Monday, February 26, 2007

Once , we're there ...

မြန်မာကွန်ပျူတာအသင်းချုပ် MCF ကဖွင့်တဲ့ Java တန်းတက်တုန်းက သင်တန်းဆင်းပွဲမှာ ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေ ပြန်ကြည့်လို့ ရအောင် တင်ထားပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပုံပါ။


ဘယ်ဘက်အစွန်ဆုံးက လင်းလင်းနောင် ပါ။ UCSM ကျောင်းသားဟောင်းပါ။ ဂျပန်လို သိပ်တော်ပြီး ဂျပန်လို ရေးရင်လည်း လက်ရေးသိပ်လှတယ်။ အခုတော့ အဲဒါတွေနဲ့ မဆိုင်တာတွေလုပ်နေပါတယ်။ သူ့ ဘေးက Shirt အနက်နဲ့ က ချမ်းမြေ့ ကိုကိုပါ။ Photoshop ကိုတဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ ပဲခူးသားလေးလေ။ သူက S'pore သွားဖို့ လုပ်နေပါတယ်။ နောက်တစ်ယောက်က အခု U.S.A ရောက်နေတဲ့ ကိုမိုးကျော်ဝင်းပါ။ သိပ်သဘောကောင်းပြီး အမြဲပြုံးနေတတ်ပါတယ်။ ဒီ Batch မှာအသက်အကြီးဆုံးထင်ပါတယ်။ ကိုမိုးကျော်ဘေးက Anil လို့ ခေါ်တဲ့ အောင်နိုင်ချိုပါ။ သူ့ နောက်မှာ ဝေဖြိုး ရှိပေမယ့် ဇော်မင်းထက် နဲ့ ကွယ်နေပါတယ်။ ဝေဖြိုးကတော့ အဲဒီတုန်းက Java ကို တော်တော် နိုင်နိုင်နင်းနင်း ရေးနိုင်တဲ့ ရှားရှားပါးပါးကျောင်းသားစာရင်းမှာပါ ပါတယ်။ Asa (သို့ ) တရုတ် လို့ ခေါ်တဲ့ ဇော်မင်းထက် ကတော့ ဒီအဖွဲ့ မှာ ပထမဆုံး အလုပ်ရတဲ့လူဖြစ်မယ်။ ဒါပေမယ့် IT နဲ့ မဆိုင်တဲ့ Construction က အ၀ယ်တော်ပါ။ သူ့ ဘေးက မိုးကုတ်သား Napali ပါ။ ဒီသင်တန်းဆင်းပွဲ မတိုင်ခင်လုပ်တဲ့ King & Queen ရွေးပွဲမှာ King ဘွဲ့ ရထားပါတယ်။ သူ့ ဘေးကတော့ Queen ဘွဲ့ ရသွာတဲ့ ဖြူဖြူအောင်ပါ။ သူကတော့ MCF မှာ သင်တန်းတွေ မကုန်မချင်းတက်နေပါတယ်။ Incubation မှာလည်း Booth ယူထားပါတယ်။ သူ့ ဘေးက မအေးသင်ဇာမြင့်ပါ။ သိပ်သဘောထားပြည့်ဝပြီး လူကြီးဆန်တဲ့ ဒီအစ်မကြီးက အခု UCSY မှာ ဆရာမလုပ်နေပါတယ်။ နောက်တစ်ယောက်က Java သိပ်ကျွမ်းတဲ့ ဇာလီထွန်းပါ။ သူ့ ကိုအလုပ်ခန့် လိုက်တဲ့ SysMegic ကတော့တကယ့်ကို လူရွေးမှန်သွားတာပါပဲ။ သူ့ ဘေးကတော့ မအေးခိုင်ဖြိုး နဲ့ ဖြိုးသန္တာ တို့ ကတော့ ခပ်အေးအေးနေတတ်လို့ သူတို့ အကြောင်းကိုတော့ သိပ်မသိပါဘူး။ နောက်တစ်ယောက်က MCF က မသန္တာပါ။ သူ့ ဘေးက အခု Winner မှာလုပ်နေတဲ့ မျိုးမျိုးချိန်ပါ။ နောက်တစ်ယောက်ကတော့ သူနဲ့ အတွဲများတဲ့ မသက်မာလွင်သန်းပါ။

ရှေ့တန်း ဘယ်ဘက်အစွန်က အေးချမ်းပါ။ အခု Navistar မှာပါ။ ထိုင်ခုံနဲ့ က ဆရာဦးမင်းမြတ်စိုးပါ။ MCF မှာ စာသင်သလို Navistar Myanmar Website Development Company ကိုလည်း Technical Executive အနေနဲ့ ဦးစီးနေတဲ့ ဆရာဖြစ်ပါတယ်။ ဆရာ့ဘေးက တုတ်တုတ် လို့ ခေါ်တဲ့ သီဒါနွဲ့ ပါ။ အရင် Ygn Chat ကလူတွေကတော့ Rikhu လို့ သိကြမှာပါ။ Doomed Server ပိုင်ရှင် Iceland သား Alli နဲ့ အိမ်ထောင်ကျပြီး UK မှာနေပါတယ်။ သူ့ ဘေးကတော့ နော်ဝင်းဝင်းလတ် နဲ့ Solveware Solution မှာအလုပ်ဝင်နေတဲ့ ရင်မျိုးသန့် ပါ။

ဒီပုံမှာ မပါတဲ့ Same Batch တစ်ယောက် နှစ်ယောက် တော့ကျန်ပါသေးတယ်။ မေလွင် တို့ လိုပေါ့။ ဒီအတန်းက အများစုက IT မှာပဲ အခြေချနိုင်နေတာကတော့ ၀မ်းသာစရာပါ။ တချို့ ကလည်း အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ကြတော့ပါဘူး။ ဒီသူငယ်ချင်းတွေရဲ့ ဖုံး၊ Email နဲ့ လိပ်စာသိချင်ရင်တော့ comment မှာ ပို့ ပေးရမယ့် Email လေးသာရေးထားခဲ့ပါ။

နောက်ဆုံးပြောရမှာကတော့ ဒီဓါတ်ပုံကို ရိုက်ပေးတဲ့ မဖြူဖြူဇင်ပါ။ ကျွန်တော် MICT စရောက်တဲ့အချိန်ကစပြီး ခုထိ အမြဲတမ်းကူညီ အကြံပေးနေတဲ့ အစ်မပါ။ ကျွန်တော်ရယ်၊ ချမ်းမြေ့ရယ်၊ တုတ်တုတ်ရယ် ကို မဖြူ က သိပ်ခင်ပါတယ်။ ကျွန်တော့်အတွက်တော့ အခုလို IT နဲ့ ထိတွေ့ နေနိုင်တာ ဆရာ နဲ့  မဖြူတို့ ရဲ့ ကျေးဇူးတွေပါ။

Friday, February 16, 2007

Let's lie your brain via eyes !

စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံလေးတွေတင်ပေးထားလိုက်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကို ရန်တိုက်ပေးလိုက်ရအောင်လား။ နောက်ပြီး မျက်စိ လျင်လျင်ထားရမယ့်ပုံလေးတွေလည်း ရှိပါတယ်။ ကဲ ... စလိုက်ရအောင်။ ပုံလေးတွေ သေးနေရင် Click လုပ်ပြီးကြည့်လိုက်နော်။



မတ်တပ်ရပ်နေတဲ့ ဒီစစ်သားကြီးသုံးယောက်မှာ ဘယ်သူက အရပ်အရှည်ဆုံးပါလဲ။ မြင်ရဲ့ သားနဲ့ မေးနေတယ် လို့ တော့မထင်နဲ့ နော်... စဉ်းစားပြီးဖြေကြည့်ပါဦး။
......................................................................
နောက်တစ်ပုံလောက် အကဲစမ်းကြရအောင် ...



အာဖရိက ကဆင်တစ်ကောင်ပါ။ ခြေထောက်ဘယ်နှစ်ချောင်း ရှိမှန်းမသိလို့  လူတွေကိုမပြရသေးဘူးတဲ့။ ရေတွက်ကြည့်ပါဦး။ လေးချောင်း တော့မကဘူး ထင်တယ်နော်။
......................................................................
ဒီတခါတော့ မျက်စိကို နည်းနည်းလောက်ဖြစ်ဖြစ် အလုပ်ပေးရအောင်။ မပြုံးကြေးနော် ... အိုကေလား

ပုံရဲ့ အလယ်ကို ခဏလေးစိုက်ကြည့်နေနော်။ ဘယ်လိုလဲ ... နည်းနည်းတော့ထူခြားပါတယ်နော့။ အောက်ကပုံကို ဆက်ကြည့်ရအောင်။


ဘိုလိုရေးထားတဲ့ ၀ါကျတစ်ကြောင်းပါ။ ဖတ်လို့ ရရဲ့ လား။ မရရင် ထိုင်ခုံကနေထပြီး ဖြေးဖြေးချင်း နောက်ဆုတ်ပြီးဖတ်ပါ။ ဝေးလေ ထင်ရှားလေပါပဲ။

အ၀ါရောင်အစက် ၃ စက်ရှိတယ်နော်။ အစက်တစ်စက်ကို စိုက်ကြည့်နေလိုက် ... ကျန်တဲ့ ၂ စက်ဘယ်ရောက်သွားလဲဟင် ...

အိုကေ ... ဒီတစ်ခါ Two D လို့ နာမည်ကျော်တဲ့ ပုံတစ်ပုံတည်းကို ၂ မျိုးမြင်ရတဲ့ ပုံလေးတွေနဲ့ ထိတွေ့ ကြည့်ရအောင်။ ဗမာပြည်က က နဲ့  ယ ဘယ်ဟာမှန်လဲ ဆိုတာထက်တော့ကြည့်ကောင်းပါတယ်။ လွယ်တာလေးက စလိုက်ရအောင်။

ပျံတတ်တဲ့အကောင်လေးနဲ့  အပြေးသန်တဲ့ကောင်လေး ပုံပါ။ မြင်သာပါတယ်။

အောက်ကပုံမှာ ဂရိလေးတစ်ယောက်ရဲ့ ခေါင်းကို ကုဗတုံးလေးထဲ ထည့်ထားတာတွေ့ မိလား။ နောက်ပြီး မြင်းလေးတွေရော ...


ရပြီနော်။ အောက်ကပုံလေးတွေကိုတော့ ကိုယ့်ဟာကိုယ် ကြိုးစားကြည့်ပါဦးနော်။








ဒီအောက်ကပုံလေးကတော့ နာမည်အကြီးဆုံးပုံလေးပါပဲ။ မိန်းမပျိုလေးကိုတော့ မြင်မှာပါ။ အဘွားကြီး ကိုရော ...



ဒါမျိုးလေးတွေရော ကြိုက်လား။ အများကြီးထပ်ရှိပါသေးတယ်။






ဒီပုံတွေရဲ့ မူရင်း Website ကိုသိချင်ရင် comment မှာ ပို့ ပေးရမယ့် E mail လေးသာရေးထားလိုက်။ တကယ်ပို့ ပေးပါ့မယ်။ Have Fun!

Tuesday, February 13, 2007

A birthday on Feb 13 !

မွေးနေ့ ဆိုတာ လူတစ်ယောက်အတွက်တော့ လူ့ ဘ၀ရဲ့ တာဝန်တွေ၊ လုပ်ဆောင်ရမယ့်အလုပ်တွေကို စတင်လက်ခံယူ ရတဲ့ နေ့ တစ်နေ့ ပါပဲ။ အဲဒီတာဝန်တွေ ၊ အလုပ်တွေကျေပွန်တဲ့ လူတွေကို ကျန်တဲ့လူတွေက အမြဲတမ်းသတိရနေကြသလို သူ့ မွေးနေ့ ကိုလည်း မှတ်မှတ်ရရ ရှိနေတတ်ကြပါတယ်။

ဒီနေ့  ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ကတော့ ဗမာလူမျိုးတွေအတွက် ဆပ်လို့ မကုန်နိုင်တဲ့ ကျေးဇူးတွေနဲ့  နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် တကယ့်ကို အသက်ပေး စွန့် လွှတ်ခဲ့တဲ့ လွတ်လပ်ရေးဖခင် အာဇာနည်ကြီး " ဗိုလ်ချုပ်အောင်ဆန်း " ရဲ့ မွေးနေ့ ပဲဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် စံပြကျောင်းသားခေါင်းဆောင်၊ စစ်သားတွေအတွက် ပြတ်သားတဲ့စစ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားတွေ အတွက် ဘက်မလိုက်တဲ့ နိုင်ငံခေါင်းဆောင်... ဗမာ့သမိုင်းမှာ တုနှိုင်းယှဉ်စရာ လူမရှိခဲ့ပါဘူး။ နိုင်ငံသုံးငွေကြေးတွေမှာ ရှေးဗမာမင်းတို့ ရဲ့ ဘုရင့်တံဆိပ်တော် အာဏာစက် ဒေါင်းတံဆိပ် နေရာမှာအစားထိုးနိုင်တာဆိုလို့  ဗိုလ်ချုပ်ရဲ့ မဟုတ်မခံ ရှုတင်းတင်းမျက်နှာနဲ့ ပုံတွေပဲ ရှိပါသေးတယ်။ ဗိုလ်ချုပ်က မျက်နှာထားတင်းနေပေမယ့် မြင်သူတိုင်းက တို့ တိုင်းပြည်ကို ကျွန်ဘ၀ ကလွတ်အောင်ကယ်နိုင်မယ့်သူဟာ ဦးအောင်ဆန်းသာ အမှန်ဖြစ်မယ်လို့ ယုံကြည်ခဲ့ကြတယ်လို့  ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်နေ၀င်း ရေးတဲ့စာတွေမှာ မှတ်သားရပါတယ်။
ကျွန်တော်တို့ ဗိုလ်ချူပ်ဟာ သူ့ ဘ၀ရဲ့ သက်တမ်းတ၀က်လောက်၊ လူမှန်းသိတတ်တဲ့အချိန်အားလုံး ကိုတိုင်းပြည်အတွက်ပဲ ပေးဆပ်ခဲ့ပါတယ်။ ရန်ကုန်တကသိုလ်ရောက်တယ် ဆိုရင်ပဲ ဗိုလ်ချုပ် ဘ၀မှာ အပျော်အပါးတွေ တော်တော်ဆိတ်သုဉ်းသွားခဲ့ပါပြီ။ ဘာဖြစ်လို့ လဲ... ကျွန်ဖြစ်နေတဲ့ ဘ၀တူတိုင်းရင်းသားတွေကို ကယ်ဆယ်ချင်လွန်းလို့ ၊ ကိုယ့်ဘုရင်၊ ကိုယ့်ဥပဒေနဲ့ ရှင်သန်ချင်လွန်းလို့ ပါ။ ကိုယ်လွတ်ရုန်းချင်လို့ ကတော့ ဗြိတိသျှအစိုးရပေးမယ့်ငွေကြေးတွေဟာ ခုထိတောင်ကုန်ဦးမှာမဟုတ်ပါဘူး။ ဗိုလ်ချုပ်ကတော့ ငွေကြေးနဲ့ အခွင့်အရေးကို လုံးဝ လက်မခံဘဲ တိုင်းပြည်လွတ်လပ်ဖို့ ပဲ ကြံဆောင်ခဲ့ပါတယ်။ ပိုက်ဆံမရှိလို့  ဖြစ်သလို ထမင်းစားခဲ့ရတာတွေ၊ ရုပ်ရှင်ကိုရှေ့ဆုံးတန်း (ဈေးအပေါဆုံးတန်း) ကကြည့်ခဲ့ရတာတွေ၊ ရုံးတက်စရာကားမရှိလို့  လမ်းလျှောက်သွားခဲ့ရတာတွေ...ဦးပုကလေးရေးတဲ့ " ငါတို့ ဗိုလ်ချုပ် ဘာတွေလုပ် " ဆိုတဲ့ စာအုပ်မှာဖတ်ကြည့်ရင်သိနိုင်ပါတယ်။

ဗိသုကာဆန်တဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ၊ ပညာတတ်ဆန်တဲ့ အပြောအဆိုတွေ၊ သူရဲကောင်းဆန်တဲ့ စစ်ရေးတွေ၊ ယှဉ်ဖို့ ခက်တဲ့ ကိုယ်ကျိုးစွန့် မှုတွေနဲ့  ဒီခေါင်းဆောင်ကြီးရဲ့ မျှော်လင့်ချက်က လွတ်လပ်ရေးရဖို့ ပါပဲ။ လွတ်လပ်ရေးရရင်တော့ " ဒါ ငါကြိုးစားခဲ့တာ " ဆိုပြီး ဂုဏ်ဖေါ်နေမယ်လို့ တော့မထင်ပါနဲ့ ... နိုင်ငံရေးကအနားယူပြီး စာရေးဆရာလုပ်မတဲ့။ ဘယ်လောက်များ အပြစ်ကင်းလိုက်သလဲဗျာ။ လိုအပ်ရင် တိုတိုတုတ်တုတ်နဲ့  ခပ်ကြမ်းကြမ်းပြောတတ်တာ၊ မှန်တယ်ထင်ရင် အားမနာတမ်း ပြောတတ်တာတွေကြောင့် ဆရာကြီး ဒဂုန်တာရာက " အောင်ဆန်း သို့ မဟုတ် အရိုင်း " ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ အဲဒီဆောင်းပါးကိုဖတ်ပြီး ၀မ်းပန်းတနည်းနဲ့  " ငါ့ကို ဒဂုန်ကြီးက အရိုင်းတဲ့ကွာ " ဆိုပြီးပြောခဲ့ဖူးသေးတယ်။

ခုလိုအချိန်မှာ ဗိုလ်ချုပ်ရှိနေရင် ဘယ်လိုနေမလဲလို့ တွေးမိပါသေးတယ်။ မတွေးတတ်ဘူး...ဆက်မတွေးတတ်ဘူးဖြစ်နေပါတယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးမှာ တကယ့်ကိုနူးညံ့တဲ့ ခံစားတတ်တဲ့ နှလုံးသားရှိတာကိုလည်း အားလုံးသိပါတယ်။ ဇူလိုင် ၁၉ မှာ လုပ်ဖေါ်ကိုင်ဖက်တွေ ကျဆုံးသွားတာ၊ သားရေနစ်ပြီးသေဆုံးသွားတာ၊ သမီးက ထောင်ချခံထားရတာ၊ တချိန်က သူခက်ခက်ခဲခဲ စုစည်းခဲ့ရတဲ့ တိုင်းရင်းသားတွေ လက်နက်ပြန်ကိုင်ထားကြတာတွေက ဗိုလ်ချုပ်ကို အသက်ရှည်စေပါ့မလား။ နောက်ပြီး သူသိပ်ရေးချင်တဲ့စာတွေ ကိုရော ... ဖေါ်ပြခွင့်ရမှာလား ...စဉ်းစားစရာတွေပါ။

ဘာပဲဖြစ်ဖြစ် ဗမာရယ်လို့ လက်မထောင်နိုင်အောက်ကြိုးစားခဲ့တဲ့ " ဗိုလ်ချုပ်အောင်ဆန်း " ဆိုတဲ့ခေါင်းဆောင်ကြီးဟာ ၁၉၁၅ ခုနှစ်က ဒီလိုနေ့ မျိုးမှာ နတ်မောက်မြို့ မှာ မွေးဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတော့ "ဗမာပြည်သာမက အာရှတိုက်ရဲ့ ဆုံးရှုံးမှုပါ" လို့ ပြောခဲ့တဲ့
ခေါင်းဆောင်ကြီး နေရူး သာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ကိုသတိရခဲ့ရင် "ဗမာပြည်သာမက အာရှတိုက်ရဲ့  ခေါင်းဆောင်ကောင်း တစ်ယောက်မွေးဖွားလာပြီ" လို့ များကြွေးကြော်နေခဲ့မလားပါပဲ။

ရောက်ရာဘုံဘ၀ က ဗိုလ်ချုပ်ကျေနပ်ပါစေ။

ချစ်တဲ့... သား

[ You can read more at http://aungsan.com ]


Friday, February 9, 2007

Myanmar eD-Form


ပန်းဆိုးတန်းမှာ တစ်နေကုန်တန်းစီခဲ့ရတဲ့ D Form လို့ ခေါ်တဲ့ Departure Form ကို 2007 နှစ်ဆန်းကစပြီး Online ကယူလို့ ရသွားပါတယ်။ လိပ်စာကတော့ http://dform.mip.gov.mm ပါ။ Internet Cafe တွေမှာတော့ တစ်စောင်ကို ၁၀၀၀ကျပ် အထိပေးပြီး ထုတ်ယူနေကြရပါတယ်။ ကိုယ့်ဟာကိုယ် လုပ်ရင်လည်းအမှားအယွင်းမရှိ ရနိုင်ပါတယ်။ D Form ပေးတဲ့ Website ကိုရောက်ရင် အစိုးရ Site မှဟုတ်ပါလေစ လို့ ထင်ရလောက်အောင် ဆိုးဆိုးရွားရွား Design ညံ့နေတာကိုတွေ့ ရမှာပါ။ မပူပါနဲ့ ။ .gov.mm ဆိုတဲ့ Domain ကို မြန်မာအစိုးရပဲ တရားဝင် သုံးစွဲခွင့်ရှိလို့  သံသယ မရှိကြပါနဲ့ ။ ကျောင်းသွားတက်မယ့်သူတွေ ၊ အလည်သွားမယ့်သူတွေကတော့ Menu မှာ Normal D-Form ဆိုတဲ့ Link ကနေ၀င်လိုက်လို့ ရပါတယ်။ အဲဒီ Form ကိုမှန်အောင်သာဖြည့်ပါ။ သူကတော့ ဘာမှားနေတယ်ဆိုပြီး စစ်ပေးမှာမဟုတ်ပါဘူး။ အခြားနိုင်ငံတွေက Online Visa တို့ ၊ Online Passport Form တို့ တွေမှာတော့ Validation လို့ ခေါ်တဲ့ Checking လုပ်ပေးတာတွေ၊ Security Code တွေနဲ့ ပြည့်ပြည့်စုံစုံ မြင်ရမှာပါ။ အခု Site မှာတော့ " Power by Ko Wunna Ko " ဆိုတဲ့ Grammar မှားနေတဲ့ ကလေးဆန်ဆန် မှိတ်တုတ်မှိတ်တုတ် စာပဲပေါ်နေတာတွေ့ ရပါတယ်။ ဘာကြောင့်ဒီစာရေးထားတယ်ဆိုတာ သိရင်ပြောပြပေးပါဦးမယ်။ အားလုံးပြီးရင်တော့ Send ဆို့ တဲ့ Button ကိုသာနှိပ်လိုက်ပါ။ Print ထုတ်ရမယ့် Email ကနာရီဝက်အတွင်း ရောက်လာမှာပါ။ တစ်ခုတော့ရှိတယ်ဗျ။ တချို့ Form တွေမှာတော့ Bar Code တွေပါလာပြီး တချို့ မှာတော့ မပါလာဘူးဗျ။ ထူခြားတာကတော့ ပါတဲ့သူရော ၊ မပါတဲ့သူရော အဆင်ပြေတယ်။ လေဆိပ်မှာ ဘာပြသနာမှ မရှိဘူးဗျ။ အဲ... မှတ်ပုံတင် နဲ့ သန်းကောင်စာရင်းတော့ လေဆိပ်ကို ယူသွားရတယ်လို့ ကြားတာပါပဲ။ D-Form ကို အပျင်းပြေ အစမ်းထုတ်လည်း ရတယ်ဗျ။ လူတစ်ယောက်ကို အကန့် အသတ်မရှိ Submit လုပ်နေလို့ ရတယ်။ ပျော်စရာကြီးပါ။

Thursday, February 8, 2007

For those who are thinking academic-life in S'pore and foreign

သူငယ်ချင်းတို့ ရေ-
နိုင်ငံခြားမှာ စာသွားသင်ဖို့ စဉ်းစားနေတဲ့သူတွေများ ရှိခဲ့ရင် ဒီ website လေးတော့ကြည့်သွားဦးလို့ ။ တင်ထားတာတော့ နည်းနည်းကြာပြီ မို့ လို့  သိပြီးရင်လည်းပြီးနေလောက်ပါပြီ။ ဒါပေမယ့် လက်တွေ့ နဲ့  အနီးစပ်ဆုံးဖြစ်အောင် လုပ်ပေးထားတဲ့ site ဖြစ်လို့ သတင်းပေး လိုက်တာပါ။ S'pore အပြင် Auzi, Malay တို့ အကြောင်းတွေလည်းရှိပါတယ်။ Yangon MICT က Creative Web Studio Company က ရေးပေးထားတာပါ။ မြန်မာ IT လောကထဲကို အရှိန်ပြင်းပြင်းနဲ့  ၀င်လာတဲ့
အဲဒီ Company ရဲ့  စေတနာပါတဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ။

http://www.myanmartraining.com/mt/studying-in-singapore.htm

အားလုံးအဆင်ပြေကြပါစေဗျာ

Wednesday, February 7, 2007

Help for job candidates in S'pore

စင်ကာပူမှာ အလုပ်လျှောက်ထားတဲ့သူငယ်ချင်းတွေ Interview ၀င်ရင်သိထားရမယ့်စောင်ရန်၊ရှောင်ရန်လေးတွေ ရေးထားတဲ့ Website တစ်ခုတွေ့  မိလို့  တင်ပေးထားတယ်။ ကြည့်လိုက်ပါဦး။ အခြား CV တို့ ၊ Resume တို့ လည်းရှိလို့  အသုံးတည့်လောက်ပါတယ်။

http://www.careercross.com/en/214_careercross.html