Friday, February 16, 2007

Let's lie your brain via eyes !

စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံလေးတွေတင်ပေးထားလိုက်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကို ရန်တိုက်ပေးလိုက်ရအောင်လား။ နောက်ပြီး မျက်စိ လျင်လျင်ထားရမယ့်ပုံလေးတွေလည်း ရှိပါတယ်။ ကဲ ... စလိုက်ရအောင်။ ပုံလေးတွေ သေးနေရင် Click လုပ်ပြီးကြည့်လိုက်နော်။



မတ်တပ်ရပ်နေတဲ့ ဒီစစ်သားကြီးသုံးယောက်မှာ ဘယ်သူက အရပ်အရှည်ဆုံးပါလဲ။ မြင်ရဲ့ သားနဲ့ မေးနေတယ် လို့ တော့မထင်နဲ့ နော်... စဉ်းစားပြီးဖြေကြည့်ပါဦး။
......................................................................
နောက်တစ်ပုံလောက် အကဲစမ်းကြရအောင် ...



အာဖရိက ကဆင်တစ်ကောင်ပါ။ ခြေထောက်ဘယ်နှစ်ချောင်း ရှိမှန်းမသိလို့  လူတွေကိုမပြရသေးဘူးတဲ့။ ရေတွက်ကြည့်ပါဦး။ လေးချောင်း တော့မကဘူး ထင်တယ်နော်။
......................................................................
ဒီတခါတော့ မျက်စိကို နည်းနည်းလောက်ဖြစ်ဖြစ် အလုပ်ပေးရအောင်။ မပြုံးကြေးနော် ... အိုကေလား

ပုံရဲ့ အလယ်ကို ခဏလေးစိုက်ကြည့်နေနော်။ ဘယ်လိုလဲ ... နည်းနည်းတော့ထူခြားပါတယ်နော့။ အောက်ကပုံကို ဆက်ကြည့်ရအောင်။


ဘိုလိုရေးထားတဲ့ ၀ါကျတစ်ကြောင်းပါ။ ဖတ်လို့ ရရဲ့ လား။ မရရင် ထိုင်ခုံကနေထပြီး ဖြေးဖြေးချင်း နောက်ဆုတ်ပြီးဖတ်ပါ။ ဝေးလေ ထင်ရှားလေပါပဲ။

အ၀ါရောင်အစက် ၃ စက်ရှိတယ်နော်။ အစက်တစ်စက်ကို စိုက်ကြည့်နေလိုက် ... ကျန်တဲ့ ၂ စက်ဘယ်ရောက်သွားလဲဟင် ...

အိုကေ ... ဒီတစ်ခါ Two D လို့ နာမည်ကျော်တဲ့ ပုံတစ်ပုံတည်းကို ၂ မျိုးမြင်ရတဲ့ ပုံလေးတွေနဲ့ ထိတွေ့ ကြည့်ရအောင်။ ဗမာပြည်က က နဲ့  ယ ဘယ်ဟာမှန်လဲ ဆိုတာထက်တော့ကြည့်ကောင်းပါတယ်။ လွယ်တာလေးက စလိုက်ရအောင်။

ပျံတတ်တဲ့အကောင်လေးနဲ့  အပြေးသန်တဲ့ကောင်လေး ပုံပါ။ မြင်သာပါတယ်။

အောက်ကပုံမှာ ဂရိလေးတစ်ယောက်ရဲ့ ခေါင်းကို ကုဗတုံးလေးထဲ ထည့်ထားတာတွေ့ မိလား။ နောက်ပြီး မြင်းလေးတွေရော ...


ရပြီနော်။ အောက်ကပုံလေးတွေကိုတော့ ကိုယ့်ဟာကိုယ် ကြိုးစားကြည့်ပါဦးနော်။








ဒီအောက်ကပုံလေးကတော့ နာမည်အကြီးဆုံးပုံလေးပါပဲ။ မိန်းမပျိုလေးကိုတော့ မြင်မှာပါ။ အဘွားကြီး ကိုရော ...



ဒါမျိုးလေးတွေရော ကြိုက်လား။ အများကြီးထပ်ရှိပါသေးတယ်။






ဒီပုံတွေရဲ့ မူရင်း Website ကိုသိချင်ရင် comment မှာ ပို့ ပေးရမယ့် E mail လေးသာရေးထားလိုက်။ တကယ်ပို့ ပေးပါ့မယ်။ Have Fun!

2 comments:

JanJan said...

this one is too cool to b true, man.... i like it so mucho :)

Winkabar said...

အစ်ကိုရေ လာသွားတယ်နော်။ ပုံတွေလည်းကြည့်သွားတယ်။ မအားလို့လာတာနောက်ကျသွားတာပါ။ လာလည်တာကျေးဇူးတင်ပါတယ်နော်။ ဟုတ်ပါ့ဝါသနာတူချင်းလာတွေ့နေတယ်။
ဒီအိုအေစစ်ကိုတော့မကြာမကြာရောက်ဖြစ်ပါတယ်။
ဘာမှသာ မချန်ခဲ့ဖြစ်တာ။
အစ်ကိုအဆင်ပြေရင်တော့ blog times magazine လည်းလုပ်ပါဦးနော်။