထောင်ချခံထားရတာ၊ တချိန်က သူခက်ခက်ခဲခဲ စုစည်းခဲ့ရတဲ့ တိုင်းရင်းသားတွေ လက်နက်ပြန်ကိုင်ထားကြတာတွေက ဗိုလ်ချုပ်ကို အသက်ရှည်စေပါ့မလား။ နောက်ပြီး သူသိပ်ရေးချင်တဲ့စာတွေ ကိုရော ... ဖေါ်ပြခွင့်ရမှာလား ...စဉ်းစားစရာတွေပါ။

ဘာပဲဖြစ်ဖြစ် ဗမာရယ်လို့ လက်မထောင်နိုင်အောက်ကြိုးစားခဲ့တဲ့ " ဗိုလ်ချုပ်အောင်ဆန်း " ဆိုတဲ့ခေါင်းဆောင်ကြီးဟာ ၁၉၁၅ ခုနှစ်က ဒီလိုနေ့ မျိုးမှာ နတ်မောက်မြို့ မှာ မွေးဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတော့ "ဗမာပြည်သာမက အာရှတိုက်ရဲ့ ဆုံးရှုံးမှုပါ" လို့ ပြောခဲ့တဲ့
ခေါင်းဆောင်ကြီး နေရူး သာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ကိုသတိရခဲ့ရင် "ဗမာပြည်သာမက အာရှတိုက်ရဲ့  ခေါင်းဆောင်ကောင်း တစ်ယောက်မွေးဖွားလာပြီ" လို့ များကြွေးကြော်နေခဲ့မလားပါပဲ။

ရောက်ရာဘုံဘ၀ က ဗိုလ်ချုပ်ကျေနပ်ပါစေ။

ချစ်တဲ့... သား

[ You can read more at http://aungsan.com ]


3 comments:

astreia said...

General Aung San may rest in Peace.

Aye Thinzar said...

He became a human being for our freedom.
After his duty, he went back.
To where? We can't know.
To keep freedom is now our duty.
Firstly, we must know we have no real freedom.

sate said...

very good
I like it
I want to see more