Sunday, October 14, 2007

Firefox Browser မှ Blog Post တင်ခြင်း

ဒီနေ့ရုံးမှာ အချိန်အားလေးနည်းနည်းရလို့ အချစ်တော် Firefox Browser လေးကို အစာကျွေးတဲ့အနေနဲ့ Add On လေးတွေ ထည့်နေဖြစ်တယ်။ Firefox ကို ကျွန်တော်က စဉ်းလဲမီးလျှံ လို့ဘာသာပြန်တယ်။ အဲဒါ Blogger တွေ အဆင်ပြေစေမယ့် Add On လေးတစ်ခုသွားတွေ့တယ်။ သိရင်တော့လည်း သိကြမှာပါ။ Scribe Fire လို့ခေါ်တယ်လေ။ ပုံမှန်အတိုင်းဆိုမလိုပေမယ့် တခါတလေ အကြောင်းအမျိုးမျိုးကြောင့်များ Post တင်လို့မရအောင် နှောင့်ယှက်ခံနေရပြီဆိုရင် ဒါလေးက သိပ်အသုံးတည့်နိုင်ပါတယ်။ အခြား ပို့စ်တင်တဲ့နည်းလမ်းတွေလည်း ရှိနေပေမယ့် ဒါလေးကတော့ Client ဘက်ကနေသုံးသွားတဲ့ အပိုင်းလေးတွေ လှလှပပပါလို့ စမ်းကြည့်ပါဦး။ သူများ Blog ကိုဖတ်ချင်ကြသလို ကိုယ့် Blog ကိုလည်း အချိန်ပြည့် Update လုပ်ချင်သူတွေအတွက် အဆင်ပြေလောက်ပါတယ်။ အင်တာနက်ကို နာရီပိုင်းခွဲတမ်းနဲ့ သုံးနေရပြီး သုံးရချိန်မှာလည်း ကြည့်ချင်တိုင်း မကြည့်ရတဲ့ ဒေသက ဘဝတူမိတ်ဆွေများကို ရည်ရွယ်ပြီး ကူညီလိုက်ပါတယ်ဗျာ။

(၁) ဒါလေးကိုသုံးဖို့ ပထမဆုံး Mozzila ရဲ့ Firefox Browser ကို (မရှိသေးရင်) ဒီကနေ ရယူပါ။ Install လုပ်ပြီးရင် ဗမာလို ရေးနိုင်၊ မြင်နိုင်အောင် Tools Menu ကနေဝင်ပြီး Options > Content ထဲ ထပ်ဝင်ပါ။ အဲဒီမှာ Font & Colors မှာ Advanced ထဲ ဝင်ပါ။ အဲ့ဒီမှာ အောက်ကပုံလေး အတိုင်းပြင်ပေးပါ။ ဒါကတော့ ဗမာလိုအတွက် သက်သက်ပါ။ Post တင်တာနဲ့ သိပ်မဆိုင်လှပါဘူး။


(၂) ပြီးရင်တော့ ဒီ Link လေးကိုသွားပါ။ အဲဒီမှာ Scribe Fire ဆိုတာလေး Install လုပ်ပေးပြီး Firefox ကို Restart ချမလားဆို ချလိုက်ပါ။ ပြန်ဖွင့်တာနဲ့ Firefox ရဲ့ ညာဘက်အောက်ထောင့်မှာ လိမ္မော်ရောင် Icon လေးမြင်ရပါမယ်။ အဲဒါလေးကို နှိပ်ပြီး Panel ကိုဖွင့်ပါ။

(၃) Panel ရဲ့ ညာဘက်က Blogs ဆိုတဲ့ Tab ထဲက Launch Account Wizard လေးကိုဖွင့်ပါ။ အဲဒီက Manually Configure ကို ရွေးပေးပါ။


ပေါ်လာတဲ့ Window ထဲက Drop Down List မှာ Custom Blog ကို ထပ်ရွေးပေးပါ။


နောက် Windown ပွင့်လာရင် အဲဒီက Drop Down List ထဲမှာ Blogger ကိုရွေးပေးပါ။ ( Wordpress ဆိုလည်း ဆိုင်ရာကိုရွေးလို့ ရပါတယ်) သူ့အောက်က Text Field ထဲမှာ နမူနာရိုက်ပြထားတဲ့ Blog Address လေးတစ်ခုရှိပါတယ်။ အဲဒီက BLOGNAME ဆိုတဲ့ နေရာလေးတစ်ခုတည်းမှာပဲ ကိုယ့် Blog ရဲ့ နာမည်ကိုထည့်ပါ။ ဥပမာ - http://myanmaroa6.blogspot.com/feeds/posts/full လို့ ပြင်ပေးရမှာပါ။


Username & Password တောင်းလာရင်တော့ ကိုယ့် Blog ထဲဝင်နေကြ Username & Password လေးဖြည့်ပေးလိုက်ပါ။ Scribe Fire က ယူပြီး Login လုပ်တာအဆင်ပြေရင် Blog Address နဲ့တကွလာပြပါတယ်။ Next နဲ့ Finish နှိပ်ပေးလိုက်ရင် Add လုပ်တာပြီးပါပြီ။ တကယ်လို့ Blog သုံးလေးခု ရေးနေတဲ့လူဆိုရင် အခုပုံစံအတိုင်း ကြိမ်ဖန်များစွာ ထပ်လုပ်လို့ရပါတယ်။

အခုဆိုရင် Scribe Fire ရဲ့ Panel ထဲမှာ Blog တစ်ခုဝင်နေပါပြီ။ အဲဒီ Blog အတွက် Post တင်တာဖြစ်ဖြစ်၊ အဟောင်းကို Edit လုပ်တာဖြစ်ဖြစ်လုပ်ချင်ရင် HTML ကနေ လုပ်လို့ ရသလို Design View ကနေလည်း လုပ်လို့ရပါတယ်။ Draft အနေနဲ့လည်း သိမ်းထားလို့ရပါတယ်။ သူ့မှာပါတဲ့ Function တွေကိုတော့ ကိုယ်တိုင်ပဲ ဖြည်းဖြည်းချင်း စမ်းသပ်သွားကြပါ။ ကျွန်တော်လည်း ခုမှ တွေ့တာဆိုတော့ ပြည့်ပြည့်စုံစုံ မသိသေးလို့ပါ။

ပိတ်ဆို့မှုတွေကြားက ဆက်လက် Blogging နိုင်ကြပါစေဗျာ။

6 comments:

သန့်ဇော်မင်း said...

ကိုပွတ်ရေ.. ဒီပို့စ်လေးအတွက် ကျေးဇူးပါ။
proxy ကျော်ပြီး ဘလော့ရတာ ဖတ်တာတော့ ရတယ်။
login ၀င်ရင် အဆင်မပြေဘူး။
ဒီကောင်(ScribeFire) လေးနဲ့ ရရင်ကောင်းမယ်။
လောလောဆယ်တော့ မရဘူး။

blog account & password ပေးတာ error ပြနေတယ်။
"Woops, you found a Blogger error
,plese contact the author at ‘performancing.com/forum/firefox/ and give the following info
TypeError: dom has no properties 960"

လောလောဆယ် ရှင်းလို့ မရသေးဘူး.. :((

ZawZaw said...

ဟေ့ရောင် - ဒီဟာက ကိုယ့်စက်နဲ့ ကိုယ်သုံးမှ မစဉ် ပြေမယ် ထင်တယ်- ဟုတ်လား။

Anonymous said...

ရောက်ပါတယ် ဦးပွတ်ရဲ့ Reader နဲ့လေ။ ပို့စ် အသစ်တွေ့လို့ စမ်းသပ်ကြည့်ပြီးပြီ အဆင်ပြေတယ်။ ကျေးဇူး။ အဲ့ဒါလေး တင်ထားတယ် မသုံးရသေးဘူး ပို့စ်တင်မှပဲ စမ်းကြည့်တော့မယ်။

Mr.Pooh @ မောင်ပွတ် said...

ကိုသန့်ဇော်မင်းရေ - လာလည်တဲ့အတွက် ကျေးဇူးပါ။ အစက ကျွန်တော်လည်း အဲ့ဒီ Error လေးတက်တယ်ဗျာ။ Blog Address လေးနည်းနည်းပြင်လိုက်တာ အဆင်ပြေသွားတယ်ထင်တယ်။ သေချာမသိတော့ဘူး။ နောက်တစ်ခေါက်ပြန်စမ်းတော့ ရနေတယ်လေ။ အစ်ကို အဆင်မပြေရင် ကိုမျက်လုံးကိုမေးပါ။ ကျွန်တော်သူ့ကိုပြောထားတယ်။ အစ်ကို့ကို ကူလိုက်ပါလို့။ ကိုဂေါက်ရေ - ဟုတ်တယ်ဗျို့။ ကိုယ်ပိုင်စက်နဲ့မှ အဆင်ပြေမယ်။ မညလေး - ကျေးဇူးပါ။

pandora said...

ဝေး.. လာဖတ်သွားတယ်။ ဆက်ရေးပါဦးဟ။

hnin said...

မြန်မာ့အမောပြေဆီကို အမောလာဖြေပါတယ်။ ဒါက firefox နဲ့ လုပ်ထားတဲ့ ဘလော့ပဲ ရထာပေါ့နော်။ ဒါဆို အရင်ဆုံး firefox လုပ်ရမှာပေါ့။ ဒီမှာ ယူ ဆိုတဲ့နေရာမှာ လုပ်တာ အဆင်မပြေဘူး။