Friday, October 31, 2008

Hit တက်ချင်သလား ?

Blog Template ပြောင်းချင်တာနဲ့ အင်တာနက်ထဲ ဟိုချောင်ကြား ဒီချောင်ကြား လိုက်ရှာရင်း စိတ်ဝင်စားစရာ ကောင်းတဲ့ ဘလော့ဂ်ပို့စ်လေးတစ်ခု တွေ့မိပါတယ်။ ကိုယ့်ဘလော့ဂ်ကို လာလည်တဲ့ Hit တွေ တစ်ပတ်အတွင်း ၂ ဆ ဖြစ်စေမယ့် အခမဲ့ နည်းလမ်း ၆ ခုလို့ဆိုထားတဲ့ ပို့စ်လေးပါ။ မြန်မာဘလော့ဂ်တစ်ခုမှာလည်း ဖတ်ဖူးသလိုလိုတော့ ရှိပေမယ့် သိပ်မသေချာလို့ ဘိုလိုရေးထားတာလေးကို မြန်မာလိုပြန်တင်ပေးလိုက်ပါတယ်။ တကယ်တော့ ငွေကြေးတစုံတရာ မမျှော်လင့်ဘဲ ခံစားချက်သက်သက် ရေးနေတဲ့ ဘလော့ဂ်ဂါတွေ အတွက် Hit Counter မှာ မနေ့က နံပတ်နဲ့ ဒီနေ့နံပတ် ကွာဟချက်ကြီးလေ - စိတ်ချမ်းသာပြီး ပို့စ်ရေးဖို့ အားတက်ရလေဖြစ်တာမို့ အနည်းနဲ့ အများတော့ အသုံးကျမယ် ထင်ပါတယ်။ ဘလော့ဂ်တွေကနေ ငွေရှာမယ်လို့ စဉ်းစားနေသူတွေအတွက်လည်း Hit က အရေးပါတာမို့ အသုံးတည့်ကောင်းပါတယ်။ ဟုတ်မဟုတ်တော့ လက်တွေ့ လိုက်နာကြည့်ရင် သိနိုင်ပါတယ်။

(၁) Internet Search Engine များနှင့်ချိတ်ဆက်ထားပါ

ကမ္ဘာသုံး နာမည်ကျော် Search Engine တွေဖြစ်တဲ့ Google, Yahoo, MSN စတဲ့ Website တွေမှာ နေ့စဉ်လာရောက် အသုံးပြုတဲ့ User ပေါင်း သန်းချီရှိပါတယ်။ အဲဒီလူတွေထဲကများ Myanmar Blog ရယ်လို့ ရှာလိုက်ရင် ဒါမှမဟုတ် သက်ဆိုင်ရာ Keyword နဲ့ရှာလိုက်တဲ့အခါ ကိုယ့်ဘလော့ဂ်က First Page လို့ခေါ်တဲ့ ရှေ့ဆုံးစာမျက်နှာတွေမှာပါလာနိုင်ရင် သေချာပေါက် Hit တွေ တက်လာနိုင်ပါတယ်။ ဒီလို Search Engine တွေမှာ လွယ်လင့်တကူ ရှာတွေ့နိုင်ဖို့ ယေဘုယျအနေနဲ့ နည်းလမ်း ၂ မျိုးရှိပါတယ်။ ပထမနည်းလမ်းကတော့ Google ဒါမှမဟုတ် Yahoo တို့မှာ ကိုယ့်ဘလော့ဂ်ရဲ့ Sitemap လို့ခေါ်တဲ့ အချက်အလက်လေးတွေ ထည့်သွင်းပေးထားတာပါပဲ။ စိတ်ဝင်စားလို့ Google မှာ တင်ထားချင်ရင် ဒီနေရာ ကတဆင့်သွားနိုင်ပြီး Yahoo မှာတင်ချင်ရင်တော့ ဒီနေရာ ကတဆင့်သွားနိုင်ပါတယ်။ ဒုတိယနည်းကတော့ ကိုယ့်ဘလော့ဂ်ရဲ့ HTML Code ထဲမှာ Meta Tag လို့ ခေါ်တဲ့ အချက်အလက်လေးတွေ မြှုပ်ထားဖို့ပါပဲ။ လုပ်ပုံလုပ်နည်းကို ဒီမှာ ဖတ်နိုင်ပါတယ်။ ဒီ ၂ ခုလုံးမှာ လိုသလို ထည့်သွင်းထားပြီဆိုရင် Search Engine တွေမှာ ၂ ရက်အတွင်း အလွယ်တကူ ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

(၂) ဘလော့ဂ်လမ်းညွှန် Website တွေမှာ Register လုပ်ထားပါ

ဘလော့ဂ်ပေါင်း သန်း ၁၀၀ ကျော်လောက်ရဲ့ Data တွေကို သိမ်းထားပြီး လမ်းညွှန်ပေးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး Blog Directory ကြီးတွေ ရှိပါတယ်။ သိချင်တာရှိတဲ့အခါ အဲဒီ Website ကြီးတွေက ထိထိရောက်ရောက် လမ်းညွှန်ပေးနိုင်သလို ကိုယ့်ဘလော့ဂ်ကိုလည်း လာလည်မယ့် ဧည့်သည်တွေရလာအောင် ဖော်ပြပေးတတ်ပါတယ်။ အဲဒီလို နာမည်ကြီး Blog Directory တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။ တကယ်လို့ Register လုပ်တော့မယ်လို့ စဉ်းစားရင်တော့ အသုံးပြုနေကျ Email မဟုတ်တဲ့ အသစ်တစ်ခုဖွင့်ပြီးမှ Register လုပ်ပါလို့ အကြံပေးချင်ပါတယ်။ မဟုတ်ရင် Web Admin ပို့တဲ့ Email တွေနဲ့ပဲ Mail Box ထဲ ပြည့်နေပါလိမ့်မယ်။

(၃) Forum နှင့် Group များတွင် ဝင်ရောက်ဆွေးနွေးပါ

ကိုယ်က ကင်မရာတွေအကြောင်းရေးတဲ့ ဘလော့ဂ်ဂါဆိုပါစို့။ Google မှာ Camera Forum ဒါမှမဟုတ် Camera Group ဆိုတဲ့ Keyword မျိုးနဲ့ ရှာကြည့်ပါ။ သက်ဆိုင်တဲ့ Forum နာမည်တွေ၊ Group List တွေ အများကြီး တွေ့ရပါလိမ့်မယ်။ အဲဒီထဲက တချို့မှာ Register လုပ်ပြီး ဝင်ဆွေးနွေးပါ၊ ပို့စ်တွေတင်ပါ။ တင်တဲ့အခါမှာလည်း အောက်ခြေလေးမှာ Signature သဘောမျိုးနဲ့ နာမည်၊ ကိုယ့်ဘလော့ဂ် Link စတာလေးတွေ ထည့်ရေးထားဖို့ လိုပါတယ်။ ဥပမာ “ကိုအောင် (www.koaung-yangon.blogspot.com)” ဆိုတာမျိုးပါ။ ဒါပေမယ့် သိပ်ပြီး ကြော်ငြာမဆန်ဖို့တော့ လိုပါတယ်။

(၄) Social Bookmark များတွင် မှတ်သားထည့်သွင်းထားပါ

del.icio.us ဒါမှမဟုတ် digg ဆိုတာမျိုးလေးတွေကို တချို့သတင်းတွေ၊ Website နဲ့ ဘလော့ဂ်တွေရဲ့ အောက်ခြေတွေမှာ တွေ့တတ်တာ သတိထားမိမှာပါ။ အဲဒါတွေကတော့ Social Bookmark Website တွေပဲ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အင်တာနက် စာမျက်နှာတွေကို ကိုယ့်ကွန်ပျူတာရဲ့ Internet Browser တွေမှာ Bookmark နဲ့ မှတ်သားနိုင်သလို အထက်မှာ ဖော်ပြထားတဲ့ Website တွေမှာလည်း ဘယ်ကွန်ပျူတာကမဆို ကြည့်နိုင်အောင် Social Bookmark လုပ်နိုင်ပါတယ်။ အဲဒီလို Website တွေမှာ Account တစ်ခုဖွင့်ပြီး ကိုယ့်ဘလော့ဂ်ကို ကိုယ့်ဘာသာပြန်ပြီး Bookmark လုပ်ထားပါ။ Traffic တွေ သိသိသာသာ တက်လာပါလိမ့်မယ်။

(၅) ပို့စ်တွေကို Article Directory Website တွေမှာ တင်ပါ

ဒီနည်းလမ်းကတော့ အင်္ဂလိပ်လိုရေးတဲ့ ဘလော့ဂ်တွေအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမယ့် အဓိကက ကိုယ့်ဘလော့ဂ်လိပ်စာလေး အဲဒီ Article Website တွေမှာ ရှိနေဖို့ပါပဲ။ နာမည်ကြီးတွေ အဲဒီလို Website တွေကတော့ goarticles.com, ezinearticles.com, articlecity.com စတာတွေပါပဲ။ အဲဒီ Website တွေမှာ Register လုပ်ပြီး ပို့စ်လေးတွေသာ တင်လိုက်ပါ။ ကိုယ့်ဘလော့ဂ်ရဲ့ လိပ်စာလေးတွေ ထည့်ထားဖို့တော့ မမေ့နဲ့ပေါ့ဗျာ။ Hit တွေတိုးလာမယ်တဲ့။

(၆) အခြားဘလော့ဂ်တွေမှာ Comment ရေးပါ

ဒီနည်းကတော့ သိပ်မစိမ်းလှပါဘူး။ ဘလော့ဂ်စရေးတဲ့အခါ အခြားဘလော့ဂ်မှာ Comment ရေး၊ Cbox မှာအော်နဲ့ လိုက်မိတ်ဖွဲ့ရတာပါပဲ။ Comment ရေးတဲ့အခါ ကိုယ့်ဘလော့ဂ်လိပ်စာလေး ချန်ထားခဲ့နိုင်လို့ အဲဒီကနေတဆင့်လည်း Hit တွေ တက်လာနိုင်ပါတယ်။

ဘလော့ဂ်ဂါ Kranthi ရဲ့ ပို့စ်ကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ သူ့ဆီမှာ Comment ချထားကြတဲ့အထဲမှာ သိသာတယ် ဆိုတဲ့လူလည်းပါတယ်။ မထူးပါဘူးဆိုတဲ့ လူတွေလည်းပါပါတယ်။ ဘာပဲဖြစ်ဖြစ် အကျိုးမယုတ်လို့ စမ်းကြည့်စေချင်ပါတယ်ဗျာ။

14 comments:

MELODYMAUNG said...

အမယ်လေး ဒါလေးများ လွယ့်လွယ်လေး အစကတည်းက hit counter ကို တစ်သောင်းကျော် သို့မဟုတ် တစ်သိန်းကျော်က စထားလေသော် မကောင်း၏လော အဟိဟိ
(မယ်လိုဒီမောင်တို့ ဤသို့ဤပုံ ရွှေဥာဏ်တော်စူးရောက်ကြောင်း..သတိ ပြောင်းပြန်မဖတ်ရပါ)

ညီညီ(သံလွင်) said...

Hit မတက်ဘဲ Hit ကျချင်ရင်တော့ လွယ်တယ် မောင်ပွတ်ရဲ့.. ဘာမှ မရေးဘဲ တစ်လ နှစ်လလောက် ပစ်ထားလိုက်.. ဘယ်သူမှ မလာတော့ဘူး.. :P

Steve Evergreen said...

I think you also need to post in international languages, such as English, French, Spanish and so on. My little suggestion!

thonn thonn said...

ကိုယ့်ဟာကိုယ refresh အကြိမ်ကြိမ်ထိုင်လုပ်ပေးနေလိုက်။ ဒါလည်း hit တက်တာပဲ။ :P

little moon said...

ဟုတ်ကဲ့ ... hit တက်မလားလို့ သူများဘလော့မှာ comment ရေးသွားပါတယ်။ :)

Thura Sao Yan Naing said...

Lee bae` ,, .. Internet was not discovered by myanmar people.

Unknown said...

Thuya Sao Yan Naing ရေ...နှုတ်ကြမ်းတာက အမိယုတ်လို့တဲ့....ကိုယ့်မွေးထားတဲ့အမေတော့ ကိုယ်အားနာအုံး...တော်တော်ရိုင်းတာပဲ ..internetပေါ်မှာတောင်ဒီလောက်ရိုင်းစိုင်းနေရင် အပြင်မှာဆို ဘယ်လိုနေမယ်မသိ........နင်ဟာနင်ရိုင်းချင်ရင် ကိုယ်အိမ်မှာကိုရိုင်း internetပေါ်ထိ တက်မရိုင်းနဲ့...အခြား Blogger reader တွေက နင့်ညီမ၊ အမ အရွယ်ဆိုတာ သတိရအုံး.....

:P said...

Thura Sao Yan Naing ..
link ပါပေးပြီး မိုက်ရိုင်းရဲတယ်..ဒီရုပ်ရည်နဲ့ ဒီဘလော့ပိုင်ရှင်က ဒီလောက်ရိုင်းစိုင်းကြောင်း ကြော်ငြာထားတာလား..

Anonymous said...

အလိုမိုက်ရိုင်းတဲ့ သူကို ဒီလို လူသိရှင်ကြားလုပ်ပေးတာ တွေ့ရတော့ ၀မ်းသာပါ.....ရုပ်ကိုက မျိုးမစစ်တဲ့ ယုတ်မာရိုင်းဆိုင်းတဲ့ ခွေး အသိုင်းအ၀ိုင်းကပုံပါပဲ....သတိထားကျပါ...

MrDBA said...

ငှဲငှဲ Hit တက်ရုံတင်မဟုတ် အမြင့်ပါတက်သွားလို့ လေတွေတောင် တိုက်ကုန်ပြီ။
စူ့ထက်စူ လူစွမ်းကောင်းတွေ ပေါနေတဲ့ ဘလော့လောကကြီးမှာ Hit တက်အောင်လုပ်ရတာ လွယ်ပါဘူး ကိုပွတ်ရယ်။

strike said...

Thura Sao Yan Naing ...ဆိုပဲ။နေတာကလဲ ဆီလန်ဂေါ M'sia လောက်မို့လို့သာပဲ။ရေးထားတယ့် အင်္ဂလိပ်စာကလဲမီးကြိုးမောင်းပျက်။ရုပ်နဲ့အဆင့်ကြည့်တော့လဲ "Jalan Ampang" တ၀ိုက်က တံမြက်စည်းလဲသမားရုပ်၊ကိုင်ထားတယ့် Camera ကလဲအတူနေမြန်မာသူငယ်ချင်းဆီကခိုးလာတယ့် auto focus camera။အေးပေါ့လေ ထို့ကြောင့်ဤသည်တို့သည်ဖြစ်ပျက်ကုန်၏

ညီအကိုများ said...

ကိုပွတ်ရေ...
F5 များများနှိပ်ပေး....
နောက်တာ...
မင်္ဂလာပါဗျာ...မတွေ့ရတာကြာပြီနော်...
ဘယ်ပျောက်...

A random thoughts of a Burmese man said...

မွတ်စ်ပေါင် သေချာရင်တော့ ဆော်သာဆော်ကွာ...
သိပ်တော့ သည်းခံမနေနဲ့...မဟုတ်ရင်တော့ ဆောရီးပေါ့
အခုတော့ မင်းရဲ့ ဘလော့ခ် Hit တော်တော်များများ တက်နေလေရဲ့...ဟတ် ဟတ် ဟတ်

mmhan said...

အဆဲခံရရင်လည်း hit တက်မယ်ထင်တယ်... :P